ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ဒေသက အတာအိုးထုတ်လုပ်မှု ဆက်တိုက်ကျဆင်း

Dawei Watch

April 13, 2024

စစ်အာဏာသိမ်းပြီးချိန်မှစကာ ထားဝယ်ဒေသရှိ အတာအိုးလုပ်ငန်းများမှာ ထုတ်လုပ်မှု ဆက်တိုက်ကျဆင်းလာနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထားဝယ်မြို့ ၊ အိုးလုပ်ရပ်ကွက် ၊ အိုးလုပ်ရုံများတွင် ယခုကျရောက်မည့် နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွက် အတာအိုး ထုတ်လုပ်မှုပမာဏ ယခင်နှစ်များထက် ပိုမိုလျော့နည်းကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံကသိရသည်။ ယခင်နှစ်များက သင်္ကြန်အတာအိုးလက်ကျန်များကျန်ရှိနေခြင်း နှင့် အခြားဒေသမှ အတာအိုးများ မှာယူရောင်းချမှုများ ရှိလာသဖြင့် အဝယ်နှုန်းနည်းသွားခြင်းကြောင့် ထုတ်လှုပ်မှု လျှော့ချခဲ့ရခြင်းဖြစ်သည်။ ယခုနှစ် ထားဝယ်အတာအိုးဈေးကွက်တွင် ထားဝယ်ခရိုင်ထက် မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်များသို့ ပိုမိုဖြန့်ချိခဲ့ရကြောင်း ထားဝယ်မြို့၊ အိုးလုပ်ရပ်က အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ကပြောသည်။ “ အခုနှစ် အတာအိုး ၁၂ဝဝဝ လောက်ထုတ်ဖြစ်တယ်။ ကြိုလုပ်ထားလို့လည်းမရဲဘူး။ အော်ဒါတင်မှလုပ်ပေးရဲတယ်။ ၂၀၁၉ လောက်က ကိုဗစ်တုန်းက သုံးသောင်း၊လေးသောင်းလောက် ထုတ်တယ်။ ကိုဗစ်မတိုင်ခင်က ငါးသောင်းနီးပါးအထိထုတ်ဖူးတယ် “ ဟု […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

April 12, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ တူရကီက အစ္စရေးအပေါ် ကုန်သွယ်ရေးပိတ်ဆို့ ဂါဇာဒေသမှာ အစ္စရေးက အပစ်အခတ်ရပ်စဲရေး မပြောမချင်း တူရကီနိုင်ငံက အစ္စရေးကို ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်သွားမယ်လို့ ဧပြီလ ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပိတ်ဆို့မှုတွေထဲမှာ အလူမီနီယံ၊ သံမဏိ၊ ဘိလပ်မြေ၊ လေယာဉ် လောင်စာဆီ၊ ဓာတ်မြေသြဇာအပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၅၄ မျိုးအထိ ပါဝင်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကတဆင့် အကူအညီတွေ ပေးအပ်သွားမယ်လို့ တူရကီက တောင်းဆိုခဲ့တာကို အစ္စရေးဘက်က အရင် ကန့်ကွက်ခဲ့တာပါ။ နောက်ရက်မှာတော့ အခုလို ကုန်သွယ်ရေး ပိတ်ဆို့မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ […]

တနင်္သာရီမြို့နယ်တွင် NUG ကြားကာလ မူလတန်းအဆင့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းပြုလုပ်

Dawei Watch

April 12, 2024

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကြားကာလ ပြည်သူ့အခြေပြု စာသင်ကျောင်းများမှ မူလတန်းအဆင့် ဆရာ ဆရာမများ ငါးရက်အကြာ မွမ်းမံသင်တန်းကို တနင်္သာရီမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်။ တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးစီးပြီး ဧပြီလ ၅ ရက်မှ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါမွမ်းမံသင်တန်းကို ပြည်သူ့အခြေပြုကျောင်းများမှ ဆရာ ဆရာမ ၁၅၀ ဦး တက်ရောက်ခဲ့သည်၊။ သင်တန်းတွင် ကျောင်းသား၊ကျောင်းသူများ၏ အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း၊ ၀ေဖန်ပိုင်းခြားနိုင်စွမ်း၊ လွတ်လပ်စွာတွေးခေါ် နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းများကို အားပေးသည့် ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် သင်နည်း၊ သင်ယူမှုနယ်ပယ်အလိုက် သက်ဆိုင်ရာဘာသာရပ်များကို ပူးပေါင်းဆွေးနွေးခဲ့ကြသည်။

