ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းမှ ရနောင်းသို့ ရှပ် (ဂုံးချော)များ သယ်လာသော မြန်မာငါးဖမ်းသမား သုံးဦး ဖမ်းဆီးခံရ

Dawei Watch

February 9, 2024

ကော့သောင်းမြို့ဘက်မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်သို့ စက်လှေဖြင့် ရှပ် (ဂုံးချော) များ တရားမဝင် သယ်ဆောင် လာသော မြန်မာငါးဖမ်းသမားသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းခြေမြန်တပ်ရင်း အမှတ် (၂၅) က ထုတ်ပြန်ထားသည်။ ထိုင်းခြေမြန်တပ်ရင်းနှင့် ရေကြောင်းထိန်းသိမ်းရေးတပ်များ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကင်းလှည့်နေစဉ် ထိုင်း ရေပိုင်နက် ထဲသို့ တရားမဝင် ဝင်လာသော ငါးဖမ်းလှေကို စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများမှာ လှေသမား ကိုကျော်မျိုးထွေးနှင့် နောက်လိုက်များဖြစ်သော ကိုဇော်သိန်းနှင့် ကိုမျိုးအောင်တို့ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စက်လှေပေါ်တွင် ဆာလာအိတ်များဖြင့် ထည့်ထားသော အလေးချိန် ၅၈၄၀ ကီလိုဂရမ်ရှိ ရှပ်များကိုလည်း တွေ့ရှိရပြီး ပင်လယ်စာသယ်ပို့မှုနှင့် ပက်သက်၍ တရားဝင် အထောက်အထားများကိုလည်း မတွေ့ရှိရကြောင်း‌ ဆိုသည်။ ဖမ်းဆီးခံရသော […]

ရာမညတပ်ခေါင်းဆောင်နှင့်အဖွဲ့ မွန်ပြည်သစ်ပါတီထံပူပေါင်း

Dawei Watch

February 9, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် လှုပ်ရှားနေသည့် ရာမညတပ်ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၉ ဦးတို့က လက်နက်ခဲယမ်းများနှင့်အတူ မွန်ပြည်သစ်ပါတီထံ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။ နိုင်ဗညားဦးဆောင်သည့် ရာမညတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ရေဖြူမြို့နယ်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း ရာမညတပ်ဘက်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် သေနတ် ၂ လက်လည်း သိမ်းဆည်းခံခဲ့ရသည်။ ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် ရာမညတပ်ခေါင်းဆောင် နိုင်ဗညားနှင့် အဖွဲ့ဝင် ၉ ဦးတို့က လက်နက်ခဲယမ်းများနှင့်အတူ မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းထံ လာရောက်ပူးပေါင်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီသတင်းစဉ်က ထုတ်ပြန်ထားသည်။ “ရေဖြူဘက်က တိုက်ပွဲဖြစ်ပြီးတော့ ရာမညတပ်ဘက်က ၂ ဦး […]

ထားဝယ်ခရိုင် ပကဖတပ်ခွဲ ၂ ခု နုတ်ထွက်၍ NUG ၏ ဒေါနစစ်ကြောင်းသို့ပူးပေါင်း

Dawei Watch

February 9, 2024

ထားဝယ်ခရိုင် အခြေစိုက် ထားဝယ်ပကဖ DDT တပ်ဖွဲ့၏ တပ်ခွဲ ၃ နှင့် ရေဖြူ ပကဖ ၏ ဝေဟင်တပ်ဖွဲ့တို့သည် ပကဖအဖြစ်မှ နုတ်ထွက်၍ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသခွဲ ၃ ၏ ကွပ်ကဲမှုအောက်ရှိ ဒေါနစစ်ကြောင်းသို့ ပူးပေါင်းခဲ့ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က ယင်းတပ်ဖွဲ့များကထုတ်ပြန်သည်။ DDT တပ်ခွဲ ၃ သည် ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးတပ်ခွဲ ၇ အဖြစ်လည်းကောင်း ၊ ဝေဟင်တပ်ဖွဲ့ သည် ဒေါနစစ်ကြောင်း ၏ ချေမှုန်းရေးတပ်ခွဲ ၆ အဖြစ် လည်းကောင်း ရပ်တည်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ “ပကဖကထွက်ပြီး ဒေါနတပ်ခွဲအဖြစ်ရပ်တည်တဲ့ အဓိကအကြောင်းအရင်းကတော့ ပိုမိုကောင်းမွန်တဲ့ ကွပ်ကဲမှုစနစ်နဲ့ အုပ်ချုပ်ထောက်ပံ့မှုလိုချင်တာလို့ ပြောလို့ရပါတယ် “ ဟု ဝေဟင်တပ်ဖွဲ့ တာဝန်ရှိသူက […]

