ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အရှေ့တောကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် ဗုံးကြဲ

Dawei Watch

February 21, 2024

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ်အဖြစ် ယ​နေ့(ဖေဖော်ဝါရီ ၂၁) မွန်းလွဲပိုင်းက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။ အရှေ့တောဒေသရှိ ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားကို စစ်ကောင်စီလေတပ်က MI-2 ရဟတ်ယာဉ်ဖြင့် ဗုံးလေးလုံးကြဲချသွားကြောင်း သိရသည်။ အဆိုပါဒေသတွင် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှစကာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုအသေးစိတ်ကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။ ထားဝယ်မြို့နေ အမျိုးသားတစ်ဦးကလည်း ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့အပေါ်မှ စစ်ရဟတ်ယာဉ် MI-2 တစ်စီး ခပ်မြင့်မြင့် ပျံသန်းနေသည်ဟုဆိုသည်။ “အခုလေးတင် ထားဝယ်လေယာဉ်ကွင်းကို ဆင်းလာတယ်” ဟု ဗုံးကြဲပြီး မိနစ်ပိုင်းအကြာတွင် Dawei Watch ကို ပြောသည်။ ယနေ့ နံနက်ပိုင်းတည်းက ဝကုန်းရွာဘက်မှ ပစ်ခတ်သံများကြားနေရပြီး မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်သည်ဟု […]

လက်နက်ကြီးပစ်ခတ်နေသဖြင့် သရက်ချောင်း၊ မင်းဒပ်ရွာမှဒေသခံများ ထွက်ပြေးနေရ

Dawei Watch

February 21, 2024

သရက်ချောင်းမြို့နယ်၊ ဝင်းဝနယ်မြေရဲစခန်းက စစ်ကောင်စီတပ်က မင်းဒပ်ရွာအနီးဝန်းကျင်ကို မနေ့က ညနေပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ဒေသခံများထွက်ပြေးနေရသည်ဟု သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီခန့်ကစပြီး ယနေ့နေ့လယ်ပိုင်းအထိ ကျေးရွာအနီးဝန်းကျင်ကို စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေခြင်းဖြစ်ပြီး လက်နက်ကြီး အလုံး ၄၀ ခန့်ရှိပြီဟု ဒေသခံအချို့က ပြောသည်။ “မင်းဒပ်ကသူတွေ မနေ့တည်းက တို့ရွာကို ပြေးလာကြတယ်။ တို့အိမ်ကိုလည်း ရောက်နေကြတယ်။ ရွာထဲတော့ မကျဘူး။ ရွာအပြင်ဘက်နေရာတွေကိုကျတယ်။ တို့ရွာနဲ့လည်း ဝင်းဝက တမိုင်ကျော်ကျော်ပဲ ဝေးတာဆိုတော့ တို့တွေလည်း စိုးရိမ်နေရတယ်။ ရွာမှာပြန်လာဝင်နေတာ အခုမှ သုံးရက်ပဲရှိသေးတယ်” ဟု ဝဲရစ်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လူနှင့် နေအိမ်ထိခိုက်မှု မကြားရသော်လည်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမည်စိုးသဖြင့် မနေ့ညနေကတည်းက အခြားရွာဘက်ကို […]

