ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှားစက်ရုံ ပေါက်ကွဲမှုတွင် လောင်းလုံးသားတစ်ဦးအပါအဝင် မြန်မာ ၂ ဦး သေဆုံး

Dawei Watch

February 26, 2024

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သော စက်ရုံတွင်း ပေါက်ကွဲမှုတစ်ခုတွင် လောင်းလုံးဒေသခံတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂ ဦးသေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဆယ်လန်ဂေါပြည်နယ် ပူချွန်းအူတာမာစက်မှုဇုန်အတွင်း ဂျလမ်းအူတာမာ ၂/၂၆ ရှိ စက်ရုံထဲတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သံဂဟေဖြတ်ရာတွင် သုံးသော အယ်စီတိုင်လင်းဓါတ်ငွေ့ ပြင်းအားများလာမှုကြောင့် စက်ရုံတစ်ခုလုံး ပျက်စီးသည်အထိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု မလေးရှားသတင်းတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် လောင်းလုံးဒေသခံ ကိုလာဖြူအပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ “အလောင်းနဲ့ ပတ်သက်ပြီး ဘာမှ အဖြေမသိရသေးဘူး။ အာဏာပိုင်တွေ ဆက်သွယ်လာမှ သိရမယ်ပြောတယ်” ဟု ၎င်းက ဆိုသည်။ သူသည် လောင်းလုံးမြို့နယ် ကုန်းဇရပ်ရွာဇာတိဖြစ်ပြီး ဇနီးဖြစ်သူနှင့် […]

ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများကို ​စောင့်ကြည့်ထိန်းချုပ်သွားမည်ဟုဆို

Dawei Watch

February 26, 2024

ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီကို ဆန့်ကျင်သော လှုပ်ရှားမှုများအား စောင့်ကြည့်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောကြားခဲ့သည်ကို Bangkok Post သတင်းဌာနက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်သို့ သွားရောက်စဉ်တွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူများကို အခြားရွှေ့ပြောင်းနေထိုင်သူများနှင့် မတူညီဘဲ ကိုင်တွယ်သင့်ကြောင်း ပြောကြားထားသည်။ စစ်ကောက်စီကို ခုခံတိုက်ခိုက်ရန် ရန်ပုံငွေကောက်ခံနေသော မြန်မာ့အရေးလှုပ်ရှားနေသူများကို အနီးကပ် စောင့်ကြည်နေပြီး လတ်တလော စိုးရိမ်စရာမရှိကြောင်း ဝန်ကြီးက ဆိုသည်။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် ဗီဇာလျှောက်ထားသူ စံချိန်တင်များပြားခဲ့ပြီး တရားမဝင် လမ်းကြောင်းများကလည်း ဝင်ရောက်လာမှု များပြားနေကြောင်း ဖော်ပြထားသည်။ ထိုင်းသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံသားများ အရေအတွက်များပြားနေသော်လည်း စိုးရိမ်စရာမရှိဘဲ မကြာမီနေရပ်ပြန်သွားကြမည့်သူများဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ နယ်စပ်လုံခြုံရေးကိုလည်း […]

ထားဝယ်အရှေ့တောဒေသတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ထပ်မံ ဗုံးလာကြဲ

Dawei Watch

February 26, 2024

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း KNLA နှင့် ဒေသခံအချို့ထံမှ သိရသည်။ ကျောက်မဲတောင်ရွာဘက်မှ မေတ္တာဗျူဟာဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNLA/PDF ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၂၅ ရက် မနေ့ ညနေ ၃နာရီခန့်ကစပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ “တိုက်ပွဲအခြေအနေက မနေ့ညနေ ၃ နာရီကစပြီး အခုချိန်ထိပေါ့။ အခုနကပဲ ၁၀ မိနစ်လောက်က လေယာဉ်နဲ့ ဗုံးလာကြဲ သွားတယ်။ ဒီမနက်ကတော့ မနက် ၈ နာရီကနေ အခုထိပေါ့။ အခုထိမပြီးသေးဘူး” ဟု KNLA တပ်ရင်း (၂၇) နှင့် တပ်ရင်း (၁၀) တွဲဖက် တပ်ရင်းမှူး စောမှူးဂေက […]

မြန်မာစစ်ဘေးရှောင်များကို လာမည့်ရက်ပိုင်းအတွင်း စတင်ကူညီနိုင်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို

Dawei Watch

February 26, 2024

မြန်မာနိုင်ငံတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို လာမည့်မတ်လ ပထမပတ်မှစ၍ ပေးအပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara ကဆိုသည်။ မြန်မာနိုင်ငံက တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော မဲဆောက်မြို့နယ် တာခ်ခရိုင်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော စစ်ဘေးရှောင်အားလုံးကို အကူအညီများ စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ အကူအညီပေးရေးတွင် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ပါဝင်မည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာကြက်ခြေနီအသင်းများ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ ယင်းအစီအစဉ်ကို မြန်မာစစ်ကောင်စီကလည်း ထောက်ခံထားပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်လည်း ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းအစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံသားများထံသို့ အကူအညီများ မှန်မှန်ကန်ကန် ရောက်ရှိနိုင်ရေး အာဆီယံကလည်း စောင့်ကြည့်နေမည်ဖြစ်ပြီး နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ – ICRC လည်းပါဝင်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ […]

