ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုမည်

Dawei Watch

February 28, 2024

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ရန်ကုန်မြို့က အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ နား၊ နှာခေါင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဦးနှောက်နှင့် အာရုံကြော၊ ကင်ဆာ၊ အရိုးအကြော၊ အဆစ်နှင့် ပတ်သက်သည့်ရောဂါများ၊ ဆီးနှင့် ကျောက်ကပ်၊ နှလုံး၊ ဆီးချိုနှင့် ဟော်မုန်း ရောဂါများကို ပြသနိုင်မည် ဖြစ်ကြောင်း စုံစမ်းသိရသည်။ ရောဂါပြသရန်အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ရုံးချိန်အတွင်း ထားဝယ်ပြည်သူ့ ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင်လာရောက် စာရင်းပေးသွင်း နိုင်ကြောင်း စုံစမ်းသိရသည်။ စာရင်းပေးသွင်းပြီးလျှင် အခမဲ့ ပြသနိုင်မည့်အပြင် လိုအပ်မည့် ဆေးဝါးများလည်း အခမဲ့ ရရှိမည် ဖြစ် ကြောင်း ပြည်သူများ၏ […]

အရှေ့တောဒေသက စရဖတပ်ဖွဲ့ဝင်နှစ်ဦး KNLA ထံ လက်နက်ချ၊ ဝန်ထမ်း ၃ ဦးလည်း လာရောက်ခိုလှုံ

Dawei Watch

February 28, 2024

မေတ္တာနယ်မြေရဲစခန်းက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)နှစ်ဦး KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)ထံ လက်နက်ချခဲ့ပြီး စစ်ကောင်စီဝန်ထမ်းသုံးဦးလည်း လာရောက်ခိုလှုံခဲ့ကြောင်း KNLA ထံမှသိရသည်။ စရဖတပ်ဖွဲ့က တပ်ကြပ်ကြီးအဆင့်ရှိ ကိုအောင်အောင်နှင့် တပ်သားအဆင့်ရှိ ကိုဝဏ္ဏဇော်တို့ နှစ်ဦးအပါအဝင် မေတ္တာမြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းသုံးဦးတို့ ဖေဖော်ဝါရီလ ၂၅ ရက်ခန့်က KNLA ထံလာရောက် ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လက်နက်ချအညံ့ခံခဲ့သူများကို နောက်တန်းပို့ထားပြီး ရာထူးနှင့်အမည်စာရင်း အသေးစိတ်ကို မသိကြောင်း KNU တပ်မဟာ(၆) တပ်ရင်း(၂၇)နှင့် တပ်မဟာ(၄) KNLA တပ်ရင်း(၁၂)၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ “သူတို့အဲ့ဒီမှာ နေဖို့ထိုင်ဖို့ သိပ်အဆင်မပြေလို့ကျွန်တော်တို့ဆီလာပြီးတော့ လက်နက်ချတာ။ သူတို့ကစစ်မတိုက်ချင်လို့ ပြီးတော့ ဒီလိုမျိုးအခက်အခဲတွေကို မလုပ်ချင်လို့ပေါ့နော်၊ စစ်ကောင်စီထဲမှာမနေချင်လို့ အဲ့လိုမျိုးလက်နက်ချတာပေါ့နော်” ဟု တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ အင်အား […]

ထားဝယ်အရှေ့တောဒေသတိုက်ပွဲတွင် ဒေသခံလေးဦးသေဆုံးပြီး ဆယ်ဦးခန့်ဒဏ်ရာရ

Dawei Watch

February 28, 2024

ထားဝယ် အရှေ့တော‌ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း ကျေးရွာတို့က ဒေသခံလေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်ဦးခန့်ရှိကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ တောင်သုံးလုံး၊ ရွှေချောင်းရွာတစ်ဝိုက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသည်။ ကျောက်မဲတောင်ရဲစခန်းရှိ စစ်ကောင်စီစခန်းနှင့် မေတ္တာဗျူဟာစခန်း၊ စစ်ကောင်စီတပ်စစ်ကြောင်းတို့က တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာဘက်သို့လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသလို ဖေဖော်ဝါရီလ ၂၆ ရက်တွင် လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးလာကြဲခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၆ရက် နံနက်ပိုင်းတွင် လက်နက်ကြီးကျည်စထိမှန်ကာ တောင်သုံးလုံးရွာသားနှစ်စ်ဦးသေဆုံးပြီး ကျောက်မဲတောင်ရွာက ဒေသခံတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန် သေဆုံးကြောင်း ဒေသခံအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့တို့က […]

