ကျောက်တော်မြို့က တပ်ရင်းတစ်ခုကို AA သိမ်းယူ
Dawei Watch
January 31, 2024ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ဇန်နဝါရီလ ၃၀ ရက်တွင် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့တွင် နေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အဆိုပါ သုံးမြို့နှင့် ရသေ့တောင်မြို့ရှိ စစ်ကောင်စီတပ်ရင်းများကို တစ်ခုပြီး တစ်ခုသိမ်းယူရန် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စကခ (၉) လက်အောက်ခံ မင်းပြားအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၈၀ တပ်ရင်းကိုလည်း စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေသည့်ကြားမှ ဇန်နဝါရီလ ၂၈ […]


