မြဝတီတွင် တိုက်ပွဲပြင်းထန်နေပြီး မြို့ခံများ မဲဆောက်သို့တိမ်းရှောင်၊ ထိုင်းဘက်ကလည်း လုံခြုံရေးတင်းကြပ်
Dawei Watch
April 10, 2024ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် မြဝတီမြို့ခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တိမ်းရှောင်နေကြကြောင်း မြို့ခံများထံမှ သိရသည်။ မြဝတီမြို့ မြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၇၅ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ဧပြီလ ၉ရက် မွန်းလွဲပိုင်းတွင် စတင်ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေသည်။ ယင်းသို့တိုက်ပွဲပြင်းထန်နေသဖြင့် နယ်စပ်ရှိ မဲဆောက်ဘက်ခြမ်းတွင် ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်ပြီး လုံခြုံရေးများ တင်းတင်းကြပ်ကြပ်ချထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဧပြီလ ၁၀ ရက်နံနက်ပိုင်းအထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး ခလရ ၂၇၅ အနီးဝန်းကျင် ရပ်ကွက်တို့တွင် မီးခိုးလုံးများ တက်နေသည်ကို မြင်ရကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။ မဲဆောက်မြို့ခံ အမှတ် […]


