ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီကိုကြောက်၍ ထားဝယ်က ရွှေဆိုင်အများစု ဈေးမဖွင့်

Dawei Watch

March 18, 2024

အခေါက်ရွှေစျေး စံချိန်တင်မြင့်တက်နေမှုကို စစ်ကောင်စီက အာဏာဖြင့် ထိန်းချုပ်ကန့်သတ်ရန် လုပ်ဆောင်လာမှုကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစုက ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထားကြကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၂ သိန်းနီးပါးရှိလာချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထားဖြင့်သာ ရောင်းချရမည်ဟု မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မတ်လ ၁၆ ရက်နေ့က ၎င်းတို့သတ်မှတ်သည့်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းနီးပါးသာရှိပြီး ပြင်ပဈေးကွက်တွင် ၄၂ သိန်းနီးပါး ပေါက်ဈေးရှိနေသည်။ ထိုသို့သောအခြေအနေတွင် ၎င်းတို့သတ်မှတ်သည့် နှုန်းထားအောက် မရောင်းနိုင်သည့် ရွှေဆိုင်များအနေဖြင့် အရောင်းအဝယ်ရပ်နားထားကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည့်။ ယင်းကြောင့် မတ်လ ၁၈ ရက်နေ့တွင် ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အများစုက စိုးရိမ်လာကြပြီး ဈေးမဖွင့်တော့သည့်အပြင် အရောင်းအဝယ်ပါ […]

ရသေ့တောင်မြို့ကို AA သိမ်းယူ၊ စစ်ကောင်စီတပ်သားနှစ်ရာခန့် စစ်သေင်္ဘာဖြင့်ထွက်ပြေးဟု AA ပြော

Dawei Watch

March 18, 2024

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရှိ စစ်ကောင်စီတပ်ရင်းသုံးရင်းကို သိမ်းယူပြီးနောက် မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ရသေ့တောင် အခြေစိုက် ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း သုံးခုစလုံးကို မတ်လ ၁၇ ရက် ညနေပိုင်းတွင် သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း နှစ်ပတ်ခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။ တပ်ရင်းစခန်းများအတွင်းက စစ်ကောင်စီတပ်သား နှစ်ရာခန့် စစ်သေင်္ဘာဖြင့် ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်မှုထမ်းဥပဒေအာဏာတည်ကြောင်း ကြေညာပြီးနောက် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်အချို့၏ ရုပ်အလောင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများ၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 16, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်မှုထမ်းဖို့အတွက် သတင်းပို့ဖို့ဆင့်ခေါ်တာကြောင့် ပြည်သူတွေ စိုးရိမ် စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စစ်ကောင်စီက သတင်းပို့ဖို့ ဆင့်ခေါ်နေပြီး သတင်းလာမပို့ရင် အရေးယူမယ်ဆိုတာ တွေကြောင့် ပြည်သူတွေကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်က မြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းကောက်တာ၊ သတင်းပို့ဖို့ ဆင့်ခေါ်တာတွေ အခုသီတင်းပတ်အတွင်းမှာ စစ်ကောင်စီက စတင်လုပ်ဆောင်လာပါတယ်။ မြို့နယ် ထွေအုပ်ရုံးမှာ မှတ်ပုံလာတင်ဖို့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကနေတစ်ဆင့် ဆင့်ခေါ်စာတွေ ပို့နေတာပါ။ ဒီလို လုပ်ဆောင်လာတာကြောင့် လူငယ်တွေ စိုးရိမ်နေကြသလို လူငယ်တွေ ရှိတဲ့ မိသားစုတွေကြား စိုးရိမ်မှု […]

