လူငယ်ပိုင်းမရှိသလောက်နည်းသည့် ထားဝယ်သင်္ကြန်
Dawei Watch
April 17, 2024ထားဝယ်မြို့ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်တွင် မြို့ထဲ၌ ရေပက်ကစားသူများလာသော်လည်း လူငယ်ပိုင်းများ မရှိသလောက်ပင်ဖြစ်သည်။ ရေပက်နေသည့်အုပ်စုများထဲတွင် ကလေးနှင့် လူကြီးများကိုသာ တွေ့ရသည်။ လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းခိုင်းသဖြင့် လူငယ်အများ တိမ်းရှောင်သွားကြခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြို့ခံအချိုက ဆိုသည်။ အခုနှစ် သင်္ကြန်တွင် ရေကစားသူများ များလာကြောင်း မြို့ခံတို့ထံမှ သိရသည်။ ထားဝယ်မြို့ခံတစ်ဦးက “ရေပက်နေကြတာကတော့ ပုံမှန်နီးနီးပဲ။ သူ့တို့ဘာသာသူတို့ အိမ်ရှေ့မှာ ထွက်ပက်နေကြတာ” ဟု ပြောသည်။ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်သို့ သွားရောက်သူများရှိသော်လည်း အနည်းစုဖြစ်ကြောင်း ၎င်းကဆိုသည်။ ထားဝယ်မြိုထဲတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရဟု တင်းကြပ်ထားသော်လည်း သင်္ကြန်တွင်းထဲတွင်မူ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနေကြသည့်အပြင် ဆိုင်ကယ်ဦးထုတ် မဆောင်သူများလည်းတွေ့ရသည်။ ပုံမှန် ညပိုင်း ၈ နာရီကျော် ၉ နာရီ လမ်းပေါ်တွင် […]


