ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရိုးရာမပျက် တနင်္သာရီ ကျားအက

Dawei Watch

April 15, 2024

တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း နှစ်စဥ်ပြုလုပ်လေ့ရှိသည့် ရိုးရာကျားအကပွဲကို ယခုနှစ်သင်္ကြန်အကျနေ့(ဧပြီ ၁၄)တွင်လည်း ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်တွင် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့ ပူးပေါင်းကာ တစ်ရက်တည်း ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။ ပုံမှန်အားဖြင့် ကျားကပွဲကို သင်္ကြန်အကြိုနေ့တွင် ချောင်းကြီးရပ်ကွက်က စတင် ကျင်းပ၍ သင်္ကြန်အကျနေ့တွင် ချောင်းငယ်ရပ်ကွက်တွင် ကျင်းပလေ့ရှိသည်။

ထီးထဗျူဟာစခန်းကိုလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅၄ ယောက်လက်နက်ချ

Dawei Watch

April 15, 2024

ထိုင်း-မြန်မာနယ်စပ် ထီးထဗျူဟာစခန်းကို အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက စောင့်ကြိုတိုက်ခိုက်သဖြင့် ၆ ဦးသေဆုံးကာ ၅၄ ဦးလက်နက်ချခဲ့ကြောင်း KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်)ထံမှသိရသည်။ ကမာပလောနယ်စပ်စခန်းကို စွန့်ခွာပြီး မောထစခန်းတွင် ခေတ္တနားနေခဲ့ပြီးနောက် ထီးထဗျူဟာစခန်းကို အင်အားပူးပေါင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဧပြီလ ၁၄ ရက် ညသန်းခေါင် ၁ နာရီခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) တပ်ရင်း ၂၇ နှင့် KNU တပ်မဟာ (၄) တပ်ရင်း(၁၂) တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ KNLA နှင့် PDF ပူးပေါင်းတပ်များက ကြာရှည်စွာ ပိတ်ဆို့ထားမှုကြောင့် တောင်မခံနိုင်တော့သဖြင့် ထိုးဖောက်ထွက်ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား […]

သံချပ်သံတွေမြိုင်တဲ့ လောင်းလုံးသင်္ကြန် အကြတ်နေ့

Dawei Watch

April 15, 2024

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅)၌ ပင်မသပိတ်စစ်ကြောင်းများက သံချပ်ထိုးဖျော်ဖြေခြင်းနှင့် ရေကစားခြင်းများ ပြုလုပ်ခဲ့ကြသည်။ သံချပ်ထိုးခြင်းကို သင်္ကြန်အကြိုနေ့မှစ၍ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ်သည်။ လောင်းလုံးမြို့တွင် အာဏာသိမ်းပြီးနောက် နှစ်စဥ်တည်ဆောက်လေ့ရှိသည့် စစ်ကောင်စီ ဖျော်ဖြေရေးမဏ္ဍပ် ကိုယခုနှစ်တွင် တည်ဆောက်ခြင်းမရှိကြောင်း လောင်းလုံးဒေသခံများကပြောသည်။

သင်္ကြန်အကြတ်နေ့ ထားဝယ်မြို့မြင်ကွင်း

Dawei Watch

April 15, 2024

သင်္ကြန်အကြတ်နေ့(ဧပြီ ၁၅) ထားဝယ်မြို့ ၊ မြို့တော်ခန်းမအနီးရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ဝန်းကျင် ည​နေပိုင်း မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။ သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်အပြင် မြို့တော်ခန်းမဘက်မှ ရွှေဝယ်သီရိ အားကစားရင်ပြင်ဘက်သို့သွားသည့် လမ်းတွင်လည်း လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ထားသည်ကိုတွေ့ရသည်။ ထားဝယ်မြို့ ၊ အဓိကလမ်းမများတွင်မူ ယခင်ရက်များအတိုင်း ရေကစားသူမရှိဘဲ ရပ်ကွက်လမ်းသွယ်များတွင် ရေကစားသူအချို့ရှိကြောင်း မြို့ခံများကပြောသည်။