ရန်ကုန်တွင် ထားဝယ်လူငယ်တစ်ဦး ပျောက်ဆုံး

Dawei Watch

March 16, 2024

ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်တွင် ထားဝယ်ဒေသခံ လူငယ်တစ်ဦး မတ်လ ၉ ရက်နေ့ကစတင် အဆက်သွယ်ပြတ်၍ ပျောက်ဆုံးသွားကြောင်း ယင်းလူငယ်နှင့် နီးစပ်သူများထံမှ သိရသည်။ ပျောက်ဆုံးနေသူမှာ အသက် ၂ဝ ဝန်းကျင်အရွယ်ရှိ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာဇာတိဖြစ်သူ ကိုအောင်ကျော်သူရထွေးဖြစ်သည်။ ၎င်းမှာ ပြီးခဲ့သည်နှစ် ဇွန်လက ဘာသာစကားသင်တန်းတက်ရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး လက်ရှိတွင် ရွှေပြည်သာမြို့နယ်၊ ချင်းတွင်းရပ်ကွက်၊ သာသနာ့ဒီပံ ကျောင်းတိုက်တွင် လာရောက်နေထိုင်သူဖြစ်သည်။ ကိုအောင်ကျော်သူရထွေးမှာ ကျောင်းတိုက်တွင် ပန်းပင် ရေလောင်းနေစဉ် ပျောက်သွားခြင်းဖြစ်ကြောင်း သိရသည်။ ” မနက် ၈နာရီလောက် ပန်းပင်ရေလောင်းနေတယ်။ ၈ခွဲ ဆွမ်းခံကြွဖို့ လိုက်ရှာတော့ ရှာမတွေ့တော့ဘူး။ သူမပျောက်ခင်နေ့က သူ့လက်ကိုင်ဖုန်းလည်း ပျောက်သွားသေးတယ် ” ဟု သာသနာ့ဒီပံကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။ ပျောက်ဆုံးပြီး […]

ထားဝယ်တွင် အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးပြီးခြောက်ရက်အကြာတွင် အလောင်းပြန်တွေ့

Dawei Watch

March 16, 2024

ထားဝယ်မြို့နယ်တွင် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း မိသားစုဝင်များထံမှသိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စု ပဒိုင်းချောင်းရွာသူ မပန်းအိဖြိုး ဆိုသူဖြစ်သည်။ မပန်းအိဖြိုးသည် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က အပြင်ခဏထွက်ရန် မိခင်ဖြစ်သူထံ ခွင့်တောင်းပြီး ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ ခြောက်ရက်ကြာပြီးနောက် ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ပိုင်းတွင် မပန်းအိဖြိုး၏ အလောင်းကို နေအိမ်နှင့် တစ်မိုင်ခန့် အကွာ ပဒိုင်းချောင်းကျေးရွာ စိုက်ပျိုးရေးခြံထဲတွင် တွေ့ရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “ရွာမှာလိုင်းမမိဘူး။ ဖုန်းလိုင်းမိတဲ့နေရာ သွားသွားဆက်ရတယ်။ ဖုန်းပြောသွားဦးမယ်လို့ ထွက်သွားတာ အဲဒီကတည်းက ပျောက်သွားတာပဲ။ ဒီနေ့ အလောင်းတွေ့တယ်။ မှောက်ရက် အနေအထားနဲ့ […]

