KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို လွတ်ငြိမ်းခွင့်ပေးသည့်ရက်တွင် စစ်ကောင်စီပြန်ဖမ်း
Dawei Watch
April 18, 2024ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းလည်းဖြစ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို လွတ်ငြိမ်းခွင့်ဖြင့် ဧပြီလ ၁၇ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီး ယင်းနေ့ညတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွား ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ဧပြီလ ၁၇ ရက်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။ ယင်းနောက် ညပိုင်းတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ ၂နာရီအထိ အိမ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသေးကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားမြို့ရှိ နေအိမ်၌ ဧပြီလ ၁၇ ရက် ည ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် […]