စစ်သင်္ဘောသုံးစင်းကို နစ်မြှုပ်ပြီး တစ်စင်းကိုဖျက်ဆီးခဲ့ကြောင်း AA ပြော

Dawei Watch

February 9, 2024

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ် စစ်သင်္ဘောသုံးစင်းကို နစ်မြှုပ်နိုင်ခဲ့ပြီး စစ်သင်္ဘောတစ်စင်းကို ထိခိုက် ပျက်စီးအောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ ရေတပ်ကို ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် တန်ပြန်တိုက်ခိုက်ပြီး ကမ်းထိုးယာဉ်နှင့် နေဗီသုံးစင်းကို နစ်မြှုပ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လက်နက်မချဘဲ စစ်သင်္ဘောက ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြစ်ကြောင်းအတွင်း လိုက်လံ ပစ်ခတ်ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘော ခုနစ်စီးကို သွားလာ၍ မရစေရန်နှင့် မြစ်အတွင်းရေချ၍ မရစေရန် ပြုလုပ်နိုင်ခဲ့ကြောင်းလည်း AA က ဆိုသည်။ ဖေဖော်ဝါရီလ ၈ရက်နေ့သည် AA သမိုင်းတွင် ပင်လယ်ပြင်တိုက်ပွဲ၌ စစ်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီး အနိုင်ရခဲ့သည့်နေ့ဖြစ်ကြောင်း ဖော်ပြသည်။ ရခိုင်ပြည်နယ်တွင် မင်းပြား၊ ကျောက်တော်နှင့် […]

အရှေ့တောဒေသခံ ၅၀ ခန့် စစ်ကောင်စီတပ် ဖမ်းဆီး၊ သုံးဦးပြန်မလွတ်သေး

Dawei Watch

February 8, 2024

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသည့်လမ်းတစ်လျှောက် ထားဝယ်၊ အရှေ့တောဒေသခံ ငါးဆယ်ခန့်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဒေသခံသုံးဦးကိုမူ ဆက်လက်ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်အတွင်း အရှေ့တောဒေသခံ ငါးဆယ်ခန့်ကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ “ဖမ်းခေါ်သွားတဲ့ထဲ ကျွန်တော့်တူတစ်ယောက်လည်းပါတယ်၊ ရိုက်နှက်ထုထောင်းတာတော့မရှိဘူးတဲ့ ရိက္ခာတွေသယ်ခိုင်းတယ်လို့ပြောတယ်” ဟု ဘဝပင်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဘဝပင်ရွာနှင့် ကင်ပွန်းချုံအပိုင်းက ခဲယင်း(ခဲကျင်)နေသူများနှင့် ဥယျာဉ်ခြံအတွင်း ကွမ်းသီးလုပ်နေသူ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။ အဆိုပါ စစ်ကြောင်းသည် ပခပ်ရွာမှ အမျိုးသား ၅ ဦး ကိုလည်းဖမ်းဆီးခဲ့သည်ဟု […]

မဟာချိုင်ရှိ ဆောက်လုပ်ရေးဆိုဒ်တွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ ထပ်မံဖမ်းဆီးခံရ

