၅ နာရီကြာ ပြင်းထန်ခဲ့သည့် လောင်းလုံးမြို့ပေါ်တိုက်ပွဲ
Dawei Watch
January 30, 2024လောင်းလုံးမြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၃၀) နံနက် ၆ နာရီခွဲခန့်မှစ၍ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများက စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ဝင်ရောက်တိုက်ခိုက်ရာမှ ၅ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးရုံး(စရဖ)နှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲအတွင်း စရဖရုံးနှင့် မြို့နယ်စာရင်းစစ်ရုံးရှိ စာရွက်စာတမ်းများ မီးရှို့ခံခဲရကြောင်း မြို့ခံအချို့ကပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ရေတပ်ကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်မှစပြီး လောင်းလုံးမြို့၏ အနောက်ဘက် ပင်လယ်ပြင်မှ ပစ်ကူပေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “မွန်းတည့် ၁၂ နာရီ ကျော်အထိ ပစ်နေတာ”ဟု သူမကပြောသည်။ တိုက်ပွဲအတွင်း ပစ်ခတ်သည့်လက်နက်ကြီး ကျည်သုံးလုံးသည် အနောက်သဗျာရွာအနီး […]


