ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်

Dawei Watch

April 14, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပျံလွန်တော်မူသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ သံကလောင်းကျေးရွာ ကျောင်းထိုင်ဆရာတော်သည် ဒါယကာတစ်ဦးနှင့်အတူ ကားဖြင့် ကျောင်းမှ ထွက်လာစဉ်မှ တရနာကျေးရွာအဝင် ကျွန်းကုန်းနေရာအရောက်တွင် စစ်ကောင်စီတပ်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သက်တော် ၆၀ ဝန်းကျင်ရှိ သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် အရှင်ဝါယာမ ပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော်နှင့်အတူ ပါလာသည့် ဒါယကာလည်း ကျည်ဆန်ထိမှန်ခဲ့သည်။ “ဆရာတော်နဲ့ ဒါယကာတစ်ယောက်နဲ့က ကားနဲ့ ကျောင်းကနေ ထွက်လာတာ တရနာမရောက်ခင် လမ်းမှာပဲ ပစ်ခံရတယ်။ အဲနေရာက စစ်တပ်တွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျောင်းထိုင်ဆရာတော်နှင့်ဒါယကာတို့ ပစ်ခတ်ခံရသည့် နေရာတဝိုက်မှာ […]

မြိတ်တွင် သင်္ကြန်အကြိုနှင့် အကျရက်များအတွင်း ယာဥ်မတော်တဆမှုကြောင့် အမျိုးသား ၂ ဦးသေဆုံး

Dawei Watch

April 14, 2024

မြိတ်မြို့တွင် သင်္ကြန်အကြိုနှင့် အကျရက်များဖြစ်သည့် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ယာဥ်မတော်တဆမှုများကြောင့် အမျိုးသားနှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း မြို့ခံလူမှုကူညီကယ်ဆယ်ရေးအသင်းများထံက သိရသည်။ ယနေ့ဧပြီ ၁၄ ရက် နေ့လယ် ၂ နာရီခွဲတွင် မြိတ်တောင်ရပ်ကွက် မြို့ပတ်လမ်းရှိ ရေကစားမဏ္ဍပ်ငယ်တစ်ခုအနီး ရေကားနှင့်မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သည့် အသက်၂၃နှစ်အရွယ် အမျိုးသားသေဆုံးသွားကြောင်း မိဘမေတ္တာကျန်းမာရေး အထောက်အကူပြုယာဥ် ပရဟိတအဖွဲ့ကပြောသည်။ “ လမ်းအကွေ့ပုံစံတောင်ဆင်းမှာ ရေကားကအဆင်း၊ ဆိုင်ကယ်ကအတက် ၊ ရေကစားမဏ္ဍပ်ကရေပက်နေတော့ ရှောင်လိုက်တာ ကားနဲ့မျက်နှာချင်းဆိုင် ဖြစ်သွားတယ်။ ဆိုင်ကယ်မောင်းတဲ့လူက ပွဲချင်းပြီးသွားတယ်။ နောက်တစ်ယောက်က ဆေးရုံမှာ သတိပြန်ရနေပြီ” ဟု ယင်းအသင်းတာဝန်ရှိသူက ပြောပြသည်။ သေဆုံးသွားသူမှာ ထားဝယ်ဒေသခံဖြစ်ပြီး မြိတ်တွင်ရေလုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေသူဖြစ်ကြောင်းနှင့် မိသားစုနှင့်လည်း အဆက်သွယ်ရပြီဖြစ်ကြောင်း ယင်းအသင်းထံကသိရသည်။ သင်္ကြန်အကြိုနေ့ […]

