ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်တွင် CDM ဆရာမများ ဆက်တိုက်ဖမ်းဆီးခံရ

Dawei Watch

February 22, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထား၍ တာဝန်မှ ရပ်နားခံထားရသည့် ဆရာမ ၃ ဦး ဖေဖော်ဝါရီလ ၂၀ ရက်က အဖမ်းခံရကြောင်း ဒေသခံတို့က ပြောသည်။ အဖမ်းခံရသည့်ဆရာမများသည် အထက-ကံပေါက်မှ အလယ်တန်းပြဆရာမ ဒေါ်ယဥ်ယဥ်အေး ၊ မူလွန်-လှည်းကုန်း မှ အလယ်တန်းပြဆရာမ ဒေါ်နီလာစန်း နှင့် ဒေါ်သက်သက်မွန် တို့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆရာမ ဒေါ်ယဥ်အေးက အပြင်တောင်သိပ်မထွက်ဘူး။ မနီလာစန်းလည်း အတူတူပဲ။ အမေကျန်းမာရေးကြောင့် ရွာပြန်ရောက်နေတာ အပြင်သိပ်မထွက်ဘူး။ သူတို့(စစ်တပ်) ဘယ်လိုသိလဲ မသိဘူး ။ သုံးယောက်စလုံး အိမ်တွေမှာပဲ လာဖမ်းသွားတယ်” ဟု ကံပေါက်ရွာက ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက် […]

အထောက်အထားမဲ့ မြန်မာများပါလာသည့်ကား လမ်းဘေးကိုတိုက်မိပြီး ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရ

Dawei Watch

February 22, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ပစ်ကပ်ကားသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လမ်းဘေးဆိုင်ခန်းကိုတိုက်မိခဲ့ပြီး မြန်မာနိုင်ငံသား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်ခရိုင် ဟွတ်ဒေသရှိ စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးမခံဘဲ မောင်းနှင်ထွက်ပြေးလာသော ပစ်ကပ်ကားကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် တံတားအကျော်တွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးဆိုင်ကို ဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် ထိုင်းကားသမားနှင့် မြန်မာနိုင်ငံသား အမျိုးသား အမျိုးသမီး ၈ ဦးလိုက်ပါလာခဲ့ပြီး ကားမှောက်မှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ကျန် ၆ ဦးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့သဖြင့် နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ဟုဆိုသည်။ မြန်မာအလုပ်သမားများတွင် နိုင်ငံကူးလက်မှတ်ကဲ့သို့ စာရွက်စာတမ်းများ မတွေ့ရှိရဘဲ မယ်ဟောင်ဆောင်ဘက်သို့ […]

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်လေကြောင်းဗုံးကြဲ

Dawei Watch

February 22, 2024

ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ရဟတ်ယာဉ်ဖြင့် ‌ဗုံးဆယ်လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ဖေဖော်ဝါရီလ ၂၁ ရက်က လာရောက် ဗုံးကြဲခဲ့သည့် Mi- 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့်ပင် ယနေ့ ဗုံးလာကြဲခြင်း ဖြစ်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။ “လေယာဉ်က ပျံလာပြီးတာနဲ့ အပေါ်မှာဝဲနေတာ တော်တော်ကြာသေးတယ်။ ပြီးမှတောတွေဘက်ကို ပထမဆုံး ၈ လုံးကြဲချတာ။ ပြီးမှနောက်ထပ် ၂ လုံးကြဲချတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယနေ့‌ မွန်းတည့် ၃ နာရီအထိ ကျောက်မဲတောင်ဘက်တွင် လေးကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်သည်ဟုဆိုသည်။ […]

ထားဝယ်အရှေ့တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ကား ၁၂စီးပျက်စီး၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

Dawei Watch

February 22, 2024

ထားဝယ်အရှေ့တောဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းပို့ဆောင်ရေးကား ၁၂စီးကို တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) မှ တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀နှင့် စစ်လက်နက်၊ ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ကား ၁၇ စီးပါသည့် ယာဉ်တန်းကို KNLAနှင့် PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာ တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA နှင့် PDF ပူးပေါင်းတပ်များ၊ ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက်တွင် သင်္ကန်တုန်းရွာသို့ စစ်ကြောင်းဝင်လာချိန် တိုက်ပွဲများစတင်ဖြစ်ပွားခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၉ ရက်က […]

