ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်မရောရှိ ကျေးရွာစာသင်‌ကျောင်းတွင် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတွေ့

Dawei Watch

February 12, 2024

ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာစာသင်‌ကျောင်း အတွင်းတွင် မပေါက်ကွဲသေးသည့် မြေမြုပ်မိုင်းတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ချောင်းနှစ်ခွနယ်မြေ မယ်တရိုကျေးရွာတွင် တိုက်ပွဲမဖြစ်ပွားသည်မှာ၂ လခန့်ရှိပြီဖြစ်သော်လည်း ဒေသအတွင်း မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းများရှိနေ၍ စစ်ရှောင်အများစု နေရပ်မပြန်ရဲသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ စာသင်ကျောင်းတွင် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကျန်များ ပြီးခဲ့သည့် ရက်ပိုင်းကတွေ့သဖြင့် ရွာသားများ စိုးရိမ်နေကြသည်ဟု မယ်တရိုကျေးရွာနေသူတစ်ဦးကပြောသည်။ အန္တာရာယ်မဖြစ်စေရန် ဆားဖြူးထားကာ နေရာပြထားခြင်း နှင့် သစ်သားများဖြင့် ကာရံထားခြင်းများ လုပ်ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စာသင်ကျောင်းတွင် မြေမြှုပ်မိုင်းတွေ့ရှိသဖြင့် လာရောက်ဖယ်ရှားပေးရန် စစ်ကောင်စီတပ်ကို အကူအညီ တောင်းခံထားသော်လည်း လာရောက်ဖယ်ရှားပေးခြင်းမရှိဟု ဒေသခံတစ်ဦးကပြောသည်။ တိုက်ပွဲကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် နီးစပ်ရာရွာများဖြစ်သည့် လှကဇိုင်၊ မယ်တရို့ကျေးရွာနှင့် တောင်ကလေးကျေးရွာတို့တွင်လည်း စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ကျန်ရှိနေသေးသည်ဟု ဒေသခံများကဆိုသည်။ လက်ရှိတွင်ချောင်းနှစ်ခွဒေသကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး နေရပ်ပြန်စစ်ဘေးရှောင်းများကို […]

ချောင်းဆုံမြို့နယ် အဓိပတိ ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဖမ်းဆီးခံရ

Dawei Watch

February 12, 2024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ အရှေ့ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် ဖွင့်လစ်ထားသော အဓိပတိ ကိုယ်ပိုင်အထက်တန်းကျောင်း၏ တည်ထောင်သူ ဖမ်းဆီးခံရကြောင်း ဒေသခံတစ်ဦးကပြောသည်။ ဖမ်းဆီးခံရသည့် ချောင်းဆုံမြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ထားသူမှာ အသက် ၄၄ နှစ်အရွယ်ရှိ ဦးချစ်ကိုကိုဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားကြောင် ဒေသခံတစ်ဦးကပြောသည်။ ဦးချစ်ကိုကိုသည် စစ်ကောင်စီလက်အောင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ကြရန် ၎င်း၏လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားခဲ့မှုကြောင့်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားကြောင်း သိရသည်။ ဦးချစ်ကိုကိုကို ချောင်းဆုံမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းပြီး (ပ) ၁၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။ ဆရာဦးချစ်ကိုကိုက အဓိပတိကိုယ်ပိုင် အထက်တန်းကျောင်းတည်ထောင်သူ အင်္ဂလိပ်စာ […]

ထိုင်းတောင်ပိုင်းက မြန်မာစာသင်‌ကျောင်း၏ ပညာရေးစုံညီပွဲ

Dawei Watch

February 11, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဘန်ကူးရပ်ကွက်ရှိ မေတ္တာရိပ် မြန်မာစာသင်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်(ယနေ့)ညက  ပြုလုပ်ခဲ့သည်။ အဆိုပါကျောင်းတွင် ကျောင်းသားဦးရေ ၈၀၀ ကျော်ရှိပြီး စူရတ်ဌာနီခရိုင်အတွင်း ကျောင်းသားဦးရေ အများဆုံး ပညာသင်ယူနေသည့် ကျောင်းလည်းဖြစ်သည်။ ထိုကျောင်းတွင် ထားဝယ်ဒေသရွှေ့ပြောင်းကလေးအများစု ပညာသင်ယူနေပြီး မြန်မာရွှေ့ပြောင်းက‌‌လေးများလည်း ရှိသည်။ ယင်းကျောင်း၌ မူကြိုမှ အထက်တန်းအဆင့်အထိ ကျောင်းသားများ ပညာသင်ယူနေသည်။ မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ပုံရိပ်များကို ဖော်ပြလိုက်သည်။