ရမ်းဗြဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာပို့သည့်စစ်ကြောင်းကို AAတိုက်ခိုက်၊ စစ်ကောင်စီတပ်အထိအခိုက်များဟုဆို

Dawei Watch

February 26, 2024

ရခိုင်ပြည်နယ်တွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် ရမ်းဗြဲမြို့သို့ စစ်ကောင်စီတပ် အင်အား ၁၂၀ခန့်ကို ရဟတ်ယာဉ်များဖြင့် စစ်ကူလာပို့ချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရဟတ်ယာဉ်လေးစီးဖြင့် ခုနစ်ကြိမ် စစ်ကူလာပို့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါစစ်ကူများမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် ရခိုင်ပြည်နယ်အမ်းမြို့ အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့က တပ်ဖွဲ့ဝင်များဖြစ်ကြောင်း AA က ဆိုသည်။ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တစ်ရက်လုံးပစ်ခတ်နေသည့်ကြားမှ AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးကာ ရုပ်အလောင်းအမြောက်အများ ရရှိထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရုပ်အလောင်း မည်မျှ ရရှိထားသည်ကိုမူ […]

စစ်ကောင်စီ၏မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

February 25, 2024

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂၅ ရက်) မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း လမ်းပိုင်းအသုံးပြုသည့်ယာဥ်မောင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များထံကသိရသည်။ “မနက် ၉ နာရီလောက် ပေါက်ကွဲမှုဖြစ်ပြီး ၊ တစ်နာရီလောက်လမ်းပိတ်ချလိုက်တယ်။ ပြီးတော့ လမ်းပြန်ဖွင့်လိုက်တယ်။ ပုံမှန် အတိုင်း ပြန်ပေးသွားတယ် “ ဟု ရန်ကုန်-ထားဝယ် ခရီးသည်ပို့ဆောင်ရေး ယာဥ်မောင်းတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပြီး လမ်းပိုင်းယာယီပိတ်ခဲ့ပြီး ညနေပိုင်းအထိ ဂိတ်ပတ်ဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများကြားရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဆိုသည်။ အဆိုပါ ပေါက်ကွဲမှုသည် ဒေါနတပ်ခွဲ ၄ (ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KBDF) ၊ YAF တပ်ဖွဲ့ ၊ ABSDFတပ်ဖွဲ့ ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF စသည့် […]

လောင်းလုံးက နေအိမ်မီးရှို့ခံရသူများ

Dawei Watch

February 25, 2024

စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်မီးရှို့ခဲ့တဲ့ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံတွေ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကြပုံတွေကို (ယခုလ ဒုတိယပတ်မှာ) ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၃ မတ်လတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ကြွက်မနိုင်ကျည်မီးရှို့ဗျူဟာအောက်မှာ ဒေသခံထောင်ချီ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့ရပါပြီ။ နေစရာအိမ်မရှိတော့တဲ့ ဒေသခံတွေကတော့ ဖြစ်သလိုတဲထိုးနေထိုင်ပြီး ခက်ခဲစွာ ရုန်းကန်အသက်မွေးနေကြရပါတယ်။ တာလပတ်အမိုးတစ်ခုကလွဲပြီး အကာအယံမရှိတဲ့ တဲလေးတွေအောက်မှာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံပြီး နေထိုင်နေရတာပါ။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 24, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်သူများလာ အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အာဏာတည်ကြောင်း ကြေညာလိုက်ပြီးနောက်မှာ လူငယ်တွေ ပြည်ပသို့ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြပါတယ်။ လေကြောင်း၊ နယ်စပ်ဂိတ်တွေကနေ တရားဝင်နည်းလမ်းနဲ့ ထွက်ခွာကြသလို အောက်လမ်း၊ ခိုးလမ်းလို့ခေါ်တဲ့ တရားမဝင် လမ်းကြောင်းတွေကနေလည်း ထွက်ခွာနေကြပါတယ်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက်နေကြတာပါ။ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ တန်းစီပြီး ဗီဇာလျှောက်သူ များလွန်းတာကြောင့် လူကိုယ်တိုင်တန်းစီစနစ်ကို ဖျက်သိမ်းပြီး အွန်လိုင်းစနစ်နဲ့တစ်ခုတည်းနဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ပြောင်းလဲလက်ခံနေပါတယ်။ ထိုင်းသံရုံးကနေ ဗီဇာထုတ်ပေးတာ လူ ခုနစ်ထောင်ကျော်ရှိပြီလို့ ဖေဖော်ဝါရီလ […]