ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက္ခမီတွင် စိတ်ကြွဆေးပြားရောင်းသည်ဆိုကာ အသက် ၇၀ အရွယ် အမျိုးသားအပါအဝင် ၂ ဦးကိုဖမ်းဆီး

Dawei Watch

January 26, 2024

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်တွင် စိတ်ကြွဆေးပြား ရောင်းချနေသည့် အသက် ၇၀ အရွယ်အမျိုးသားအပါအဝင် အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ အောင်ပင်လယ်ရပ်ကွက်၊ အောင်နိဗ္ဗာန်လမ်းသွယ်ရှိ ဦးတင်မြ၏ နေအိမ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီချိန်တွင် ကျိုက္ခမီ ရဲတပ်ဖွဲ့ဝင်ရောက်ရှာဖွေရာမှ ယင်းသို့ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၇၀ နှစ်အရွယ် ဦးတင်မြင့်နှင့် အသက် ၂၅ နှစ်အရွယ် စိုးထက်အောင် တို့နှစ်ဦးကို WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၁ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ်အား ဆက်လက်ရှာဖွေရာ ဦးတင်မြင့်ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈ ပြား၊ စိုးထက်အောင်၏ ဘောင်းဘီအိတ်ကပ်မှ WY စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြားတို့ကို […]

ပုလောမြို့နယ် ဆယ်အိမ်စုကျေးရွာပစ်ခတ်မှုတွင် တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံး

Dawei Watch

January 25, 2024

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် KNDO နှင့် PDF တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ယနေ့(ဇန်နဝါရီ ၂၅)ရက်စွဲဖြင့် သတင်းထုတ်ပြန်လာသည်။ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း(ပုလော)မှ ဒရုန်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်က ဆယ်အိမ်စုရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမှတ်(၁)တပ်ရင်းမှ ရဲဘော် ဦးဦးနှင့် KNDO တပ်ခွဲ(၅)မှ ရဲဘော်ပွန်ညာ တို့ ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ “ဒရုန်းနဲ့ ဗုံးသီးချဖို့ ရှေ့ပြေးပွိုင့်လွှတ်ချိန် ပွိုင့်သွားတဲ့ရဲဘော် ၂ ဦးအပစ်ခံရတာ ခင်ဗျ၊ (စကစ)သူတို့လည်းအလာ ကိုယ်လည်းအလာမှာ သူတို့ဘက်က လက်ဦးသွားတာပါခင်ဗျ” ဟု ယင်းတပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။ ရှေ့ပွိုင့်ရဲဘော်နှစ်ဦးနှင့်အတူ Shotgun […]

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချရန် စစ်ကောင်စီတရားရုံးအမိန့်ချ

Dawei Watch

January 25, 2024

မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ နေအိမ်ကို လေလံတင်ရောင်းချရန် စစ်ကောင်စီ၏ ကမာရွတ်မြို့နယ် တရားရုံးက ယနေ့ ဇန်နဝါရီလ ၂၅ရက်တွင် အမိန့်ချလိုက်သည်။ ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း သုံးသန်း တစ်သိန်း ငါးသောင်းကျပ်သတ်မှတ်ပြီး လာမည့် မတ်လ ၂၀ ရက်တွင် လေလံတင်ရောင်းချရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြကြသည်။ ခြံအမှတ် ၅၄ နေအိမ်ရှေ့တွင်ပင် လေလံတင်ရောင်းချရန် အမိန့်ချခဲ့ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူတို့ကို ကိုးကားကာ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဒေါ်ခင်ကြည် အမည်ပေါက်သည့် အဆိုပါခြံကို လေလံတင်ရောင်းချပြီး မောင်နှမနှစ်ဦး တစ်ယောက်ထက်ဝက်စီ ခွဲယူရန် သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက အထူးအယူခံလျှောက်ထားမှုကို ယင်းတောင်းဆိုချက်အတိုင်းပင် စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော် […]

မလေးရှား အော်ပရာစီဖမ်းဆီးမှုတွင် မြန်မာ ၆၄ ဦးကျော် ဖမ်းဆီးခံရပြီး တစ်ဦး ဒဏ်ရာရ

Dawei Watch

January 25, 2024

မလေးရှားနိုင်ငံ နဂရီဆမ်ဘီလန်ပြည်နယ်တွင် အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးရေးစီမံချက်ဖြစ်သော အော်ပရာစီဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၆၄ ဦးကျော်အပါအဝင် နိုင်ငံခြားသား ၁၁၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်လိုက်သည်။ ပတ်ဝန်းကျင်က တိုင်ကြားမှုကြောင့် ဆရင်ဘန်း ၂ တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးခံရသူများတွင် မြန်မာအမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် ကလေး ၄ ဦး စုစုပေါင်း ၁၀၉ ဦး ပါဝင်ခဲ့သည်။ စစ်ဆေးမှုအတွင်း အသက် ၃၅ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ၂ ထပ်အမြင့်မှ ခုန်ချပြီး ထွက်ပြေးရန် ကြိုးစားသဖြင့် ခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများနှင့်အတူ […]