ရေကစားသူ အနည်းငယ်သာရှိခဲ့သည့် ထားဝယ်သင်္ကြန် အကျနေ့

Dawei Watch

April 14, 2024

စစ်ကောင်စီက စည်ကားစေရန်ကြိုးစားလုပ်ဆောင် နေသော်လည်း တနင်္သာရီတိုင်းမြို့တော် ၊ ထားဝယ်မြို့၏ သင်္ကြန်အကျနေ့(ဧပြီ၁၄ရက်)တွင် ရေကစားသူ အနည်းငယ်သာရှိခဲ့သည်။ မြို့တော်ခန်းမအရှေ့ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်အနီး ဆောက်လုပ်ထားသည့် စစ်ကောင်စီတိုင်းအစိုးရ၏ ဖျော်ဖြေရေးမဏ္ဍပ်တွင် ရေကစားသူအချို့နှင့် ဖျော်ဖြေရေး လာရောက်ကြည့်ရှူသူအချို့ကို မြင်တွေ့ရသည်။ သို့သော်ရပ်ကွက်အချို့ ရှိ လမ်းသွယ်များတွင်လည်း ဧပြီလ ၁၁ ရက် ထားဝယ်ကလေးသင်္ကြန်အစရက် ကစ၍ ရေကစားသူများရှိကြောင်း မြို့ခံများကပြောသည်။ ဧပြီ ၁၀ ရက်က ထားဝယ်မြို့တွင် သင်္ကြန်အကြိုမိုး စတင်ရွာသွန်းခဲ့ပြီး ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကစ၍ ပိတောက်ပန်းများလည်းပွင့်နေကြသည်။ ထားဝယ်မြို့တွင် စစ်ကောင်စီမှစီစဥ်သည့် တိုင်းအစိုးရမဏ္ဍပ်အပါအဝင် မဏ္ဍပ် ၃ ခု သာ ရှိပြီး အခြားဖျော်ဖြေရေးမဏ္ဍပ်များမတွေ့ရပေ။

အီရန်က ဒရုန်းနှင့်ဒုံးကျည် ၂၀၀ ကျော်ကို ပစ်လွှတ်ပြီး အစ္စရေးကိုတိုက်ခိုက်

Dawei Watch

April 14, 2024

လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးကို ဒရုန်းနှင့်ဒုံးကျည် ၂၀၀ ကျော်ကို ပြီးခဲ့သည့်နာရီပိုင်း (ဧပြီလ ၁၄ ရက်နေ့နံနက်)က ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ ယင်းပစ်ခတ်မှုများမှာ အစ္စရေးနိုင်ငံသို့ရောက်ရှိရန် ၆ နာရီခန့်ကြာခဲ့ပြီး အစ္စရေးအနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများကို ကြားဖြတ်တိုက်ခိုက်နိုင်ရန် ကြိုတင်လုပ်ဆောင်မှုများ ဆောင်ရွက်ထားခဲ့သည်။ အစ္စရေးနိုင်ငံတစ်ဝန်းတွင် လေကြောင်းစီးနင်းမှုဆိုင်ရာ ဥဩဆွဲသံများနှင့် ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး အစ္စရေးဘက်က ကြားဖြတ်ဟန့်တားမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်တိုင် အစ္စရေးပိုင်နက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် ဒုံးကျည်များရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြနေသည်။ ဒုံးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒန်နီရယ်လ် ဟာဂါရီက အသိပေးသွားခဲ့သည်။ အီရန်သည် ဆီးရီးယားရှိ ၎င်းတို့၏သံရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့သည်ကို လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဒရုန်းနှင့် ဒုံးကျည်များပစ်လွှတ်ကာ အစ္စရေးကို လက်တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ […]

သင်္ကြန်အကြိုနေ့ လောင်းလုံးတွင် သပိတ်စစ်​ကြောင်းချီတက်၍ သံချပ်ထိုးဆန္ဒထုတ်ဖော်

Dawei Watch

April 13, 2024

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဧပြီလ ၁၃ ရက်နေ့(သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းချီတက်ခြင်း နှင့် သင်္ကြန်သံချပ်ထိုး၍ ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ က ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး လောင်းလုံးဒေသခံများပူးပေါင်းပါဝင်ခဲ့ကြသည်။