မဲဆောက်တွင် သေနတ်နှစ်လက် သယ်လာသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

February 28, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် သေနတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေနတ် ၂ လက် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ထိုင်းတပ်မတော်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားသည်။ ဖမ်းဆီးခံရသူသည် ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့ဇာတိဖြစ်ပြီး ကရင်ပြည်နယ် မြဝတီမြို့တွင် အလုပ်လုပ်နေသည်မှာ ၇ နှစ် ရှိပြီဖြစ်ကြောင်း အဆိုပါမြန်မာနိုင်ငံသားက ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းနယ်ခြားစောင့်တပ်များက မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားအနီးတွင် ကင်းလှည့်နေစဉ် မသင်္ကာ သဖြင့် အဆိုပါ မြန်မာနိုင်ငံသားကို စစ်ဆေးရာမှ လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသား၏ ကျောပိုးအိတ်ထဲမှ ပစ္စတို ၂ လက်နှင့် […]

ရန်ကုန်-ထားဝယ်ကားလမ်းရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

Dawei Watch

February 28, 2024

ရန်ကုန်-ထားဝယ်ကားလမ်းပေါ် မွန်ပြည်နယ် သထုံမြို့နယ်ထဲက မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ ယနေ့ နံနက်ပိုင်းက မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံမြို့နယ် မိုးကောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းရှိ မိုးကောင်းတံတား မိုးကောင်းတံတားသည် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားသောကြောင့် လက်ရှိတွင် ကားများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံတို့က ဆိုသည်။ “တံတားက လုံးဝကို ပြိုကျသွားတော့ ကားတွေ ဘာတွေ သွားလာလို့ မရတော့ဘူး။ ကားအသေးတွေကျတော့ ရွာလမ်းကနေ ပတ်သွားနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ မိုးကောင်းတံတား မိုင်းခွဲဖျက်စီးခံရမှုကြောင့် တံတားအနီးရှိ ဈေးဆိုင်အချို့ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း […]

ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်

Dawei Watch

February 28, 2024

ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း သုံးနှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို လောင်းလုံးမြို့နယ်မှာ ဒီနေ့ (ဖေဖော်ဝါရီ ၂၈) ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လူထုလမ်းလျှောက်သပိတ်အပါအဝင် ကဗျာရွတ်တာနဲ့ အမှတ်တရ စကားပြောတာ​တွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ၂၀၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အသက်ပေးကျဆုံးသွားကြသူ လေးဦးအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အသက်ပေးကျဆုံးသွားသူ​တွေကို လွမ်းသူပန်းခွေများနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ယခုနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ဒေသခံ ရာချီပါဝင်ခဲ့ကြပါတယ်။

မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်သော စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုကျောင်းကို AA သိမ်းယူ

Dawei Watch

February 28, 2024

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းလည်းဖြစ်သည့် ယင်းကျောင်းကို စတင်တိုက်ခိုက်ပြီး ၁၀ ရက်အကြာ ဖေဖော်ဝါရီလ ၂၆ ရက်တွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တိုင်းဗဟို (၉) ကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီး ပစ်ကူအမြောက်အများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။ အဆိုပါ သင်တန်းကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်များ၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲအတွင်း AA ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ဖော်ပြသည်။ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ စစ်ကောင်စီတပ် […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦးကို ကြိုးဆွဲချသတ်သေ

Dawei Watch

February 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင် ချဝမ်ဒေသတွင် မြန်မာအလုပ်သမားတစ်ဦး နေထိုင်ရာအခန်းတွင် ကြိုးဆွဲချသတ်သေခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ခလောကျန်းဒီး မီးရထားဘူတာနောက်ရှိ အခန်းတွင် တစ်ဦးတည်းရှိနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကြိုးဆွဲချသတ်သေခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် ကိုကောင်းအမည်ရှိ မြန်မာအလုပ်သမားတစ်ဦးဖြစ်ပြီး မြန်မာပြည်နေရပ်ကို ဖော်ပြထားခြင်းမရှိပေ။ အခန်းတွင် တစ်ဦးတည်းရှိနေချိန် သေဆုံးနေသည်ကို လူတစ်ဦးက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သတ်သေရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်ကလည်း မြန်မာပြည်ပြန်ခွင့်မရသည့် မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချသတ်သေခဲ့ပြီး နေစရာ စားစရာမရှိသဖြင့် နောက်ထပ်မြန်မာတစ်ဦးလည်း မြောင်းထဲခုန်ချ သတ်သေခဲ့သည်။ Ref: สื่อมวลชน ข่าวท้องถิ่น ฉวาง