ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးတွင် မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ

Dawei Watch

January 24, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၂၄) နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်လိုက်သည်။ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်ချခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မွန်ငြိမ်ချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ နိုင်စိုးသူအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာသည့်ကားကို ရေးဘီလူးအဖွဲ့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးစလုံး သေဆုံးသွားခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အာယုတောင်နှင့် […]

လောင်းလုံး ကျောက်ဆင်ရွာတွင် ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရ

Dawei Watch

January 24, 2024

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယနေ့(ဇန်နဝါရီ ၂၄) ညနေ ၅ နာရီဝန်းကျင်ခန့်က ဆိုင်ကယ် နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ကျောက်ဆင်ရွာအဝင် စာသင်ကျောင်းအနီးတွင် တိုက်မိခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ကျွန်တော်မြင်တဲ့အချိန် တစ်ယောက်က ဆိုင်ကယ်အောက်မှာပိနေတာ ကျန်တဲ့ သုံးယောက်က ဆိုင်ကယ်ဘေးမှာ လဲနေကြတယ်။ ပိနေ‌တဲ့ တစ်ယောက်က မလှုပ်တော့ဘူး”ဟု ၎င်းကပြောသည်။ ဆိုင်ကယ်တိုက်မှုကြောင့် အသက် ၂၀ ကျော်အရွယ်ရှိ ကရင်ကြီးရွာသား ကိုစုစုလေးနှင့် မောင်းမကန် ရွာသားတစ်ဦးမှာ အခင်းဖြစ်ရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ ဒဏ်ရာရသူ နှစ်ဦးအနက် တစ်ဦးမှာ အပြင်းထန်ဒဏ်ရာရရှိထားပြီး ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။

ကော့သောင်းတွင် ၂၀၂၃ ခုနှစ်အတွင်း အိမ်ရာမဲ့ ၁၀ ဦးကျော် သေဆုံး

Dawei Watch

January 24, 2024

ကော့သောင်းတွင် ၂၀၂၃ ခုနှစ်အတွင်း အိမ်ရာမဲ့ သေဆုံးသူ ဆယ်ဦးကျော်ခန့်ရှိသည်ဟု ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ ထံမှသိရသည်။ သေဆုံးသူများမှာ အသက် ၃၀ မှ ၅၀ ကြားရှိပြီး ကော့သောင်းနယ်ခံများ မဟုတ်ကြကြောင်း၊ မူးယစ်ဆေးနှင့်အရက်စွဲကာ၊ အစာရေစာပြတ်တောက်ပြီး သေဆုံးကြခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ “အဓိကက အစာရေစာပြတ်သေကြတယ်။ အမျိုးသမီးက နည်းပါတယ် သုံးလေးနှစ်မှ တစ်ယောက်ပဲ တွေ့ရတတ်တယ်”ဟု ၎င်းကပြောသည်။ တနင်္သာရီတိုင်း ကော့သောင်းမြို့သည့် မြန်မာနိုင်ငံတောင်ဘက်စွန်းတွင်ရှိပြီး ထိုင်းနိုင်ငံ ရနောင်းမြို့၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ကြသူများ အဆင်မပြေသဖြင့် မြန်မာနိုင်ငံ ပြန်ရောက်လာရာတွင် နေရပ်မပြန်ကြတော့ဘဲ ကော့သောင်း၌ အဆင်ပြေသလိုနေရာမှ အိမ်ရာမဲ့များ ဖြစ်လာကြခြင်းဖြစ်သည်။ ” သူတို့က ဒီလိုပဲတောင်းစားတယ်။ သူတို့ရသလောက် မအိုဆေး (အရက်) မှီဝဲတယ် […]

ပုလော PDF ဒုတပ်ရင်းမှူးကို အရေးယူရန် MOD က ညွှန်ကြားထားပြီဟုဆို

Dawei Watch

January 24, 2024

မြိတ်ခရိုင် PDF တပ်ရင်း(၁) ပုလော PDF ဒုတပ်ရင်းမှူးကို အရေးယူရန်အတွက် MOD (အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန)က ညွှန်ကြားထားပြီဖြစ်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ်(၃)၊ ဒု-စစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက ပြောသည်။ “MOD ကနေပြီးတော့ အရေးယူမယ်လို့ပြောတဲ့ကိစ္စကို ကျွန်တော်တို့စာလည်းထုတ်ပြီးပါပြီ သက်ဆိုင်တဲ့ပုဂ္ဂိုလ်ကိုလည်း ကျွန်တော်တို့ခေါ်ယူထားတဲ့ အနေအထားရှိပါတယ်နော်” ဟု ရဲဘော်ဂျူပီတာက ဆိုသည်။ မွမ်းမံသင်တန်းမတက်သည့် ရဲဘော်ရောင်နီကို ဒီဇင်ဘာ ၂၃ ရက်တွင် ဒုတပ်ရင်းမှူး ကျော်ထင်အောင်က သေနတ်ဒင်ဖြင့် ခေါင်းကိုရိုက်ခြင်း၊ သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ခြင်း၊ အချုပ်ချထားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအပြင် အောက်လက်ငယ်သားအပေါ် ယင်းသို့လုပ်ခွင့်ရှိသလောဟု မေးခွန်းထုတ်ခဲ့သည့် ပုလော PDF တပ်ရင်း(၁)မှ ဒုဘဏ္ဍာရေးမှူးလည်းဖြစ် CDM ကျောင်းဆရာလည်းဖြစ်သူ ကိုစံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှူးက ပါးရိုက်ခဲ့သည်။ ယင်းသို့ လုပ်ထုံးလုပ်နည်းနှင့် […]

ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် နှစ်ဖက်ပစ်ခတ်မှုများဆက်တိုက်ဖြစ်

Dawei Watch

January 23, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၂ရက် မွန်းလွဲပိုင်းက ညောင်ပင်ကွင်းကျေးရွာအုပ်စု ပျို့အိုင်ရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၃ရက် နံနက် ၇ နာရီခန့်တွင်လည်း နှစ်ဖက် ပစ်ခတ်မှုထပ်မံဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “(နှစ်ဖက်ပစ်ခတ်တာ) တောက်လျှောက်ဖြစ်နေတာ။ တပ်ရင်းနားမှာ ကပ်ပြီး ကျွန်တော်တို့ ပစ်နေတာ။ မနေ့ကလည်း တစ်နေ့လုံး ဖြစ်နေတယ်။ ဒီနေ့လည်း တစ်နေ့လုံးဖြစ်နေတယ်” ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ပြန်ကြားရေး တာဝန်ခံ ကိုဟိန်းက ပြောဆိုသည်။ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သလို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကိုလည်း […]

ထားဝယ်တွင် ကွမ်းသီးခြောက် တစ်ပိဿာ လေးထောင်ကျော် အထိစျေးမြင့်

Dawei Watch

January 23, 2024

ထားဝယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ်လေးထောင်ကျော်အထိ ဖြစ်လာကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းများထံမှသိရသည်။ ဇန်နဝါရီ ပထမပတ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၂၇၀၀ ခန့်သာရှိရာမှ ယခု ဇန်နဝါရီလ တတိယအပတ်တွင် ကျပ် ၄၀၀၀ ကျော်အထိ တဖြည်းဖြည်း ဈေးတက်လာသည်။ “အရင်ပတ်က ပြောသလိုပါပဲ ပြည်တွင်းသိုလှောင်မှု ဝယ်လိုအားကြောင့်ပါ ကုန်သည်တွေကလည်း အဲဒီအပေါ်မှာလိုက်ဝယ်ကြတဲ့ သဘောရှိတယ် “ဟု ထားဝယ်မြို့ရှိ ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ သို့သော် တောင်သူအများစုမှ ယခုနှစ် ကွမ်းသီးဈေး စတက်ချိန်တွင် ရောင်းချထားပြီး ဖြစ်သောကြောင့် တောင်သူများ၏ လက်ဝယ်တွင် ကွမ်းသီးလက်ကျန် နည်းပါးနေပြီဖြစ်ကြောင်း ရေဖြူမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနှစ်က တစ်ပိဿာ ၁၅၀၀ လောက်ပဲရှိတာ မရောင်းဘူး ထားထားတယ်။ အခုနှစ် ၁၁ လပိုင်းကုန်လောက်က […]

မွန်ဝါရင့်နိုင်ငံရေးသမား နိုင်ငွေသိန်း ကွယ်လွန်

Dawei Watch

January 23, 2024

မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် နိုင်ငွေသိန်း (ခေါ်)နိုင်ဂျနူမွန်သည် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ရန်ကုန်မြို့ တွင် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ အသက် ၈၉ နှစ်အရွယ် နိုင်ငွေသိန်းသည် ရန်ကုန်မြို့ အာရှတော်၀င်ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့က ပြောသည်။ နိုင်ငွေသိန်းသည် ကရင်ပြည်နယ်၊ ထုံးအိုင်ရွာဇာတိဖြစ်ပြီး ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။ နိုင်ငွေသိန်း၏ ရုပ်အလောင်းကို မော်လမြိုင်သို့ သယ်ဆောင်လာမည်ဖြစ်ပြီး စျာပနအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ နိုင်ငွေသိန်းသည် ဘုန်းကြီးကျောင်းတွၚ် အကြီးတန်းအထိ ပညာသင်ကြားခဲ့ကာ ကိုရင်ဘဝဖြင့်ပင် ၁၀ တန်းအောင်ခဲ့ပြီး တက္ကသိုလ်ပညာများကို ဘွဲ့ရသည်အထိ သၚ်ကြားခဲ့သည်။ […]

မြိတ်မြို့ ရှမ်းချောင်းဝန်ထမ်းရပ်ကွက်တွင် နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး

Dawei Watch

January 23, 2024

မြိတ်မြို့၊ ရှမ်းချောင်းဝန်ထမ်းရပ်ကွက်၊ (၈) လမ်းနှင့် (၉) လမ်းကြားတွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၂၀မိနစ်တွင် နေအိမ်မီးလောင်ကြောင်း မြို့ခံများက ပြောသည်။ ၈ လမ်းက စတင်မီးလောင်ကျွမ်းကာ ၉လမ်းသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ “(နေအိမ်) သုံးလုံးပြာကျသွားတယ်။ တစ်လုံးက အုတ်ခံအိမ်။ကျန်တာကတော့ ရိုးရိုးသစ်အိမ်တွေပဲ” ဟု မီးလောင်မှုအနီး ရောက်ရှိနေခဲ့သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။ မီးလောင်မှုဖြစ်ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း လူနေအိမ် သုံးလုံးမီးလောင်ကျွမ်းသွားကြောင်း မြို့ခံတို့က ဆိုသည်။ မီးလောင်မှုအတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး မီးခိုးမွှန်သဖြင့် အောက်ဆီဂျင်ပေးခဲ့ရကြောင်း ပရဟိတအသင်းများထံက သိရသည်။ ဝါယာရှော့ခ်မှ စတင်မီးလောင်ကျွမ်းသည်ဟု ပြောဆိုနေသော်လည်း အကြောင်းအရင်း အတိအကျကိုမူ […]