ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်အပါအဝင် သုံးဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖမ်းခေါ်
Dawei Watch
February 28, 2024ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ကျောင်းအုပ်ကြီးအပါအဝင် သုံးဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကျောင်းဝင်းအတွင်းရှိနေသူတစ်ဦးက ပြောသည်။ အဖမ်းခံရသူ သုံးဦးမှာ ကျောင်းအုပ်ကြီး ဒေါက်တာကျော်အောင်၊ အင်္ဂလိပ်စာဌာနမှူး ဒေါ်စုစုလတ်၊ မြို့ပြအင်ဂျင်နီယာဌာနမှူး ဒေါ်နန္ဒာလွင်တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကျောင်းသူ၊ ကျောင်းသာများမှာ ကျောင်းအတွင်း ၃ နာရီခန့်ပိတ်မိခဲ့ပြီး ညနေ ၃ နာရီကျော်တွင် ပြန်လွှတ်ပေးနေပြီဖြစ်သည်ဟု ဆိုသည်။ “စစ်တပ်က ကျောင်းထဲရောက်နေပြီ။ သူတို့လုံခြုံရေးယူပြီးတော့ ကျောင်းကားနဲ့ ကျောင်းသားတွေကို ပို့ပေးမယ်လို့ ပြောနေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။ ထားဝယ်နည်းပညာတက္ကသိုလ်မှာ ထားဝယ်မြို့အပြင်ဘက် ၈ မိုင်ခန့်အကွာတွင်တည်ရှိသည်။ လာရောက်ဖမ်းဆီးသွားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်နှင့် ဖမ်းဆီးရသည့် အကြောင်းအရင်းကိုမူ […]