မြိတ်တွင် နာရေးအသင်းရုံးနှင့် အိမ် ၆ လုံးမီးလောင်ပြီး မီးဘေးသင့်သူများ အကူအညီလိုအပ်

Dawei Watch

February 11, 2024

မြိတ်မြို့ ၊ဇေယျာသီရီ ၂ ရပ်ကွက် ၊ အောင်သပြေလမ်းတွင် ဖေဖော်ဝါရီလ ၁၁ ရက်မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး ဂရုဏာနာရေးကူညီမှုအသင်းရုံးခန်းနှင့် ရုံးခန်းဘေးရှိနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း အသင်းတာဝန်ရှိသူနှင့် မြို့ခံများထံမှသိရသည်။ “ ရုံးခန်းနဲ့ လူနာတင်ယာဥ်လေးစီးမီးထဲပါသွားတယ်။ ဘေးကအိမ်တွေလည်း ၆ လုံးလောက်မီးလောင်တယ် ။ မီးဟပ်ခံရတဲ့အိမ်တွေလည်းရှိတယ်။ လူတော့မထိခိုက်ဘူး“ ဟု ကရုဏာအသင်းတာဝန်ရှိသူကပြောသည်။ ရုံးခန်းအတွင်းရှိ မီးပလပ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါမီးလောင်မှုသည် မနက်၂နာရီခွဲဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၃နာရီ၃မိနစ်တွင်မီးထိန်းနိုင်ကာ ၃ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန ထံကသိရသည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့်နေအိမ် ၆ လုံးတွင် နေထိုင်သူ ၃၅ ဦးကို ဦးသွယ်ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေရာချထားပေးပြီး အကူအညီလိုအပ်နေကြောင်း ဇေယျာသီရီရပ်ကွက်နေ ပြည်သူများက ပြောသည်။ […]

သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ညီကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးစဉ် သေဆုံး

Dawei Watch

February 11, 2024

ထိုင်းနှင့် မြန်မာနိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ ညီဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးချိန် လက်လွန်သေဆုံးသွားကြောင်း သေဆုံးသူ၏ မိတ်ဆွေအချို့ထံမှ သိရသည်။ ဦးကျော်လွင်၏ ညီဖြစ်သူ အသက်၆၀ ဝန်းကျင်အရွယ်ရှိ ဦးနောင်ပိန် ခေါ် ဦးဌေးဝင်းကို စစ်ကောင်စီတပ်(စရဖ)က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ နေအိမ်၌ စစ်ဆေးရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း မိတ်ဆွေတစ်ဦးက ဆိုသည်။ ထိုနောက် ဦးနောင်ပိန်ကို စစ်ကောင်စီတပ်သားများက ရိုက်နှက်စစ်ဆေးစဉ် သေဆုံးသွားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။ “ခေါ်ယူပြီး မေးမြန်းစစ်ဆေးဖို့ဆိုပြီးခေါ်သွားတာ။ ဆေးရုံဟောင်းဝင်းထဲက စရဖရုံးကို ခေါ်သွားတာ”ဟု အဆိုပါ မိတ်ဆွေက ဆိုသည်။ ယင်းနောက် ဦးနောင်ပိန်မှာ ဖမ်းဆီးထားသည့်အခန်းအတွင်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချသတ်သေသွားသည်ဟု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ […]

စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲကြုံသည့်ပြည်သူ့များကို ကူညီမည်ဟု မြိတ်ခရိုင်အမှတ် (၂) တပ်ရင်းပြော

