ထားဝယ်အရှေ့တော၊ ပကာရီတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေး
Dawei Watch
April 2, 2024ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ပကာရီကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသဖြင့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ (ဧပြီ ၂) နံနက် ၈ နာရီခန့်တွင် ထားဝယ်မှ ရေဝိုင်း၊ ပကာရီကျေးရွာဘက်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ ရေဝိုင်းရွာကထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပကာရီကျေးရွာ ရေလယ်အင်း ရပ်ကွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုမဖြစ်ခင် ယခင်ရက်များကလည်း လက်နက်ကြီး ပစ်ခတ်မှုများရှိသဖြင့် ပကာရီကျေးရွာမှ ဒေသခံအများစုမှာ တိုက်ပွဲဖြစ်လာမည်စိုးသဖြင့် ကြိုတင်တိမ်းရှောင်နေခဲ့ကြသည်ဟု ပကာရီကျေးရွာနှင့် ရွာချင်းဆက် ပခပ်ရွာက အမျိုးသားတစ်ဦးက ပြောသည်။ “လွန်ခဲ့တဲ့ သုံးလေးရက်တည်းက ကျွန်တော်တို့ရွာကို ရောက်လာကြတာရှိတယ်၊ အခုမနက် ရေလယ်အင်းမှာ တိုက်ပွဲဖြစ်လာတော့ […]


