စစ်ကောင်စီ တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြော
Dawei Watch
April 11, 2024စစ်ကောင်စီ၏ တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့် မပြုကြောင်း ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်က ယနေ့ ပြောကြားလိုက်သည်။ ယနေ့ ဧပြီလ ၁၁ရက် နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်အရေး သတင်းထောက်များက မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခနှင့် တိုက်ပွဲများ ထိုင်းမြေပေါ်ကို ရောက်ရှိခွင့်ပြုမည် မဟုတ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။ ထိုင်းနိုင်ငံ၏ လေပိုင်နက်ကို အသုံးပြု၍ စစ်ကောင်စီ၏ တိုက်လေယာဉ်များက ပျံသန်းမှုကိုလည်း ခွင့်ပြုလက်ခံနိုင်စရာမရှိကြောင်း ဆိုသည်။ ယင်းအတွက်လည်း ထိုင်းစစ်တပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရှင်းရှင်းလင်းလင်း ညွှန်ကြားထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော ပဋိပက္ခနှင့် ပြဿနာများက မြန်မာပြည်တွင်းရေးသာ ဖြစ်သဖြင့် နှစ်နိုင်ငံ တင်းမာမှုများ မဖြစ်လိုကြောင်း ၎င်းက ပြောဆိုသည်။ ထိုင်းလေပိုက်နက်တွင် ကင်းလှည့်မှုများ […]


