ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်တိုက်

Dawei Watch

May 1, 2024

မြိတ်မြိုနယ်နှင့် တနင်္သာရီမြို့နယ်အကြား ပြည်ထောင်စုကားလမ်းပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ထံမှ သိရသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၅နာရီခွဲခန့်တွင် အနီးကပ်ထိုးစစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ရာက မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း စစ်‌ဆေးရေးဂိတ်အနီးရှိ တုံးဗျောကြီးကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ကူပေးရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “သူတို့(စကစ) ဘက်က တနင်္သာရီဘက်က သိန္ဓောစခန်းကိုပဲ အာရုံစိုက်‌နေတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က သွားဖြို တိုက်ခိုက်ခဲ့တာမျိုးပေါ့။ တိုက်ပွဲအတွင်း သူတို့ဘက်က […]

ပန်းရောင်ဘတ် အသစ်လျှောက်ခွင့်ပြုရန် အစီအစဉ်မရှိသေးဟု ထိုင်းအစိုးရထုတ်ပြန်

Dawei Watch

May 1, 2024

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်သမားများအတွက် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ဘတ်) အသစ်လျှောက်ထားခွင့်ပေးရန် အစီအစဉ် မရှိသေးသဖြင့် အယုံမလွယ်ကြရန် ထိုင်းအလုပ်သမားရုံးက ဧပြီ ၃၀ တွင် ထုတ်ပြန်သတိပေးလိုက်သည်။ ပန်းရောက်ဘတ်အသစ်ဖွင့်ပေးမည်ဟု ပြင်ပတွင် ကောလာဟလသတင်းများ ထွက်နေသည့်အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး အကယ်၍ အထောက်အထားမဲ့ အလုပ်သမားများ အလုပ်ခန့်ထားသည်ကို စစ်ဆေးတွေ့ရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများကို အမည်စာရင်းတင်သွင်းရန် ခွင့်ပြုပေးမည့်အစီအစဉ်နှင့် ပတ်သက်၍ သတင်းမေးကြားမှုများ၊ ထိုင်းအလုပ်သမားရုံးထံသို့ စာတိုပေးပို့မှုများ များပြားလာသဖြင့် အဆိုပါသတင်းသည် မဟုတ်မှန်ကြောင်းနှင့် တရားဝင် ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးကြောင်း အလုပ်သမားရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ တရားမဝင် အလုပ်ခန့်ထားပါက ချက်ချင်း အရေးယူသွားမည်ဖြစ်ပြီး အကယ်၍ တရားဝင် အလုပ်ခန့်ထားလိုပါက အလုပ်ရှင်ကိုယ်တိုင်ဖြစ်စေ […]

ထားဝယ်မြို့က မားစောပို့ တရုတ်ဘုရားကျောင်း နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲကျင်းပ

Dawei Watch

May 1, 2024

ထားဝယ်မြို့ ၊ တလိုင်းထိန်ရပ်ကွက်ရှိ သက်တမ်းရှည် မားစောပို့(ခ)မားကျော့ တရုတ်ဘုရားကျောင်းက နှစ် ၁၅ဝ ပြည့်အထိမ်းအမှတ် ပူဇော်ပွဲကို ဧပြီလ ၃၀ ရက်စ၍ မေလ ၂ ရက်အထိ ဘုရားကျောင်းဝင်းအတွင်း နဂါး၊ခြင်္သေ့၊ အရုပ်အကများဖြင့် ၃ ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။ ပွဲတော်ရက်တွင်လာရောက်ပူဇော်ကန်တော့သူများအပြင် မုန့်အာဟာရ လာရောက်လှူဒါန်းနေသူများလည်းရှိကြောင်း ပူဇော်ပွဲသွားရောက်သူများက ဆိုသည်။ ဟုတ်လင် မားစောပို့ ဘုရားကျောင်းသည် ၁၈၇၄ ခုနှစ်တွင် သစ်သားကျောင်းဆောင်ဖြင့် စတင်တည်‌ဆောက်ခဲ့၍ ယနေ့တွင် နှစ် ၁၅ဝ သက်တမ်းသို့ရောက်ရှိပြီဖြစ်သည်။ ပင်လယ်ပြင်ကိုစောင့်ရှောက်သည်ဟု တရုတ်လူမျိုးများယုံကြည်ကိုးကွယ်သော မားကျော့မယ်တော်ကို ထားဝယ်နှင့် မြိတ်ဒေသတွင် မားစောပို့မယ်တော်ဟု ခေါ်ဝေါ်ကြသည်။ မြိတ်မြို့တွင်လည်း မေလ ၁ ရက်တွင်ပင် ၊ မားစောပို့ မယ်တော်မြို့တွင်း လှည့်လည်ပူဇော်ပွဲကို ကျင်းပနေသည်။ Photo – […]

