ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ ရမ်းဖိုရွာအနီးတွင် စစ်ကောင်စီ​ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ

Dawei Watch

February 27, 2024

တနင်္သာရီမြို့နယ် ၊ ဘန်းလမွတ်ကျေးရွာအုပ်စု ၊ ရမ်းဖိုရွာအနီး ဆီအုန်းတောတွင် ဖေဖော်ဝါရီလ ၂၆ ရက်မနက်ပိုင်းက ခမရ ၅၅၆ စစ်ကောင်စီ တပ်ရင်းမှ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီခြေလျင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဒေသခံများထံမှသိရသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တနင်္သာရီလွတ်မြောက်ရေးအင်အားစု (TLF) က ပြုလုပ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်သည်။ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူ ရဲ​ဘော်ထက်မာန် ကပြောသည်။ “ကျွန်​တော်တို့ဘက်က လက်နက်အားနည်းချက်ကြောင့် ပြောက်ကျားမိုင်းဆွဲတာပဲ လုပ်ဆောင်လုပ်ခဲ့တာပါဗျ ။ နှစ်ဘက်ပစ်ခတ်မှု မဖြစ်ခဲ့ပါဘူး” ဟု ၎င်းကပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦး […]

ထားဝယ်နှင့် မော်လမြိုင်တွင် ​​နေ့အပူချိန်မြင့်တက်​နေပြီး စံချိန်သစ်တင်

Dawei Watch

February 27, 2024

ထားဝယ်မြို့နှင့် မော်လမြိုင်မြို့များတွင် ယခုအပတ်အတွင်း ​နေ့အပူချိန်ဆက်တိုက် မြင့်တက်​နေပြီး အပူချိန်စံချိန်အသစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ထံမှသိရသည်။ ယခုနှစ်မှာ အစွန်း​ရောက် ရာသီဥတုဖြစ်သည့် ပူပြင်း​ခြောက်​သွေ့​သော အယ်နီညိုရာသီဥတုကို ကြုံ​တွေ့ရမည်ဟု မိုး​လေဝသနှင့် ဇလ​ဗေဒပညာရှင်များက ​ပြောဆိုထားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက မိုးဇလ၏ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် လွိုင်လင်မြို့များ၏ အပူချိန်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်ချိုးခဲ့ကြောင်းဖော်ပြထားသည်။ မော်လမြိုင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်၌ အပူချိန် ၃၉ ဒသမ ၁ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်) အထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က အမြင့်ဆုံးအပူချိန်စံချိန်ဖြစ်သည့် ၃၈ဒသမ၈ ဒီဂရီစင်တီဂရိတ် (၁၀၁ဒသမ၈ […]

ကော့ကရိတ်မြို့ထက်ဝက်ကျော်နှင့် အာရှလမ်းမကြီးကို ထိန်းချုပ်ထားကြောင်း KNU နှင့် NUG တို့ပြော

Dawei Watch

February 27, 2024

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် စစ်ကောင်စီယန္တရား လည်ပတ်ရန် အထူးအရေးပါသည့် အာရှလမ်းမကြီးကို ထိန်းချုပ် ထားနိုင်ခဲ့ပြီဖြစ်ပြီး ကော့ကရိတ်မြို့ကို သိမ်းယူထိန်းချုပ်နိုင်ရန် တိုက်ခိုက်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ မြို့တွင်းတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန်နှင့် အုပ်ချုပ်ရေးယန္တရားများ ချမှတ်ထားနိုင်ရန် စနစ်တစ်ကျ စီစဥ်ဆောင်ရွက်ပြီး တိုက်ပွဲများအား နေ့စဥ်နှင့်အမျှ ဆက်လက်ဖော်ဆောင်နေကြောင်း ဖော်ပြသည်။ အမျိုးသားညီညွတ်ရေးအစိုး NUG ကာကွယ်ရေးဝန်ကြီးဌာနကမူ ဘားအံ-မြဝတီလမ်း အာရှလမ်းပိုင်းနှင့် ကော့ရိတ်မြို့ဧရိယာ ၆၀ ရာခိုင်နှုန်းကျော်တို့ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) […]

