ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်းစာနာမှုကူညီရေးဇုန်ကို ယခုလကုန်တွင်တည်ဆောက်ရန်စီစဉ်

Dawei Watch

February 6, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်တွင် မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး လုံခြုံရေးဇုန်တစ်ခုကို ယခုလကုန်ပိုင်းတွင် တည်ဆောက်သွားရန် စီစဉ်နေကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ဒုက္ခသည်များကို ဆေးဝါးနှင့် အစားအသောက်များ ထောက်ပံ့ပေးနိုင်မည့် အကူအညီပေးရေးဇုန်တစ်ခုကို မြဝတီ-မဲဆောက် နယ်စပ်အနီးတွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး Sihasak က ပြောသည်။ ယင်းအစီအစဉ်သည် ပဋိပက္ခဖြစ်ပွားနေမှုများကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားပြီး ဆွေးနွေးညှိနှိုင်းရေး လမ်းစများ ပေါ်ထွက်လာရေးအတွက်လည်း ရည်မှန်းထားကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။ ထိုအစီအစဉ်ထဲတွင် ထိုင်းနှင့် မြန်မာကြက်ခြေနီအသင်းများ ပါဝင်လာမည်ဖြစ်ပြီး အာဆီယံ၏ လူသားချင်း စာနာမှုအကူအညီများကို မြေပြင်သို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အကူအညီပေးရေးဇုန်တည်ဆောက်ရန်အတွက် အာဆီယံအထူးအစည်းအဝေးတွင် […]

လောင်းလုံးတရားရုံးမှ စာရွက်စာတမ်းများ သိမ်းဆည်းရမိဟု PDF ထုတ်ပြန်

Dawei Watch

February 6, 2024

လောင်းလုံးတရားရုံး၏ တရားရေးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် အသုံးအဆောင်ပစ္စည်းများကို နွေဦးပြောက်ကြားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က လောင်းလုံးမြို့နယ်၏ လမ်းပိုင်းတစ်နေရာတွင် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယနေ့(ဖေဖော်ဝါရီ ၆) နံနက် ၁၀ နာရီ ၅၀မိနစ်တွင် လောင်းလုံးထွေအုပ်ရုံးမှ ထွက်လာသည့် ကားတစ်စီးကိုဖမ်းဆီး စစ်ဆေးခဲ့ရာမှ ယင်းသို့သိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ကားပေါ်တွင် လောင်းလုံးမြို့နယ်တရာရုံးမှ အကြီးတန်းစာရေးဖြစ်သူ ဒေါ်စန္ဒာစိုးအပါအဝင် တရားရုံးဆိုင်ရာ စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ “ဖမ်းခံရတယ်လို့တော့ကြားတယ်။ နှစ်ယောက်လုံးက မြို့ခံတွေပါပဲ၊ ကားသမားကတော့ အငှားယာဉ်မောင်းပါ” ဟု မြို့ခံတစ်ဦးကပြောသည်။ နှစ်နာရီခန့် စစ်ဆေးပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါ်စန္ဒာစိုးနှင့် အငှားယာဉ်မောင်းဖြစ်သူ ကိုခင်‌ဇော်ဝင်းတို့ နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး တရားရေးဆိုင်ရာ စာရွက်စာတမ်းနှင့် အသုံးဆောင်ပစ္စည်းများကိုမူ သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ […]

တနင်္သာရီမြို့နယ်၊ မောတောင်ငယ်ရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 6, 2024

တနင်္သာရီမြို့နယ်၊ မောတောင်ငယ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းညီနောင်စစ်ကြောင်းနှင့် ဒေသခံအချို့က ပြောသည်။ “ကြဲတဲ့အလုံးရေက ၁၁ လုံး၊ လေယာဉ်အမျိုးအစားက ဟယ်လီကော်ပတာ Mi 2 နဲ့လာပြီးပစ်တာ၊ အပေါ်က 81 ကျည်နဲ့ပစ်တယ်။ အဆောက်အဦးနဲ့ ဒေသခံတွေထိခိုက်မှုတော့မရှိဘူး” ဟု တောင်ပိုင်းညီနောင်စစ်ကြောင်းမှ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီညီက ပြောသည်။ ထိုင်းနိုင်ငံနယ်စပ် မောတောင်မြို့၏ မြောက်ဘက်တွင်ရှိသည့် မောတောင်ငယ်ရွာသည် ထုံခါ-မောတောင်လမ်းပိုင်းတွင်တည်ရှိပြီး တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့်လည်း နီးသည်။ မောတောင်ငယ်မှာ ကရင်တိုင်းရင်းသားများ နေထိုင်သည့် ရွာငယ်လေးတစ်ခုဖြစ်သည်။ ထုံခါ-မောတောင် လမ်းပိုင်းတစ်လျှောက်ကို KTLA တပ်နှင့် တော်လှန်ရေးတပ်များက […]

မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်းများကို AA သိမ်းလိုက်ပြီဟု သတင်းထွက်

Dawei Watch

February 6, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသဖြင့် တပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ဟု သတင်းထွက်ကြောင်း ဒေသတွင်းသတင်းများနှင့် ဒေသခံအချို့ထံမှ သိရသည်။ မင်းပြားမြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်း သုံးရင်းရှိသည်။ ယင်းအနက် ခမရ ၃၈၀ တပ်ရင်းကို ဇန်နဝါရီလ ၂၈ ရက်တွင် AA က သိမ်းယူခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၆ရက်တွင် မင်းပြားမြို့ရှိ တပ်ရင်းများက စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော် လက်နက်ချကြပြီး ဌာနဆိုင်ရာ အကြီးအကဲအပါအဝင် မိသားစုဝင်များပါဆိုလျှင် လူငါးရာကျော်ရှိကြောင်း ဒေသတွင်းသတင်းဌာနတစ်ခု ဖြစ်သည့် နိရဉ္စရာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဒေသခံအချို့ထံ ဆက်သွယ်မေးမြန်းချက်အရလည်း မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို AA က သိမ်းယူလိုက်ပြီဟု ယနေ့ […]

