ကော့သောင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်မီးရှို့
Dawei Watch
March 23, 2024ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်ခရိုဝေဖ့်တာဝါတိုင် စခန်းကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ကော်သူးလေတပ်နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။ KTLA ဒုတပ်ရင်းမှူး ဗိုလ်ကီးဒို ဦးဆောင်ပြီး၊ Flying Star Force နှင့် ဘုတ်ပြင်း မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ “မနေ့ ကတိုက်ခိုက်တာမှာ သူတို့ဘက်က အင်အား ၅၀ လောက်ရှိတယ်။ ကျွန်တော်တို့ဘက်က တော့ ထိခိုက်ကျဆုံးမှုမရှိဘူး။ သူတို့က တစ်ဦးကျတယ်။ ဒဏ်ရာရသူများပြီး ဆုတ်သွားတယ်။ စခန်းကိုတော့ ကျွန်တို့မီးရှို့လိုက်တယ်”ဟု Flying Star Force တပ်ဖွဲမှ တာဝန်ရှိသူက ပြောသည်။ မနေ့ကစခန်းသိမ်းတိုက်ပွဲအတွင်း မိုင်ခရိုဝေဖ့် တောင်ကုန်းစခန်းနှင့် တစ်မိုင်ခန့်အကွာတွင် ရှိသည့် ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း […]