ကံပေါက်တွင် အဝီစိရေတွင်းတူးသူများလာ

Dawei Watch

February 27, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် ယခုနှစ် နွေရာသီတွင် အဝီစိရေတွင်းတူးဖော်သူ များလာကြောင်း ဒေသခံများကပြောသည်။ ဖေဖော်ဝါရီလ တတိယအပတ် အတွင်း၌ပင် ကံပေါက်ကျေးရွာ ၊ ရပ်ကွက် ၄ ခု တွင် အဝီစိရေတွင်း ၈ တွင်းခန့် တူးဖော်ခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။ ခဲမဖြူနှင့်အဖြိုက်နက် ထွက်ရှိသည့် ကံပေါက်ဒေသတွင် မြို့ပေါ်ရပ်ကွက် ၁၀ ခု အနက် ရေတွင်းတူးဖော်နိုင်သည့် ရပ်ကွက် ၄ ခုခန့်သာရှိသဖြင့် နှစ်စဥ်နွေရာသီတွင် ရေအခက်အခဲကြုံရလေ့ရှိသည်။ “ အခုကတော့ ရေကရနေပြီ ။ ရေကမကြည်သေးဘူး။ တစ်လလောက်စောင့်ရဦးမယ်ပြောတယ်။ အရင်ကအဝီစိတွင်းတူးရင် မအောင်မြင်ဘူး ။ အခုကတော့ ရေထွက်ပြီးအောင်မြင်တယ်“ ဟု အဝီစိတူးဖော်ထားသည့် ကံပေါက်ဒေသခံတစ်ဦးကပြောသည်။ အဝစီစိတွင်းတစ်တွင်း ကုန်ကျငွေအနေဖြင့် တွင်းတူခ တစ်ပေ ကျပ်သုံးသောင်းခွဲနှုန်းဖြင့် ပေတစ်ရာနီးပါးတူးဖော်ရပြီး […]

ဘီးလင်းဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဟု KNU ပြော

Dawei Watch

February 27, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာခံ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ-၄၀၉ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက နောင်ကတုတ်ချောင်းအနီးရှိ ဒေသအခေါ် ပနာ့ကွီးနေရာတွင် ဝင်းတာပန်အထက်ရွာသား အသက် ၃၃ နှစ်အရွယ် စောချဝေါ် ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စောချခေါ်၏ ဘယ်ဘက်လက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန် ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ စောချဝေါ်သည် ဟင်းသီးဟင်းရွက်ခူးရန်၊ ဝါးခုတ်ရန် သွားစဉ် စစ်ကောင်စီတပ်နှင့် တွေ့ရာမှ ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ […]

မင်းပြားမြို့နယ်က မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ

Dawei Watch

February 27, 2024

ရခိုင်ပြည်နယ် မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နံနက်တွင် ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဗုံးလာကြဲခြင်းဖြစ်သည်ကြောင်း ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အရပ်သားပြည်သူများ၊ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လူဦးရေမည်မျှ ဒဏ်ရာရရှိသည်ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။ ယင်းဆေးရုံသည် ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ရုံဖြစ်ကြောင်း AA က ဆိုသည်။ စစ်ကောင်စီတပ် ရခိုင်ပြည်နယ်တွင် တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက် စခန်းများ စွာနှင့် မြို့များ […]

ထားဝယ်တွင်သီဟိုစေ့ ဈေးကောင်းရနေ

Dawei Watch

February 27, 2024

ထားဝယ်တွင် ယခုနှစ် သီဟိုရာသီအစတွင် ဈေးကောင်းရနေကြောင်း သီဟိုစိုက်တောင်သူများထံမှ သိရသည်။ ယမန်နှစ် ဖေဖော်ဝါရီလ သီဟိုရာသီအစတွင် သီဟိုစေ့တစ်ပိဿာလျှင် ၂၅၀၀ကျပ် ဝန်းကျင်ဖြင့် ဈေးဖွင့်၍စတင်ဝယ်ခဲ့သည်။ ယခုနှစ် ရာသီအစတွင် တစ်ပိဿလျှင် ကျပ် ၅၀၀၀ နှင့် ၅၅၀၀ကျပ် ကြား ဈေးရရှိကြောင်း သီ‌ဟိုဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။ “မနှစ်က အထွက်လည်းနည်းတယ်။ ဈေးလည်းသိပ်မရဘူး။ ဒီနှစ်ကျတော့ အထွက်လည်းများတယ်။ ဈေးလည်းပိုရတယ်” ဟု ရေဖြူမြို့နယ်ရှိ သီဟိုစိုက်တောင်သူတစ်ဦးက ပြောသည်။ သီဟိုအထွက်များသော်လည်း ဈေးကွက်ထဲသို့ ဝင်ရောက်မှုမှာ နည်းပါးနေ သေးသောကြောင့် ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း သီဟိုလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။ “ပစ္စည်းပေါလာရင် ဈေးပြန်ကျသွားနိုင်တယ်” ဟု သီဟို လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။ တနင်္သာရီတိုင်းတွင် သီဟိုအထွက်များဆုံးဒေသတွေဖြစ်သည့် ပုလော၊ သရက်ချောင်း၊ ထားဝယ်အရှေ့တော၊‌ ရေဖြူ စသည့် […]

ထားဝယ်အရှေ့တောဒေသကို လေယာဉ်ဖြင့် ယနေ့တစ်ရက်တည်း နှစ်ကြိမ်ဗုံးလာကြဲ

Dawei Watch

February 26, 2024

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က K8W အမျိုး အစား တိုက်လေယာဉ်ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၆ရက် ညနေ ၄နာရီခွဲခန့်တွင် ထပ်မံဗုံးလာကြဲ ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။ နှစ်ဖက်တိုက်ပွဲဖြစ်များသည့်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တောင်သုံးလုံးရွာဒေသခံတစ်ဦးတို့က ဆိုသည်။ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာဘက်ကို စစ်‌ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက် နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ ယနေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်ခန့်ကလည်း တောင်သုံးလုံးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း KNLA ထံမှ သိရသည်။ […]