ထားဝယ်တွင် နိုင်ငံကူးလက်မှတ်လျှောက်သူများကို စမတ်ကတ်လုပ်ရန် စစ်ကောင်စီဖိအားပေး

Dawei Watch

February 22, 2024

ထားဝယ်မြို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများကို ဇီဝဆိုင်ရာ စမတ်ကတ်ပြုလုပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့ထံမှ သိရသည်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားသူများ များပြားလာခဲ့သည်။ ယင်းအပေါ်အခွင့်ကောင်းယူကာ စမတ်ကတ်ပြုလုပ်ခိုင်းနေပြီး စမတ်ကတ်ရှိမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်ဟု စစ်ကောင်စီက ဖိအားပေးပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့က ပြောသည်။ “စမတ်ကတ်ရှိမှ ပတ်စ်ပို့ထုတ်ပေးမယ်ပြောလို့ စမတ်ကတ်လျှောက်လိုက်ရတာ” ဟု ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကဆိုသည်။ စမတ်ကတ်ဟု ဒေသခံများ အလွယ်ခေါ်နေသော ကတ်ကို အီလက်ထရောနစ်မှတ်ပုံတင်ကတ် တစ်နည်းအားဖြင့် ဇီဝဆိုင်ရာကတ် (Biometric Card) ဟုလည်းခေါ်ဆိုသည်။ ယင်းအတွက်ကြောင့် ထားဝယ်ပတ်စ်ပို့ရုံးနှင့် လဝကရုံးတွင် လူများတန်းစီပြီး လျှောက်ထားနေကြကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူတို့ကဆိုသည်။ “အခုဆိုရင် ပတ်စ်ပို့ရုံးမှာလည်း လူတွေအများကြီးပဲ လျှောက်နေကြတာ။ စမတ်ကတ်ရုံးမှာလည်း အများကြီးပဲ တန်းစီ နေရတယ်။ မနက်ကတည်းကတန်းစီတာ နေ့လယ်လောက်မှရတယ်” […]

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ယာယီအလုပ်လုပ်ခွင့်ပေးရန် ထိုင်းအမတ်တောင်းဆို

Dawei Watch

February 21, 2024

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို ယာယီ အလုပ်လုပ်ခွင့်ပေးရန်လူ့အခွင့်အရေးလှုပ်ရှားနေသူ ထိုင်းအတိုက်ခံပါတီ၏ လွှတ်တော်အမတ် Kannavee Suebsang က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှုဖြင့် ယာယီအလုပ်လုပ်ခွင့်ပြုပြီး အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းရန် Fair ပါတီ၏ လွှတ်တော်အမတ်က အစိုးရကို အကြံပြုလိုက်ခြင်းဖြစ်သည်။ လတ်တလောတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်မှုကို မြန်မာအစိုးရ ဘက်က ယာယီရပ်ဆိုင်းထားပြီး အကြောင်းအရင်း တိတိကျကျကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံသဘောတူချက်အရ ယခင်က တစ်ရက်လျှင် MoU မြန်မာအလုပ်သမား ပျမ်းမျှ ၇၀၀ နှင့် ၈၀၀ ကြား ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် လာရောက်နေခဲ့ကြောင်း ဖော်ပြထားသည်။ […]

မြိတ်မြို့ပေါ် ဗုံးပေါက်၊ ထိခိုက်သေဆုံးသူရှိဟု သတင်းထွက်

Dawei Watch

February 21, 2024

မြိတ်မြို့ ကမ်းနားလမ်းရှိ Seaview ကွန်ဒိုဘေးလမ်းရှိ ဘားတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညဦးက ဗုံးတစ်လုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကွန်ဒိုဘေးလမ်းရှိ Level 3 ဘားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူရှိသည်ဟု သိရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် လတ်တလောတွင် လေးဦးထိခိုက်ပြီး နှစ်ဦးသေဆုံးသွားသည်ဟု ကနဦးကြားသိရပြီး တိတိကျကျ မသိရသေးကြောင်း ၎င်းက ဆိုသည်။ “ပထမတော့ သုံးနေရာပေါက်တယ်လို့ သတင်းထွက်တယ်။ လှမ်းမေးတော့ တစ်နေရာပဲ ကြားတယ်။ အသံက တအားကျယ်တယ်” ဟု အထက်ပါမြို့ခံက Dawei Watch ကို ပြောသည်။ ထို့အပြင် ကမ်းနားလမ်းရှိ ဘားတစ်ခုတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့သည်ဟုလည်း ကြားသိရကြောင်း ၎င်းက ဆိုသည်။ သတင်းအချို့တွင်မူ မြိတ်မြို့ပေါ် […]

လေကြောင်းဖြင့် ဗုံးကြဲခံရသဖြင့် ရမ်းဗြဲမြို့ ဆေးရုံ၊ စျေး၊ လူနေအိမ်များပျက်စီးကြောင်း AA ထုတ်ပြန်

Dawei Watch

February 21, 2024

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ စျေး၊ လူနေအိမ်များ ပျက်စီးကြောင်း ရက္ခိုင့်တပ်တော် AA က ဓာတ်ပုံမှတ်တမ်းများဖြင့် တကွ ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက် ကြဲချခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါဖျက်အားပြင်းသည့် ဗုံးသည် ယခင်ရက်များ ကြဲချသည့် ဗုံးများနှင့်အတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအား ပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များ ပေ တစ်ရာကျော်အထိ မြင့်တက်ခြင်းများ ရှိခဲ့ကြောင်း AA က ရုပ်သံမှတ်တမ်းဖြင့် တကွ ထုတ်ပြန်ထားသည်။ ယင်းအပြင် ဖျက်အားပြင်း ဗုံးများဖြင့် ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်များသို့လည်း […]