ရနောင်းတွင် တရားမဝင် မြန်မာလုပ်သားများ တစ်ညတည်း ဆက်တိုက်ဖမ်းဆီးခံရ

Dawei Watch

February 21, 2024

ကော့သောင်းမှတစ်ဆင့် ရနောင်းမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တစ်ညတည်း နေရာသုံးနေရာတွင် တပြိုင်နက် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီထံ စစ်မှုမထမ်းလိုသော မြန်မာလူငယ်အများအပြားမှာ ထိုင်းနယ်စပ်ကိုဖြတ်၍လှေဆိပ်၊ တောလမ်းများအတိုင်း ခိုးဝင်လာနိုင်သဖြင့် ထိုင်းနယ်ခြားစောင့်တပ်များက ရနောင်းရှိကရဘူရီ၊ ရနောင်း၊ စုမ့်စာရမ်ဒေသများတွင် စစ်ဆေးရေးဂိတ်များထား၍ တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်းဖြစ်သည်။ ညဘက်တွင် စုမ်စာရမ်ဒေသရှိ ရွှံ့ဗွက်ပေပွနေသော ကားတစ်စီး ဆီအုန်းခြံထဲမှ မောင်းလာသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးရာ မြန်မာလူငယ် ၅ ဦးနှင့် ထိုင်းကားသမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ထပ်မံ၍ နာ့ခါးရွာထဲမှ ဖက်စဆမ်လမ်းမကြီးပေါ်ထွက်လာသော အိမ်စီးကားကို ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့ရာ အသက် ၂၄ နှစ်အရွယ် ထိုင်းကားသမားနှင့် မြန်မာနိုင်ငံသား […]

ချောင်းဆုံ မုဒွန်းရွာ မီးလောင်ပြီး နေအိမ် ၁၆ လုံး ပျက်စီးဆုံးရှုံး

Dawei Watch

February 20, 2024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ၊ မုဒွန်းကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုကြောင့်နေအိမ် ၁၆ လုံး ပျက်စီးဆုံးရှုံးကြောင်း ရွာခံတို့ထံမှ သိရသည်။ မုဒွန်းကျေးရွာ၊ ရပ်ကွက် ၁၂ အတွင်းရှိ ဒေါ်အေးဝင်းနေအိမ်တွင် ဆိုလာပြားဖြင့် ဘတ္ထရီအားသွင်းထားရမှ အပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “လေတိုက်ပြင်းနေတဲ့အချိန်မှာဆိုတော့ အကုန်လုံးကို ကူးစက်သွားတယ်။ ဘာမှ ယူမနိုင်ခဲ့ဘူး။ လူတောင် မနည်းပြေးရတယ်။ ခဏလေးအတွင်းမှာပဲ မိနစ်ပိုင်းအတွင်းမှာပဲ လောင်ကုန်တာ” ဟု မုဒွန်းရွာခံတစ်ဦးက ပြောသည်။ မီးလောင်မှုကို ချောင်းဆုံနှင့် မော်လမြိုင်မြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံ ပြည်သူတို့၏ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ရွာခံတို့ထံမှ […]

ဖမ်းဆီးစစ်ဆေးမှုတင်းကြပ်နေသည့် ကံပေါက်တွင် ပေါ်တာဆွဲမည်ကို မစိုးရိမ်ရန် စစ်ကောင်စီ လက်ကမ်းစာစောင်ဝေ

Dawei Watch

February 20, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ စည်ပင်သာယာဈေးတွင် စစ်မှုထမ်းမှုဥပဒေအတွက် မစိုးရိမ်ကြရန် လက်ကမ်း စာစောင်များကို ဖေဖော်ဝါရီလ ၁၉ ရက် နှင့် ၂၀ ရက် နှစ်ရက်ဆက်တိုက် လာရောက်ဖြန့်ဝေနေကြောင်း ဒေသခံများက ပြောသည်။ “လက်ကမ်းစာစောင်က ဘယ်သူလာဝေနေလဲတောင် မသိဘူး။ ဈေးထဲမှာတော့ တော်တော်ပျံ့နေတယ်။ စာရွက် နှစ်ချပ်တွဲလေးပဲ” ဟု ကံပေါက်ဈေးက ဈေးသည်တစ်ဦးက ပြောသည်။ အဆိုပါ လက်ကမ်းစာရွက်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မစိုးရိမ်ရန်၊ တစ်မျိုးသားလုံး စစ်ပညာသင်ရန်၊ စစ်မှုထမ်းရန် တာဝန်ရှိကြောင်းအပြင် ပြည်ပထွက်ခွင့် ပိတ်ပင်ထားခြင်း မရှိကြောင်း၊ ပေါ်တာဆွဲနေခြင်းလည်း မရှိကြောင်း ဖော်ပြထားသည်။ လက်ကမ်းစာစောင်များကို ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာများအားလုံး အရောင်းအဝယ်အဓိက ပြုလုပ်သည့် ကံပေါက် ဈေးတစ်ခုတည်းတွင် ဖြန့်ဝေနေခြင်းဖြစ်သည်။ တိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယခုကဲ့သို့ လက်ကမ်းစာစောင်ဝေငှ […]

