ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ဂရုဏာ နာရေးကူညီမှုအသင်းရုံးခန်း မီးလောင်

Dawei Watch

February 11, 2024

မြိတ်မြို့ ၊ ဇေယျာသီရိ ၂ ရပ်ကွက် ၊ အောင်သပြေလမ်းတွင် တည်ရှိသည့် ဂရုဏာ နာရေးကူညီမှုအသင်းရုံးခန်း ယနေ့(ဖေဖော်ဝါရီလ ၁၁) မနက် ၂နာရီ၂၀မိနစ်တွင် မီးလောင်ခဲ့ကြောင်း ယင်းအသင်းထံကသိရသည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသည့်ပမာဏ ကို ဂရုဏာအသင်းတာဝန်ရှိသူထံဆက်သွယ်မေးမြန်းရာ “ မီးလောင်ပြင် သန့်ရှင်းရေးလုပ်နေတုန်းပဲ ရှိသေးတယ် ။ ထိခိုက်ပျက်စီးသွားတာကို ပြောလို့မရသေးဘူး” ဟု ဖြေကြားသည်။ အဆိုပါမီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။ မီးလောင်ရသည့်အကြောင်းအရင်း နှင့်ပတ်သက်၍ မြိတ်ခရိုင်မီးသတ်ဦးဌာနသို့ဆက်သွယ်မေးမြန်းရာ လုပ်ငန်းကိစ္စများ ဆောက်ရွက်နေဆဲဖြစ်သဖြင့် မဖြေကြားနိုင်သေးကြောင်း အကြောင်းပြန်ကြားသည်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ ရုံးခန်းနှင့်လူနာတင်ယာဥ်တစ်စီး မီးလောင်ပျက်စီးနေကြောင်း တွေ့ရသည်။ ယခုနှစ်ဆန်းပိုင်း၌ မြိတ်ခရိုင်တွင် မီးလောင်မှုအနေဖြင့် မြိတ်မြို့တွင်၅ကြိမ်၊ပလောက်မြို့တွင် တစ်ကြိမ် စုစုပေါင်း ၆ ကြိမ်ဖြစ်ပွားခဲ့သည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 10, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ တစ်လကျော်ကာလမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၀ သေဆုံး တစ်လကျော်ကာလမှာ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် ၂၀ဦး သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၁၈နှစ်အောက် မိန်းကလေး လေးဦးနဲ့ ယောင်္ကျားလေး ၁၆ ဦး သေဆုံးခဲ့တာလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ လူကြီး၊ လူငယ် စုစုပေါင်း ၄၅ ဦးအထိ […]

၁၈ နှစ်ပြည့်သူတိုင်း စစ်​ကောင်စီတပ်ထဲ ဝင်ရမည့်ဥပဒေ စစ်​ခေါင်း​ဆောင် လက်မှတ်ထိုး

Dawei Watch

February 10, 2024

အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်​ကောင်စီတပ်ထဲ ဝင်​ရောက်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ဖေဖော်ဝါရီလ ၁၀ ရက်(ယနေ့)တွင် လက်မှတ်​ရေးထိုး ထုတ်ပြန်လိုက်သည်။ အချိန်အနည်းဆုံး ၂ နှစ် (၂၄ လ)စစ်မှုထမ်းရမည့် အဆိုပါဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေအရ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်သေးသူများနှင့် အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၂၇ နှစ်မပြည့်သေးသူများဟုဆိုကာ ခွဲခြားထားပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ရေးသားထားသည်။ စစ်အာဏာသိမ်ပြီးနောက် နိုင်ငံတဝန်း မြို့သိမ်း စခန်းသိမ်းတိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားပြီး စစ်ကောင်စီတပ်အင်အား အများအပြား ပြုန်းတီးနေချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို […]

စစ်​ကောင်စီက ကံပေါက်တိုက်နယ်တွင် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်​ဆောင်

Dawei Watch

February 10, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာအုပ်စု ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု နှင့် ဖောင်းတောကျေးရွာအုပ်စုတို့တွင် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ဖမ်းဆီးခံရသူ ၄ ဦးအထိရှိပြီး စစ်ဆေးတင်းကြပ်မှုလည်း ယခင်ကထက်ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံကသိရသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ တစ်ညတည်းတွင်ပင် အုန်းပင်ကွင်းရွာတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ကိုကျော်ဇင်နှင့် ၎င်း၏ဇနီး ၊ဖောင်းတောရွာမှ ကိုထွန်းပိုင်နှင့်ဇနီးဖြစ်သူမလဲ့ချို စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရသည်။ “ကိုကျော်ဇင်တို့လင်မယားနဲ့ ကိုထွန်းပိုင်တို့လင်မယား အဖမ်းခံရတာ ၅ရက်လောက်တောင်ရှိပြီ။ အခုထိတော့ပြန်မလွတ်လာသေးဘူး“ ဟု အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ အဆိုပါ အဖမ်းခံရသူလေးဦးစလုံးကို မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရသည့်အကြောင်းအရင်းကိုမသိရသေးပေ။ ဖေဖော်ဝါရီလ ၆ ရက် ညကလည်း ကံပေါက်ရွာတွင် နေအိမ်တစ်လုံးကိုမောရဝတီရေတပ်စစ်သားများလာရောက်ရှာဖွေခဲ့သေးကြောင်း ရွာသားများကပြောသည်။ ကံပေါက်တိုယ်နယ် နှင့် နဘုလယ်တိုက်နယ် ကို တိုက်ရိုက်သွားလာနိုင်သည့် ကံပေါက်- […]