လောင်းလုံးတွင် စစ်မှုထမ်းရန် တစ်ရပ်ကွက်လျှင် ငါးဦးနှုန်းဆင့်ခေါ်

Dawei Watch

March 16, 2024

လောင်းလုံးမြို့ပေါ်တွင် စစ်မှုထမ်းရန် တစ်ရပ်ကွက်လျှင် ၅ ဦးနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ယခုအပတ်မှစပြီး စတင်ဆင့်ခေါ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ယင်းသို့ ဆင့်ခေါ်နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့နှင့် လူငယ်များ ထွက်ပြေးနေကြရကြောင်း မြို့ခံအချို့က ဆိုသည်။ “ထန်ပင်တန်းဖက် (ကကြီးရပ်ကွက်) မှာ စခေါ်နေပြီ။ လူငယ်တွေလည်း မရှိကြတော့ဘူး။ အကုန်ပြေးကုန်ပြီ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ စစ်မှုထမ်းဆင့်ခေါ်ခိုင်းသည်ကို ငြင်းဆိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့လည်း ထွက်ပြေးနေရကြောင်း မြို့ခံအချို့ရဆိုသည်။ “ရွာထဲမှာလူငယ်တွေ မရှိတော့လို့ သူမခေါ်ပေးနိုင်ဘူး။ လိုချင်ရင် ကိုယ့်ဘာသာ လာဖမ်းမှပဲ ရမယ်‌လို့ ပြောလို့ (– ရပ်ကွက်) အုပ်ချုပ်ရေးမှူးလည်း ပြေးနေရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ အချို့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးတို့မှာ မည်သူ့ကို ခေါ်ပေးရမည်မသိသဖြင့် မဲနှိုက်‌ခိုင်းမည်ဟု ပြောဆိုနေသည်များလည်းရှိကြောင်း မြို့ခံတို့က ဆိုသည်။ စစ်ကောင်စီတပ်က […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

March 15, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေတိုး ရုံးချုပ်တွင် ၃၂ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် ဆွီဒင်အလံလွှင့်တင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO ရုံးချုပ်မှာ ဆွီဒင်နိုင်ငံအလံကို မတ်လ ၁၁ ရက်နေ့က ပထမဆုံးလွှင့်ထူလိုက်ပါတယ်။ ၃၂ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့ ဆွီဒင်ကို ကြိုဆိုခဲ့တာပါ။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဒေသတွင်းလုံခြုံရေးဟာ ခုအချိန်လောက် စိုးရိမ်စရာမရှိခဲ့ဘဲ ရုရှားဟာ ယူရိုအတ္တလတ္တိတ်ဒေသ လုံခြုံရေးကို ဆက်ပြီးခြိမ်းခြောက်နေတယ်လို့ ဆွီဒင်ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါကြောင့်လည်း နှစ်ဦးနှစ်ဘက်လုံခြုံရေးအတွက် နေတိုးကာကွယ်ရေးမဟာမိတ်နိုင်ငံအနေနဲ့ လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားတို့ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရေးအရ ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ကြတဲ့ ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့လည်း […]

စစ်ကောင်စီက ဆေးဝါးနှင့် ရိက္ခာသယ်ခွင့် ပိတ်ထားသောကြောင့် တနင်္သာရီဒေသခံများအခက်ကြုံ

Dawei Watch

March 15, 2024

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီက ဆေးဝါးနှင့်ရိက္ခာ သယ်ဆောင်ခွင့် ပိတ်ပင် ထားသည့်အတွက် အခက်ကြုံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို ကုန်းလမ်းမှ ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် စစ်ကောင်စီတပ်က စတင်ပိတ်ပင်ကန့်သတ်ခဲ့သည်။ ထိုသို့ သယ်ယူခွင့်ပိတ်လိုက်ပြီးနောက်ပိုင်း ပြန်လည်ခွင့်ပြု၊ ပြန်ပိတ်ခြင်းတို့ လုပ်ဆောင်ခဲ့သေးသော်လည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုံးဝ ကန့်သတ် ပိတ်ပင်လိုက်သည်။ စစ်ကောင်စီတပ်က ကုန်းလမ်းက ရိက္ခာသယ်ဆောင်မှုကို ကန့်သတ်ထားရာမှ ယခုနှစ် ဖေဖော်ဝါရီလတွင် ရေလမ်းကိုပါ ထပ်မံ ကန့်သတ်လာကြောင်း တကူကျေးရွာအုပ်စု သာရဘွင်ရွာသားတစ်ဦးက ပြောသည်။ “အခုက ဇဝဲလမ်းကိုလည်း ပိတ်ထားသလို မရင်းကြီးလမ်းမှာလည်း စကစက မိုင်းထောင်ပြီးပေး မဖြတ်တော့ ဘူး။ ကုန်းလမ်းတွေပိတ်လို့ ရေလမ်းကိုအသုံးပြုတာ ‌ရေလမ်းကို ထပ်ပိတ်တယ်။ ဖုန်းလိုင်းတွေကိုလည်း […]