ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တိုင်းပြင်ပဆန်နှင့် ကြက်သွန်နီ စျေးတက်သည့် ထားဝယ်စျေးကွက်

June 28, 2026

ထားဝယ်စျေးကွက် ယခုသီတင်းပတ်အတွင် ရန်ကုန်ဆန်ဟုခေါ်ကြသည့် တိုင်းပြင်ပမှ တင်သွင်းသည့်ဆန်နှင့် ကြက်သွန်နီ စျေးတက်နေသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့်သီတင်းပတ် ဇွန်လ ၂၁ရက်က ထားဝယ်စျေးကွက်တွင် တိုင်းပြင်ပမှ တင်သွင်းသည့် ချန်ပီယံမြောင်းမြ ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၈၉,၀၀၀မှ ဇွန်လ ၂၇ရက်တွင် ၁၉၁,၀၀၀ကျပ်၊ ချန်ပီယံဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၈၂,၅၀၀ကျပ်မှ ၁၈၃,၅၀၀ကျပ်နှင့် မိုးဗျံမြောင်းမြပေါ်ဆန်းဆန်မှာ တစ်အိတ်လျှင် ၁၈၈,၅၀၀ကျပ်မှ ၁၉၁,၀၀၀ကျပ်သို့ အသီးသီးစျေးတက်သွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်းချန်ပီယံမြောင်းမြပေါ်ဆန်းဆန် တစ်အိတ်လျှင် ၂,၀၀၀ကျပ်၊ ချန်ပီယံဖျာပုံပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁,၀၀၀ ကျပ်နှင့် မိုးပျံမြောင်းမြပေါ်ဆန်းဆန်တစ်အိတ် ၂,၅၀၀ကျပ် စျေးတက်သွားကြခြင်းဖြစ်သည်။

ကြက်သွန်နီမှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် ၅၀၀ ကျပ် စျေးတက်သွားသည်။

ထားဝယ်စျေးကွက်တွင် ဇွန်လ ၂၁ရက်က ကြက်သွန်နီ တစ်ပိဿာ ၄,၅၀၀ကျပ်မှ ဇွန်လ ၂၇ ရက်တွင် ၅,၀၀၀ ကျပ်သို့ စျေးတက်သွားခြင်းဖြစ်သည်။

ထားဝယ်ဒေသထွက် ဆန်အပါအဝင် အခြားစားဖိုဆောင်သီးနှံများနှင့် စားသုံးဆီစျေးနှုန်းများမှာ ဇယားပါ စျေးနှုန်းများအတိုင်း စျေးငြိမ်နေသည်ကို တွေ့ရသည်။