မောင်းမကန်သွား သုံးထပ်လမ်းအကွေ့တွင် ပစ်ခတ်မှုဖြစ်ပွား

Dawei Watch

April 12, 2024

‌ထားဝယ်- မောင်းမကန်သွားလမ်း မောင်းမကန်ကျေးရွာအနီးရှိ သုံးထပ်လမ်းတွင် ယနေ့(ဧပြီ ၁၂)နံနက်ပိုင်းက ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ နံနက်လင်းချိန်တွင် လက်နက်ကြီးသံ ခုနစ်ချက်ကြားရပြီး လက်နက်ငယ်ပစ်ခတ်သံများလည်း ဆက်တိုက်ကြားရသည်ဟုဆိုသည်။ သုံးထပ်လမ်း ရူ့ခင်းသာနေရာမရောက်မီ လမ်းကွေ့တွင်မူ ကားမှန်များကွဲကြေနေသည်ကိုတွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးကဆိုသည်။ “အဲနားမှာ ကားပဲမိုင်းဆွဲခံရတာလားမသိဘူး။ ကားမှန်တွေကြေ‌ပြီး တစ်လမ်းလုံးပြန့်ကြဲနေတာ။ ကားမိုင်းဆွဲခံရလို့ပဲ သုံးထပ်လမ်းအောက်ကလျိုထဲကို (စစ်ကောင်စီတပ်က) ပစ်ထည့်တာနေမယ်” ဟု ၎င်းမျက်မြင်တွေ့သူကဆိုသည်။ စစ်ကောင်စီတပ်မှာ မနက်ဝေလီဝေလင်းအချိန်ကပင် သုံးထပ်လမ်းအောက်ရှိ တောရှည်ကျေးရွာတစ်လျှောက်လုံးတွင်ရှိနေခဲ့ကြောင်း ဒေသခံများကဆိုသည်။

မလွှဲတောင်အနီး ကိုးမိုင်ရွာတွင်တိုက်ပွဲဖြစ်၍ ဒေသခံများတိမ်းရှောင်

Dawei Watch

April 12, 2024

မလွှဲတောင် ရေးမြို့နယ်အပိုင်းရှိ ကိုးမိုင်ရွာပတ်ဝန်းကျင်တွင် ယနေ့(ဧပြီ၁၂) မနက် ၈ နာရီမှစ၍ နေ့လယ်၂နာရီဝန်းကျင် အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများကပြောသည်။ “ ပစ်သံကတော့ကြားရတာ တော်တော်ကျယ်တယ်။ ရွာသားတွေကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဦးစားပေးပြီးကိုယ့်အစီအစဥ်နဲ့ကိုယ် ပြောင်းနေကြတာပဲ” ဟု ကိုးမိုင်ရွာ အမျိုးသမီးတစ်ဦးက ပြောသည်။ ဧပြီလ ၁၁ ရက်ညတွင် မလွှဲတောင်ဂိတ် ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ယနေ့မနက်တွင် ကိုးမိုင်ရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၂၉၉ ခြေလျင်တပ်ရင်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်သည့် မွန်နှင့်တနင်္သာရီမဟာမိတ်တော်လှန်ရေး အင်အားစုများက အတည်ပြုပြောဆိုသည်။ သို့သော် တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကို သတင်းမထုတ်ပြန်သေးသဖြင့် ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများ ပြန်လည်ပစ်ခတ်သည့်အပြင် လေယာဥ်ပစ်ကူဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများထံကသိရသည်။ “ တိုက်ပွဲနဲ့ မဆိုင်တဲ့ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

April 12, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၇ ရက်မှ ၁၂ ရက်နေ့အထိ မြဝတီမြို့ကို KNU သိမ်းယူ၊ နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါတဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို ကရင်အမျိုးသား အစည်းအရုံး KNU က သိမ်းယူထိန်းချုပ်ထားပြီဖြစ်ပါတယ်။ မြဝတီမြို့အနီးက သင်္ဃန်းညီနောင်မြို့မှာရှိတဲ့ စစ်ဗျူဟာကို ဧပြီလ ၅ရက်နေ့မှာ KNU ရဲ့ တပ်ဖြစ်တဲ့ KNLA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။ ဗျူဟာမှူးအပါအဝင် အရာရှိအဆင့်တွေ၊ တပ်သားတွေ၊ ရဲမေတွေနဲ့ မိသားစုဝင် ခြောက်ရာကျော် လက်နက်ချခဲ့တာပါ။ အဲဒီနောက် မြဝတီမှာ တစ်ခုတည်းရှိတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ် ခလရ ၂၇၅ […]

ပလမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

April 12, 2024

ပုလောမြို့နယ် ပလမြို့ရဲစခန်းကို T2 Special Drone Force က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျုစောထီးအပါအဝင် စုစုပေါင်း အင်အား ၆၀ ခန့် တပ်စွဲထားသည့် ပလမြို့ရဲစခန်းကို ဧပြီလ ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်က ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက ပြောသည်။ T2 Special Drone Force တပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းအောက်တွင် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်ပြီး အမျိုးသမီးရဲဘော်များလည်း ပါဝင်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ဒရုန်းဖြင့် […]

လောင်းလုံးပြင်းထိန်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

April 12, 2024

လောင်းလုံးမြို့နယ်၊ပြင်းထိန်ရွာတွင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ယနေ့ (ဧပြီ ၁၂) နံနက်ပိုင်းက ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူမှာ ပြင်းထိန်ရွာသား ဦးကြည်လေးဆိုသူဖြစ်ပြီး ယနေ့မနက်ပိုင်းက ဝက်မွေးမြူရေးခြံကို အစာသွားကျွေးစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံ က သုံးချက်လောက်ကြားရတယ်။ သူက မွေးမြူရေးလုပ် လယ်စိုက်ပေါ့” ဟု ၎င်းကပြောသည်။ ဦးကြည်လေးကို ယခုရက်သတ္တပတ်အတွင်း၌ပင် PDF အဖွဲ့ တစ်ခု က လာရောက် သတိပေးခဲ့နောက် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် မိသားစုက နေအိမ်သို့ သယ်ယူသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ဝေဒီရွာသူ အမျိုးသမီးတစ်ဦးကို PDF အဖွဲ့ တစ်ဖွဲမှ ဖမ်းဆီးသွားခဲ့ပြီး နောက် […]