မြိတ်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသတ်သေ

Dawei Watch

April 15, 2024

မြိတ်မြို့၊ တရုတ်တန်းရပ် ၊ သရက်တောအနောက်ကျောင်းလမ်းတွင် အသက် ၁၈ နှစ်အရွယ်အမျိုးသားတစ်ဦး ယနေ့ (ဧပြီ ၁၅၊ သင်္ကြန်အကြတ်နေ့) နေ့လယ်ပိုင်းတွင် ကြိုးဆွဲချကာသေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများနှင့်ပရဟိတအသင်းများထံမှသိရသည်။ “အိမ်မှာလူကြီးတွေမရှိတဲ့အချိန် တစ်ယောက်တည်းရှိနေတုန်းအခုလိုဖြစ်သွားတယ် “ဟု မြို့ခံပရဟိတအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။ ၎င်း၏ရုပ်အလောင်းကို မြိတ်ဆေးရုံသို့ပို့ဆောင်ကာ ယင်းမှတစ်ဆင့်ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။ “ဘာကြောင့်အခုလိုဖြစ်သွားလဲတော့ ပြောမတတ်ဘူး၊ ရပ်ကွက်ထဲမြင်နေရတဲ့ ကလေးတစ်ယောက်ဆိုတော့ စိတ်မကောင်းဘူး “ ဟု တရုတ်တန်းရပ်ကွက် အမျိုးသမီးတစ်ဦး ကပြောသည်။ အဆိုပါ လူငယ်အမျိုးသား ကြိုးဆွဲချရသည့်အကြောင်းအရင်းကို သီးခြားအတည်မပြုနိုင်သေးပေ။ မတ်လနှောင်းပိုင်းကလည်း မြိတ်မြို့နယ်၊တုံးဗျောငယ်ရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့သေးသည်။

သရက်ချောင်းတွင် မြေမြုပ်မိုင်းနင်းမိမှုများ ဆက်တိုက်ဖြစ်လာ

Dawei Watch

April 15, 2024

သရက်ချောင်းမြို့နယ်တွင် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ဆက်တိုဖြစ်လာသည်ဟု ဒေသခံများထံက သိရသည်။ လွန်ခဲ့သည့် လေးငါးရက် (ဧပြီလ ၁၁ ရက်ခန့်)က မဲနယ်အိုးရွာမှ အမျိုးသမီးတစ်ဦး မြေမြုပ်မိုးနင်းမိမှုဖြစ်ပြီး ခြေတစ်ဖက်ပြတ်သွားသည်ဟု ဒေသခံအချို့နှင့်ဆေးရုံပို့ပေးခဲ့သည့်ပရဟိတအသင်းဝင်အချို့က ပြောသည်။ အသက် ၃၀ ခန့်ရှိ မမီးထိုက်မှာ အိမ်အနီးက ရော်ဘာခြံကို နံနက်စောစောထသွားစဉ် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်ပြီး ခြေတစ်ဖက်ပြတ်ထွက်ကာ နောက်ခြေတစ်ဖက်မှာလည်း ဒဏ်ရာရအနည်းငယ်ရရှိခဲ့သည်ဟု ၎င်းတို့က ဆိုသည်။ “ခြေဖြတ်ရတာတော့ တစ်ဖက်လို့ပဲကြားတယ်၊ အခုက ထားဝယ်ဆေးရုံမှာလို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လူနေအိမ်အနီးတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေပြတ်သွားသည့် ယင်းဖြစ်စဉ်ကြောင့် ဒေသခံများမှာ ဥယာဉ်ခြံထဲ မသွားလာရဲဖြစ်နေကြသည်ဟု ၎င်းက ပြောသည်။ ယင်းနေ့မှာပင် သရက်နှစ်ခွတံတားတွင် တပ်စွဲထားသည့်စစ်ကောင်စီဂိတ်အနီး Wifi ကြိုးလိုက်ပြင်နေသည့် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။ […]