Dawei Watch

February 11, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲကြုံသည့် ပြည်သူ့များကို ကူညီမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။ အဆိုပါဥပေဒကို လက်တွေ့ကျင့်သုံးလာပါက စစ်ကောင်စီတပ်ထဲတွင် တာဝန်မထမ်းဆောင်လိုသည့် ပြည်သူများနှင့် လွတ်မြောက်နယ်မြေတွင် ခိုလှုံရမည်ပြည်သူများကို လက်ခံသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် အမှတ်၂တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုးက ပြောသည်။ “ဒါကိုတော့ ကျွန်တော်တို့ ကြိုတွေးထားပြီးသား။ ပြည်သူ့ကာကွယ်ရေးတပ်ဆိုတဲ့အတွက်ကြောင့် ပြည်သူအခက်အခဲကိုတော့ ကျွန်တော်တို့ ကူညီရမှာပဲလေ။ ပြည်သူတွေကိုလည်း တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူပေါင်းဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းတွင်လည်း ပြည်သူရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နိုင်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မဟုတ်ဘဲ လာရောက်ခိုလှုံလိုသူများကိုလည်း လက်ခံကူညီသွားမည်ဖြစ်ကြောင်း ရဲဘော်ကိုးက ဆိုသည်။ “မဖြစ်မနေ လာရောက်ခိုလှုံမယ့် ပြည်သူတွေကိုလည်း ကျွန်တော်တို့ ကူညီပါမယ်” ဟု […]

လောင်းလုံးတွင် ဘာသာရပ်အားလုံးကို တစ်ရက်အတွင်း စာမေးပွဲဖြေဆိုခိုင်း

Dawei Watch

February 11, 2024

လောင်းလုံးမြို့ အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူအချို့အား ဘာသာရပ်အားလုံးကို တစ်ရက်အတွင်း စာမေးပွဲဖြေဆိုခိုင်းကြောင်း မြို့ခံအချို့က ပြောသည်။ Grade 1 မှ Grade 4 အထိ ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့အတွင်းအပြီး ဘာသာရပ်အားလုံးကို ဖြေဆိုခိုင်းခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ Grade 5 နှင့်အထက် ကျန်ကျောင်းသား၊ ကျောင်းသူများမှာ လောင်းလုံးအထက်တန်းကျောင်းတွင် စာမေးပွဲ မဖြေဆိုခိုင်းတော့ဘဲ ထားဝယ်မြို့သို့ ပြောင်းရွေ့ဖြေဆိုရမည်ဟု ဆိုသည်။ “ဘာဖြစ်လို့ ပြောင်းဖြေရလဲတော့ သေချာမသိဘူး။ လုံခြုံရေးအခြေအနေကြောင့်လို့ ပြောတဲ့သူလည်း ပြောတယ်။ တချို့ကလည်း အစိုးရစစ်မို့လို့ ထားဝယ်ပြောင်းဖြေခိုင်းတာလို့ ပြောနေကြတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ယနေ့ လောင်းလုံးအထက်တန်းကျောင်း၌ စာမေးပွဲဖြေဆိုသည့်နေ့တွင် စစ်ကောင်စီတပ်က မြို့တွင်း လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း […]

ဖောင်းတောရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် ကံပေါက်ရွာသားတစ်ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

February 11, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်က ကိုကျော်ဆက်လင်းနှင့် ဖောင်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်သန်း (ခေါ်) ဦးရှုပ်တို့နှစ်ဦး မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း နီးစပ်သူများထံက သိရသည်။ ဦးခင်မောင်သန်းကို ဖေဖော်ဝါရီလ ၁၀ ညတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုကျော်ဆက်လင်းကို ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ဆိုသည်။ “ည ၁၂ နာရီလောက် အိမ်ကိုဝင်စစ်ပြီး ဦးရှုပ်ကို ခေါ်သွားတယ်။ ကျန်တာတော့ ဘာမှယူမသွားဘူး” ဟု မိသားစုဝင်တစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူခဲ့သည့် ဦးရှုပ်၏ နေအိမ်သို့ စစ်ကောင်စီတပ်က နှစ်ကြိမ်ထက်မနည်း လာရောက်ရှာဖွေခဲ့ဖူးကြောင်း ရွာသားများက ဆိုသည်။ “ကျော်ဆက်လင်းကို မနက်တုန်းက လာခေါ်သွားတယ်။ ရေတပ်ကပဲ လာခေါ်သွားတယ်” […]