Dawei Watch

February 8, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၄ ဦးကို ယမန်နေ့ (ဖေဖော်ဝါရီ ၇) က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဟာချိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာနိုင်ငံသားများ တရားမဝင် လုပ်ကိုင်နေကြောင်း သတင်းရရှိခဲ့သဖြင့် စမွတ်စခွန် လဝက အရာရှိများက ဆိုဒ်အတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်ထဲတွင် မြန်မာအလုပ်သမား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၁ ဦး လုပ်ကိုင်နေကြပြီး အလုပ်ရှင်ဖြစ်သော ထိုင်းနိုင်ငံသား လင်မယားနှစ်ဦးက အလုပ်ခန့်ထားသည်မှာ ၁ လခန့်ရှိပြီဖြစ်သည်။ မြန်မာအလုပ်သမားများတွင် အလုပ်လုပ်ခွင့်လက်မှတ်များ မရှိဘဲ လုပ်ကိုင်နေကြသည်ကိုလည်းအလုပ်ရှင်များက သိနေကြပြီးဟုဆိုသည်။ မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်ရှိ ဆောက်လုပ်ရေးတန်းလျားများတွင်ပင် နေထိုင်လုပ်ကိုင်နေကြပြီး လုပ်အားခအဖြစ် အမျိုးသား ၄၀၀ […]

ထိုင်းက အလိုရှိနေသည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ကို စစ်ကောင်စီတရားရုံးကလည်း ဝရမ်း ထပ်ထုတ်

Dawei Watch

February 8, 2024

ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်းထုတ်ထားသည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို စစ်ကောင်စီ၏ ကော့သောင်းခရိုင်တရားရုံးကလည်း ဖမ်းဝရမ်းထပ်ထုတ်လိုက်သည်။ မြန်မာနိုင်ငံတောင်ဘက်အစွန်း ကော့သောင်းမြို့ရှိ သူဌေးကျွန်းဟိုတယ် ပိုင်ရှင်ဦးကျော်လွင်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ခရိုင်တရားရုံးက ဝရမ်းထုတ်ထားခြင်းဖြစ်သည်။ ၎င်းသည် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ခြင်းနှင့် ယင်းလုပ်ငန်းမှရသည့် ငွေကြေး၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများလုပ်ခဲ့သည်ဟု သံသယဖြစ်သည့်အတွက် ဝရမ်းထုတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း ဦးကျော်လွင်နှင့် ဆက်စပ်သည့် ဘန်ကောက်နှင့် ရနောင်းမြို့ရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ နှစ်လုံးထီ ရောင်းချမှု၊ ငွေတိုးချေးစားမှုနှင့် ဆီတင်ပို့ရာတွင် အခွန်လိမ်လည်မှု စသည့် လုပ်ငန်းများတွင် ငွေကြေးခဝါချသည် ဆိုသော သံသယဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက်ပိုင်းတွင် သူဌေးကျွန်းဟိုတယ်သို့ […]

နယ်ခြားစောင့်စခန်း တပ်မှူးတို့က လက်နက်များကို ARA နှင့် RSO ထံ ကြိုတင်ရောင်းချခဲ့သည်ဟု AA ပြော

Dawei Watch

February 8, 2024

မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နယ်ခြားစောင့်စခန်းနှစ်ခုက တပ်မှူးများသည် စခန်း မတိုက်ခံရမီကတည်းက လက်နက်များကို ARA နှင့် RSO တပ်ဖွဲ့တို့ထံ ကြိုတင်ညှိနှိုင်းရောင်းချခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဗျူဟာစခန်းနှစ်ခုဖြစ်သည့် တောင်ပြို (လက်ဝဲ) နှင့် တောင်ပြို (လက်ယာ) စခန်းနှစ်ခုကို AA က ဖေဖော်ဝါရီလ ၄ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့တွင်ပင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းယူခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲ သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တောင်ပြို (လက်ဝဲ) စခန်းကို ထမ်မံသိမ်းယူနိုင်ခဲ့ကြောင်း AA က ဆိုသည်။ ယင်းသို့ တိုက်ခိုက်ရာတွင် အဆိုပါစခန်းနှစ်၌ ARA (Arakan Rohingya Army) နှင့် RSO […]