မလွှဲတောင် ကိုးမိုင်ရွာတိုက်ပွဲတွင် ဒေါနစစ်ကြောင်းမှ စနိုက်ပါတာဝန်ခံ ကျဆုံး

Dawei Watch

April 13, 2024

ရေးမြို့နယ်၊ ကိုးမိုင်ရွာ အခြေစိုက် ခလရ ၂၉၉ စစ်ကောင်စီတပ်ရင်းကို ဧပြီ ၁၂ ရက်နေ့က မွန်နှင့်တနင်္သာရီ တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် ဒေါနစစ်ကြောင်းမှ စနိုက်ပါတပ်စုတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံးခဲ့ကြောင်း ယင်းစစ်ကြောင်းက ယနေ့ထုတ်ပြန်သည်။ “စနိုက်ပါတပ်စုက ခေါင်းဆောင်ဆိုတော့ ဆုံးရှုံးမှုကြီးတယ်။ စစ်ကြောင်းက တာဝန်ရှိသူတွေလည်း အတော်စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ဒေါနတပ်ခွဲ ၄ တာဝန်ခံက ပြောသည်။ ကိုးမိုင်ရွာ တိုက်ပွဲတွင် ရဲဘော်စောဘိုလေးကျဆုံးသည့်အပြင် အခြားရဲဘော်နှစ်ဦးလည်း လက်နက်ကြီးအစစင်၍ ဒဏ်ရာရခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကိုမူ အတည်ပြုနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ရဲဘော်စောဘိုလေး၏ စျာပနကို စစ်အခမ်းအနားဖြင့် မိခင်တပ်ရင်း၌ ယနေ့ပြုလုပ်ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံကသိရသည်။ ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်များတွင် မလွှဲတောင်ဂိတ်နှင့် ကိုးမိုင်ရွာ […]

စစ်ကောင်စီတပ်နှင့် ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်

Dawei Watch

April 13, 2024

တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းကျေးရွာအကြား လမ်းကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဘန်းလမွတ်ရွာသို့ ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ထံမှ သိရသည်။ ယနေ့(ဧပြီ ၁၃) နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ယာဉ်တန်း သွားရန်အတွက် လမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ ထိုသို့တိုက်ခိုက်ပြီးနောက် နံနက် ၈ နာရီခွဲခန့်တွင် ဘန်းလမွတ်ဘက်သို့လာသာည့် စစ်ကောင်စီတပ်ကား ၃ စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းထံမှ သိရသည်။ “စကစ ယာဉ်တန်းသွားလို့ရအောင် လမ်းကင်းချတဲ့နေရာကိုရော၊ စကစ ယာဉ်တန်းကိုရော ကျွန်တော်တို့က အဖွဲ့ခွဲပြီးဆွဲမိုင်းနှစ်လုံးတွဲ တစ်စုံစီနဲ့ တိုက်ခိုက်ခဲ့တာပေါ့”ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးနှင့် […]

မြိတ် ကလွင်အမှိုက်ပုံ မီးထပ်လောင်

Dawei Watch

April 13, 2024

မြိတ်မြို့ ၊ ကလွင်ရပ်ကွက်ရှိ စွန့်ပစ်အမှိုက်ပုံတွင် မနေ့ (ဧပြီ ၁၂) ညနေ ၆ နာရီဝန်းကျင်က မီးလောင်ကျွမ်းခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင် သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့များထံမှသိရသည်။ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနနှင့်မြို့ခံပရဟိတအသင်းများ၏ ငြှိမ်းသတ်မှုကြောင့် ည ၁၀ နာရီဝန်းကျင်တွင်မီးငြိမ်းခဲ့ကြောင်း ယင်းအဖွဲ့များက ပြောသည်။ “ လမ်းဘေးအမှိုက်ပုံမီးပါပဲ။ အခုနှစ်နွေရာသီမှာပဲ ကလွင်အမှိုက်ပုံမှာ မီးလောင်နေတာ ၄ ခါလောက်ရှိပြီ“ ဟုမြို့ခံပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူက ရှင်းပြသည်။ မတ်လ ၂၅ ရက်ကလည်း မြိတ်မြို့၊ ရေပုန်းရပ်ကွက် ၊ တန်ဖိုးနည်းအိမ်ရာအနီး ကွင်းပြင်တွင် မီးလောင်မှုဖြစ်ခဲ့သေးသည်။ ၂၀၂၄ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဧပြီလ ဒုတိယပတ်အတွင်း မြိတ်ခရိုင်တွင် မီးလောင်မှု ၁၂ ကြိမ်ရှိပြီဖြစ်သည်။