သံဖြူဇရပ်၊ ကရုပ္ပိရွာပြည်သူ့စစ်ခေါင်းဆောင်နှင့်အဖွဲ့ဝင် ပြန်မလွတ်လာသေး

Dawei Watch

February 6, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာက ဖမ်းဆီးခံရသည့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးတို့ ပြန်လွတ်လာခြင်း မရှိသေးကြောင်း နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။ ကရုပ္ပိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့ အပြင် ရော်ဘာခြံ လုပ်သား ဦးမြဝင်း၊ ဦးစိုးမင်းနှင့် ဦးမော်ကွန်းတို့ကို ပြီးခဲ့သည့်ဇန်နဝါရီ ၂၉ ရက်နေ့က တောင်ညိုစစ်ကြောင်း တပ်ခွဲ (၁) က ရော်ခြံတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးသွားသူများအနက်မှ ရော်ဘာခြံလုပ်သားသုံးဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ သော်လည်း ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့ မလွှတ်လာသေးကြေင်း ဒေသခံတို့က ဆိုသည်။ ဦးမောင်စိန်နှင့် ဦးမောင်ကိုတို့ ဖမ်းဆီးခံထားရသည်မှာ တစ်ပတ်ကျော်ကြာလာပြီး သတင်းအစအနလည်း မရဖြစ်နေကြောင်း နီးစပ်သည့်ဒေသခံတစ်ဦးက ပြောဆိုသည်။ “ခြံသမား ၃ […]

မြိတ်မြို့ အနောက်လယ်ရပ် အမှတ် ၂ ဘောတံတားတွင် မီးလောင်

Dawei Watch

February 6, 2024

မြိတ်မြို့ ၊ အနောက်လယ်ရပ် ၊ အမှတ် ၂ ဘောတံတားအနီးတွင် ယနေ့(ဖေဖော်ဝါရီလ၆) မနက် ၁၁ နာရီခွဲဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဘောတံတားအနီးရပ်ထားသည့် စက်သုံးဆီများ တင်ထားသော လှေတစ်စီးမှ မီးစတင်လောင်ကျွမ်းကြောင်း ကနဦးသိရပြီး နောက်ဆက်တွဲ အခြေအနေကိုစုံစမ်းနေဆဲဖြစ်သည်။ အဆိုပါ မီးလောင်မှုတွင် လူထိခိုက်မှုမရှိကြောင်း မီးလောင်ပြင်တွင် သွားရောက်ကူညီပေးနေသည့် ပရဟိတအဖွဲ့များထံမှသိရသည်။ မီးလောင်မှုကို နေ့လယ် ၁၂နာရီ ၁၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ “ ကျွန်တော်တို့ အခုမီးလောင်ပြင်မှာဆက်ရှိနေသေးတယ် ။ မီးကြွင်းမီးကျန်တွေတော့ ကျန်သေးတယ် “ ဟု မြိတ်မြို့ခံပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခုနှစ်ဆန်းပိုင်းတွင်ပင် မြိတ်ခရိုင်တွင် မီးလောင်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

မြောက်ဦးနှင့် ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA သိမ်းယူ

Dawei Watch

February 6, 2024

ရခိုင်ပြည်နယ် မြောက်ဦးနှင့် ကျောက်တော်မြို့တို့ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ မြောက်ဦးမြို့တွင် စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၇၈ တပ်ရင်းကို ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) မှာ ကျောက်တော်မြို့တွင် အခြေစိုက်သည်။ မြောက်ဦးမြို့တွင် တပ်ရင်းသုံးခုရှိသည့်အနက် ခမရ ၅၄၀ တပ်ရင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိမ်းယူခဲ့သဖြင့် မြောက်ဦးတွင် သိမ်းယူခံရသည့် တပ်ရင်းနှစ်ခုအထိ ရှိလာတယ်။ ထို့ကြောင့် မြောက်ဦးတွင် ခမရ ၃၇၇ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့သည်။ ကျောက်တော်မြို့တွင် စကခ (၉) လက်အောက်ခံ ခမရ ၃၇၆ […]

ဖူးခက်တွင် ဆိုင်ကယ်ခိုးသည်ဟုဆိုကာ မြန်မာလုပ်သားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

February 5, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားမြို့ဖြစ်သော ဖူးခက်မြို့တွင် ဆိုင်ကယ်ခိုးသည်ဟုစွပ်စွဲချက်ဖြင့် မြန်မာအလုပ်သမား တစ်ဦး ဖေဖော်ဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖူးခက်မြို့ ကရွန်ဒေသ ကတာတောင်ကုန်းပေါ်တွင် အသက် ၃၂ နှစ်အရွယ် ကိုညီညီထွေးအမည်ရှိသော မြန်မာ အလုပ်သမားကို ညဘက်တွင် ဆိုင်ကယ်များ ပတ်ခိုးနေသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ ဖူးခက်မြို့အတွင်းရှိ ကရွန်ဒေသနှင့် အနီးတဝိုက်နေရာများတွင် ညဘက် ဆိုင်ကယ်များ ပျောက်ဆုံးနေသည်ကို ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက တိုင်ကြားချက်ရရှိထားခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် သံသယရှိသူကို ဖူးခက်တရားရုံးက ဝရမ်းထုတ်၍ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့များက CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံပြီး အသွင်ယူ၍ ဖမ်းဆီးရာ ကိုညီညီထွေးကို […]