စစ်ကောင်စီတပ်က လောင်းလုံးတွင် နေအိမ်များဖျက်ဆီးပြီး ဒေသခံအချို့ကိုဖမ်းဆီး

Dawei Watch

April 15, 2024

ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရောက်တိုက်ခိုက်မှု ခံရပြီးနောက် လောင်းလုံးမြို့ ရွာလယ်ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က မြို့တွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်စီးကာ ဒေသခံအချို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်္ကြန်အကြိုနေ့က စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ယင်းရွာလယ်ဘုန်းကြီးကျောင်းအနီးရှိ ‌အိမ်များအတွင်း စစ်ကောင်စီတပ်သားများက ဝင်ရောက်ရှာဖွေပြီးနောက် နေအိမ်အများအပြားကို ဖျက်ဆီးခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ “ရွာလယ်ကျောင်း(ဘုန်းကြီးကျောင်း) မှာတပ်စွဲထားတဲ့ စစ်သားတွေက ကျောင်းနားမှာပဲ မဏ္ဍပ်ထိုးပြီးရေကစားနေကြတာကို ( ပြည်သူ့ကာကွယ်ရေးအဖွဲ့က) ဝင်လာပစ်တာ” ဟု မြို့ခံတစ်ဦးကဆိုသည်။ ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်တွင် သေဆုံးသူရှိမရှိကို မသိရ‌သေးသော်လည်း ဒဏ်ရာရသူအချို့ရှိကြောင်း ၎င်းကဆိုသည်။ ‌“ဆရာဝန်လိုက်ရှာနေကြတယ်။ ခဏခဏ မြို့ထဲဝင်ပြီး ဆရာဝန်ကိုလာခေါ်နေကြတာ။ ထိတဲ့သူများတယ်လို့ကြားတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။ ယင်းအပြင် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ […]

လောင်းလုံး စမ်းလှမ်းရွာတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

April 15, 2024

လောင်းလုံးမြို့နယ် ၊ စမ်းလှမ်းရွာတွင် နေထိုင်သည့် ပျူစောထီးဦးအောင်ခင် ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၄ ရက် ညက ပစ်သတ်လိုက်ကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ ဦးအောင်ခင် သည် လောင်းလုံးဒေသခံမဟုတ်ဘဲ ရန်ကုန်တိုင်းမှတ်ပုံတင်ကို ကိုင်ဆောင်ထားသူဖြစ်ပြီး စမ်းလှမ်းရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း လောင်းလုံး ပကဖ ကသိမ်းဆည်းရမိသည့် ၎င်း၏ကိုယ်ရေးမှတ်တမ်းများအရ သိရသည်။ “သူ( ဦးအောင်ခင်) ကကြာပြီ ပြည်သူ့စစ်ဆိုပြီးလုပ်နေတာ။ ဟိုးအရင်ကတည်းက။ သူ့မှာလက်နက်ရှိတယ်တယ်လေ။ လှေတွေမှာပိုက်ဆံကောက်တာလည်းသူပဲ။ အရင်တုန်းက သူ့ကိုတစ်ခါလာပစ်ဖူးသေးတယ်။ အဲဒီတုန်းကတော့ လွတ်သွားတယ်” ဟု စမ်းလှမ်းရွာသူတစ်ဦးကပြောသည်။ ဧပြီလ ၁၅ ရက်မနက်ပိုင်းတွင်မူ စမ်းလှမ်းရွာနှင့် ပတ်ဝန်းကျင်ရွာများတွင် ရွာသားများပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြသည်ဟု အောက်ရေဖြူ ဒေသခံတစ်ဦးက ပြောသည်။ ဦးအောင်ခင်ထံမှ ၎င်း၏ […]