ကျိုက်ထိုတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်

Dawei Watch

February 20, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရိသည်။ ဝါးဒက်ကွင်းကျေးရွာနေ အသက် ၂၈ နှစ်အရွယ် ကိုရန်နိုင်စိုးသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်လွဲပိုင်းအချိန်ခန့်က ရွာအနီး တောစပ်တွင် တံမြက်စည်းလုပ်သည့် နတ်မြှားပင် သွားချိုးစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုရန်နိုင်စိုး၏ ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်ပိုင်း ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်နှင့်ခန္ဓာကိုယ်အနှံတွင်လည်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “သူက တံမြက်စည်းလုပ်ဖို့ တောထဲမှာ နတ်မြှားတံသွားရှာရင်း မိုင်းထိသွားတယ်။ ခြေထောက်တစ်ဖက်ကတော့ ပြတ်ထွက်သွားတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။ မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည့် ကိုရန်နိုင်စိုးကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏အကူအညီဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံမှတစ်ဆင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ […]

ရခိုင်သို့ လေကြောင်းဖြင့် ပြန်လာသူများ ဖမ်းဆီးစစ်ဆေးခံနေရ

Dawei Watch

February 20, 2024

ရန်ကုန်မှ ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူမြို့များသို့ လေကြောင်းဖြင့် ပြန်လာသည့် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးနေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။ ရန်ကုန်မှ ကျောက်ဖြူသို့ ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် လေယာဉ်ဖြင့် ပြန်လာသည့် လူငယ်များကို လေယာဉ်ပေါ် မှ အဆင်းတွင် စစ်ကောင်စီတပ်၊ ရဲနှင့် ထွေအုပ်တို့က ကားများပေါ်သို့ တင်ဆောင်ကာ ရမ္မာဝတီခန်းမသို့ ခေါ်ဆောင်သွားကြောင်း ဆိုသည်။ နှစ်ရက်အတွင်း ဖမ်းဆီးခံရသည့် လူငယ်တစ်ရာကျော် ရှိနိုင်ကြောင်း ဒေသတွင်းသတင်းတို့က ရေးသားသည်။ ယင်းအပြင် ရန်ကုန်မှ စစ်တွေမြို့သို့ လေယာဉ်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြန်လာသည့် လူငယ်များလည်း စစ်တွေ လေဆိပ်တွင် ဖမ်းဆီးခံရပြီး လောကာနန္ဒာဘုရားဓမ္မာရုံတွင် စစ်ဆေးခံနေရကြောင်း သတင်းများက […]

ဗီဇာရက်ချိန်း အွန်လိုင်းကလျှောက်နိုင်ဟု ထိုင်းသံရုံးထုတ်ပြန်

Dawei Watch

February 20, 2024

ထိုင်းသို့သွားမည့်သူများပြီး ဗီဇာ (ပြည်ဝင်ခွင့်) လျှောက်သူ စုပြုံလာချိန်တွင် လူကိုယ်တိုင်လာလျှောက်နိုင်သလို အွန်လိုင်း ကလည်း ဘွတ်ကင်တင်ပြီး တိုကင်ယူနိုင်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်တွင် စစ်မှု မထမ်းလိုသည့် လူငယ်အများအပြားက အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားဝင်ထွက်ခွာနေကြသလို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်သူများလည်း ရှိနေသည်။ ထိုအခြေအနေတွင် တရားဝင်လမ်းက သွားလိုသူများက ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာလျှောက်သူ အဆမတန်များပြားလာခြင်းဖြစ်သည်။ အွန်လိုင်းကတဆင့် ဘွတ်ကင်တင်သည့်စနစ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး တစ်ရက်လျှင် တိုကင် နှစ်ရာအတွက် လျှောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ အဆိုပါတိုကင်ကို ရက်ပေါင်း ၃၀ ကြိုတင်ရယူနိုင်ပြီး ဥပမာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တိုကင်ယူသူမှာ […]