ရေဖြူတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ပြီး လူငယ်တစ်ဦးသေ၊ ငါးဦးဒဏ်ရာအပြင်းအထန်ရ
Dawei Watch
April 8, 2024ရေဖြူမြို့နယ် အလယ်စခန်းရွာအနီးတွင် ဧပြီလ ၇ရက်နေ့ ညနေပိုင်းက ရန်ကုန်မှ ကော့သောင်းအထိ ပြေးဆွဲသည့် ရတနာတိုး ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်တစ်စီးတိမ်းမှောက်ရာ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ အပြင်းအထန်ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူများထံမှ သိရသည်။ အဆိုပါခရီးသည်တင်ယာဉ်မှာ ရေးဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာစဉ် မလွှဲတောင်အကျော် အလယ်စခန်းရွာနှင့် မနီးမဝေးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဘရိတ်ပေါက်ပြီး ဆင်းလာတော့ ချိုင့်ကြီးတစ်ခုကို ရှောင်နိုင်ပေမယ် နောက်ချိုင့်ငယ်တစ်ခုနားလည်းရောက်တော့ လမ်းဘေးက ကုန်းမြင့်တစ်ခုတိုက်မိပြီး တိမ်းမှောက်ခဲ့တယ်လို့သိရတယ်” ဟု ထားဝယ်အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယာဉ်ပေါ်လိုက်ပါလာသူ ၁၁ ဦးအနက်က လူငယ်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ငါးဦးဒဏ်ရာအပြင်းအထန်ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူများထံမှ သိရသည်။ နောက်လေးဦးမှာလည်း ဒဏ်ရာအနည်းငယ်ရရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ သေဆုံးသူမှာ အက် ၁၉ […]


