နွမ်ဗျူးကို ပထမပွဲချီမှာတင် ဗရော်နီကာ အနိုင်ယူပြီး ၁၇ ပွဲဆက်အနိုင်ဖြင့် စံချိန်တင်
Dawei Watch
February 4, 2024၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် ကယန်းလက်ဝှေ့မယ် ဗရော်နီကာက ထိုင်းမွေထိုင်းလက်ဝှေ့မယ် နွမ်ဗျူးကို ပထမပွဲချီ၌ပင် အနိုင်ယူကာ ၁၇ ပွဲဆက်တိုက် အနိုင်ရရှိသည့်စံချိန်ကို တင်ရှိသွားနိုင်ခဲ့သည်။ ပြိုင်ပွဲ ၂ ခုတွင် ချန်ပီယံရွှေခါးပတ်ရရှိထားသော နွမ်ဗျူးသည် ဗရော်နီကာကို မည်သို့မျှယှဉ်နိုင်စွမ်း မရှိခဲ့ဘဲ ပထမပွဲချီ စတင်ပြီးနောက် စက္ကန့်အနည်းမျှသာ သူတင်ကိုယ်တင် ယှဉ်နိုင်ခဲ့ကာ ယင်းနောက်တွင်မူ အောက်စည်းသက်သက်ဖြင့်သာ ထိုးသတ်သွားခဲ့ရသည်။ အသာစီးအနေအထားကို ပိုင်ဆိုင်လိုက်ပြီးသည့် ဗရော်နီကာက ဖိအားပေးကာ လက်သီးချက်များ၊ ခြေကန်ချက်များ ဆက်တိုက်ပစ်လွှတ် ထိုးသတ်လိုက်သည့်အတွက် နွမ်ဗျူးသည် ကြိုးဝိုင်းကြမ်းပြင်ထက်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့ပြီး ကြိုးဝိုင်ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်ပြီးချိန်တွင် ဆက်လက်ထိုးသတ်ရန် အသင့်အနေအထားဖြင့် မတ်တပ်ပြန်ရပ်လာနိုင်ခဲ့သည့်အတွက် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကို ဆက်လက်ထိုးသတ်ရန် ခွင့်ပြုလိုက်သေးသည်။ သို့သော် ပွဲပြန်လည်ထိုးသတ်ချိန် စက္ကန့်ပိုင်းအတွင်း၌ပင် ဗရော်နီကာ၏လက်သီးချက်များကို […]