မြန်မာပြည်အတွက် လူထုတေးသံ

Dawei Watch

February 10, 2024

စစ်အာဏာသိမ်းမှု ၃ နှစ်ရှိလာသော်လည်း မြန်မာပြည်သားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံသားများက မြန်မာနိုင်ငံသားများနှင့်အတူ မြန်မာပြည်အတွက် လူထုတေးသံ အစီအစဉ်ကို ကျင်းပခဲ့သည်။ ယင်းအစီအစဉ်ကို ဘန်ကောက်မြို့ lido connect ခန်းမတွင် ယနေ့ညနေ ၄ နာရီမှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ အစီအစဉ်တွင် မြန်မာပြည်သူများ၏ အသံများ၊ သံချပ်များ၊ တော်လှန်ရေးသီချင်းများ ပါဝင်ခဲ့သည်။ အစီအစဉ်မှရရှိသော ရန်ပုံငွေများကို မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ ပွဲကျင်းပြရသည့်ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာက မမေ့စေရန်၊ ကျယ်ကျယ်လောင်လောင် ကြားနိုင်ရန် အဓိက ရည်ရွယ်ထားကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောသည်။

မြိတ်တွင် ရပ်/ကျေးထောက်ခံစာပါမှ လေယာဉ်လက်မှတ်ရောင်းမည်

Dawei Watch

February 10, 2024

မြိတ်မြို့တွင် လေယာဉ်လက်မှတ် ဝယ်ယူမည်ဆိုပါက ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာလိုအပ်မည်ဖြစ်ကြောင်း မြိုတ်မြို့ရှိ လေယာဉ်လက်မှတ် ရောင်းချသူများထံမှ သိရသည်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြိတ်လေဆိပ်တာဝန်ရှိသူက သက်ဆိုင်ရာလေကြောင်းလိုင်းများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် စာပို့အကြောင်းကြားခြင်းဖြစ်သည်ဟု လေကြောင်းလိုင်းများကဆိုသည်။ ထိုအကြောင်းကြားစာတွင် ဝန်ထမ်းမှအပ ပြည်သူများ လေယာဉ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါမှ ရောင်းချရမည်ဟုဖော်ပြထားသည်။ ယင်းအပြင် အွန်လိုင်းမှဝယ်ယူသူများအနေဖြင့်လည်း ထောက်ခံစာကို လေဆိပ်သို့ယူဆောင်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ပါရှိသည်။ သို့သော်အခြားပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ခရီးသွားပြည်သူများအနေဖြင့် မြိတ်မြို့သို့ လေကြောင်းခရီးဖြင့်လာပြီး လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာပါက ထောက်ခံစာမလိုအပ်ဘဲ အလာ boarding pass (လေယာဉ်ပေါ်တက်ခွင့်လက်မှတ်)ကို ပြသရန်သာ လိုအပ်ကြောင်းသိရသည်။ အထက်ပါညွန်ကြားချက်မှာ လောလောဆယ်တွင် မြိတ်မြို့တစ်မြို့တည်းသာဖြစ်‌ကြောင်း မြိတ်မြို့ရှိ လေယာဉ်လက်မှတ် ကိုယ်စားလှယ်ရောင်းချသူ အသိုင်းဝိုင်းထံမှ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

February 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဗြိတိန်ဘုရင်တွင် ကင်ဆာရောဂါတွေ့ရှိ ဗြိတိန်နိုင်ငံက တတိယမြောက်ချားလ်စ်ဘုရင်ကြီး ချားလ်စ် ဘုရင် ကင်ဆာရောဂါတမျိုး ဖြစ်ပွားနေကြောင်း ဆေးစစ်သိရှိရပြီးနောက် စတင်ကုသမှုခံယူနေပြီလို့ သိရပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိတဲ့ ဘုရင်ကြီးရဲ့ ကင်ဆာရောဂါအကြောင်းကို ဘာကင်ဟမ်နန်းတော်က ဖေဖော်ဝါရီ ၅ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒီကင်ဆာက ချားလ်စ်ဘုရင် တလောကပဲ ဆေးစစ်ခဲ့တဲ့ ဆီးကျိတ်ကိစ္စ ဆေးကုသမှုခံခဲ့တာနဲ့ မဆိုင်ပါဘူး။ ဘုရင်ကြီးမှာတွေ့ရတာ ကင်ဆာ ဘာအမျိုးအစားလဲ ဆိုတာလည်း မပြောထားပါဘူး။ အရင်လက ချားလ်စ်ဘုရင်ကို ဆီးကျိတ်ရောင်နေလို့ ဆေးကုသမှုလုပ်တာမှာ စစ်ဆေးကြည့်ရမယ့် အခြေအနေတွေ့လို့ စစ်ဆေးကြည့်တာကနေ […]

ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါး အစာငတ်ခံဆန္ဒပြ

Dawei Watch

February 9, 2024

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦး အစာငတ်ခံဆန္ဒပြနေကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်ရိုက်နှက်ပြီး အကျဉ်းထောင်တိုက်ထဲ ပို့ဆောင် ခဲ့သည်ကို မကျေနပ်ရာမှ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးတို့က ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီကစပြီး အစာငတ်ခံဆန္ဒပြကြောင်း PPNM က ထုတ်ပြန်ထားသည်။ အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံထောက်ခံသည့်အနေဖြင့် နိုင်ငံရေး အကျဉ်းသား ၁၆၄ ဦး တို့ကလည်း အကျဉ်းထောင်က ပေးသည့် အစားအသောက်များကို စားသောက်သုံးစွဲခြင်း မပြုဘဲ ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။ အစာငတ်ခံသည့်ရက် အနည်းငယ်ကြာမြင့်လာသဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ အလွန် စိုးရိမ်နေရသည်ဟု ထောင်ဝန်ထမ်းကလည်း […]