ကော့သောင်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

Dawei Watch

January 25, 2024

ကော့သောင်းမြို့တွင် ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှသိရသည်။ ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွာအနီး ၁၄ မိုင်နှင့် ၁၅ မိုင်ကြားတွင် ဆိုင်ကယ်နှစ်စီး တိုက်မိခြင်းဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူကပြောသည်။ “သေတဲ့သူက နောက်စေ့ပွင့်ထွက် သွားတယ်”ဟု ၎င်းကပြောသည်။ ယာဉ်တိုက်မှုကြောင့် ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာသား အသက် ၅၀ ဝန်းကျင်ရှိ ပသျှူးအမျိုးသား ဖြစ်သည့် ကိုအမှီး ဆိုသူ သေဆုံးခဲ့သည်။ ‌ဒဏ်ရာရရှိသည့် အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ ၂ မိုင် ဆေးရုံတွင် ဆေးကုသခံယူနေပြီး နောက်တစ်ဦးမှာ ပြင်ပလူနာဌာနတွင် ကုသမှုခံယူခဲ့ရကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ က ကော့သောင်းမြို့တွင် ယာဉ်တိုက်မှု ၈ မှုထက်မနည်းဖြစ်ခဲ့သည်။

ပီတာ လွှတ်တော်ပြန်တက်ပြီ

Dawei Watch

January 25, 2024

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီတာကို iTV ရှယ်ယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြစ်မရှိကြောင်း တရားရုံးက အမိန့်ချခဲ့ပြီးနောက် ယနေ့ (ဇန်နဝါရီ ၂၅) နံနက်ပိုင်းတွင် လွှတ်တော်ပြန်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပီတာသည် iTV ရှယ်ယာပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေကို ကျူးလွန်မှုမရှိသဖြင့် အပြစ်မရှိကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပီတာကို iTV ရှယ်ယာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပီတာသည် လွှတ်တော်အမတ်အဖြစ်ရော ပါတီခေါင်းဆောင်နေရာကိုပါ စွန့်လွှတ်ထားခဲ့ရသည်။ ၆ လခန့်အကြာတွင် ပီတာသည် လွှတ်တော်အမတ်နေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ […]

ပေါက်တောမြို့ကို AA သိမ်းယူ

Dawei Watch

January 25, 2024

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ရက် ၉၀ ပြည့်နေ့ဖြစ်သည့် ဇန်နဝါရီလ ၂၄ ရက် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြခြင်းဖြစ်သည်။ ပေါက်တောမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟုသာ ဖော်ပြထားပြီး ထိန်းချုပ်နိုင်ခဲ့သည့် နေ့ရက်အပါအဝင် မြို့ကို သိမ်းယူခဲ့သည့် အသေးစိတ်အချက်အလက်တို့ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပေါက်တောမြို့ကို ဇန်နဝါရီလ ၁၉ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ပစ်ခတ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်သင်္ဘောဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် မြို့ကို AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း […]

ကံပေါက်ဒေသတွင် နေအိမ်ငါးလုံးထက်မနည်းရှာဖွေခံရပြီး ဒေသခံလေးဦးဖမ်းဆီးခံရ

Dawei Watch

January 24, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ ရပ်ကွက်နှစ်ခုတွင် နေအိမ် ငါးလုံးထက်မနည်းကို မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ ဝင်ရောက်ရှာဖွေခဲ့ပြီး ဒေသခံလေးဦး ဖမ်းဆီးခံရကြောင်း ရွာသားများက ပြောသည်။ ဇန်နဝါရီလ ၂၃ ရက် သန်းခေါင်ယံချိန်က မြသီတာရပ်ကွက်နှင့် မိကျောင်းအိုင်ရပ်ကွက်တို့ကို ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိကျောင်းအိုင်ရပ်ကွက်ရှိ လမ်းမတန်းရပ်ကွက်ခွဲတွင်နေထိုင်သည့် အလှပြုပြင်ရေးနှင့် မင်္ဂလာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် သည့် ကိုတိုးတိုးအောင်နှင့် မထိုက်ထိုက်ဇင်မင်းတို့ ဇနီးမောင်နှံနှစ်ဦးနှင့် မိကျောင်းအိုင်ရပ်ကွက်တွင် နေထိုင်သည့် ဦးကိုကိုဦးနှင့် ဇနီးတို့နှစ်ဦး စုစုပေါင်းလေးဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။ “အိမ်ကို အရင်ဝင်ဝိုင်းလိုက်တယ်။ ပစ္စည်းတွေကို ရှာဖွေတာတော့ မဟုတ်ဘူး။ မိနစ် ၃၀လောက်မေးမြန်းပြီးမှ ဦးကိုကိုဦးရဲ့ ဇနီးကို ခေါ်သွားမယ်ဆိုပြီးပြောလို့ ဦးကိုကိုဦးက လိုက်သွားတယ်။ အိမ်မှာရှိတဲ့ဖုန်းတွေတော့ အကုန်ယူသွားတယ်။ ကလေး ကြည့်တဲ့ […]