ကျွန်းစု ရေကန်တောင်ရွာ ပျုစောထီးခေါင်းဆောင် စက်လှေပေါက်ကွဲပြီးသေဆုံး

Dawei Watch

May 1, 2024

ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာအုပ်စုမှ ပျုစောထီးခေါင်းဆောင်တစ်ဦး စက်လှေမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မအိုင်ကျေးရွာအုပ်စု မအိုင်ကျေးရွာအနီးရှိ ဖိနပ်ကျွန်းတွင် စက်လှေပေါက်ကွဲမှုဖြစ်ပြီး လှေပေါ်လိုက်ပါလာသည့် ပျူစောထီးခေါင်းဆောင် အသက် ၃၈ နှစ်အရွယ် ဦးကျော်စိုးထိုက် သေဆုံးသွားကြောင်း ရေကန်တောင်ရွာသားအချို့က ဆိုသည်။ “စက်လှေမတော်တဆ ပေါက်ကွဲတာပေါ့။ စက်လှေဆီကန်က အပူလွန်ကဲပြီးပေါက်ကွဲတာမျိုးလို့ သိရတယ်။ စက်လှေထဲပါတဲ့သုံးဦးထဲ သူတစ်ယောက်ပဲ သေသွားတာ” ဟု ရေကန်တောင်ရွာသားတစ်ဦးက ပြောသည်။ ရေကန်တောင် ကျေးရွာပျုစောထီခေါင်းဆောင်နှင့်အတူ လှေပေါ်လိုက်ပါလာသူနှစ်ဦးမှာ အသက်ရှင်လွတ်မြောက်သွားကြောင်း အခြားဒေသခံတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။ ပျုစောထီးခေါင်းဆောင် ဦးကျော်စိုးထိုက်၏ ရုပ်အလောင်းကို ၎င်း၏နေအိမ်တွင် ငါးရက်ထားပြီး လာမည့်မေလ ၄ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ရေကန်တောင်ရွာသားအချို့ထံမှ သိရသည်။ ရေကန်တောင်ကျေးရွာမှာ […]

အထောက်အထားမဲ့လုပ်သားများကို အထောက်အထားလုပ်ပေးရန် မေဒေးတွင် ထိုင်းရောက်မြန်မာလုပ်သားများတောင်းဆို

Dawei Watch

May 1, 2024

အထောက်အထားမဲ့ အလုပ်သမားများအတွက် နေထိုင်ခွင့် အထောက်အထားအသစ်ပြုလုပ်ပေးရေးနှင့် အခြားအခွင့်အရေးများ ရရှိရေးအတွက် ယနေ့ မေလ ၁ ရက် မေဒေးနေ့တွင် မြန်မာ အပါအဝင် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများက ဘန်ကောက်မြို့လယ်တွင် ချီတက်တောင်းဆိုကြသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) ချီတက်တောင်းဆိုပွဲကို ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများ စုစုပေါင်း လူထောင်ချီ လာရောက်ပူးပေါင်းခဲ့ကြောင်း ချီတက်တောင်းဆိုရာတွင်ပါဝင်သူများထံမှ သိရသည်။ ဘန်ကောက်မြို့လယ် အနုစာဝရီကျောက်တိုင်မှတစ်ဆင့် အစိုးရရုံးများသို့ ချီတက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးရေးအပါအဝင် နယ်စပ်တွင် တိမ်းရှောင်လာသော မြန်မာဒုက္ခသည် များကို ကူညီစောင့်ရှောက်ပေးရေးနှင့် သက်တမ်းကုန် MoU အလုပ်သမားများကို မြန်မာနိုင်ငံသို့ မပြန်ခိုင်းဘဲ ထိုင်းနိုင်ငံ တွင်ပင် သက်တမ်း ပြန်တိုးခွင့်ပြုရေး တောင်းဆိုခဲ့ကြောင်း Labour Rights Foundation […]

ကော့ဘိန်းရွာတွင် စစ်ကောင်စီတပ် ဝင်ပြီးနောက် ဒေသခံလေးဦး ပစ်သတ်ခံရ

Dawei Watch

April 30, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံ လေးဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်တို့က ကော့ဘိန်းကျေးရွာထဲ သေနတ်ပစ်ခတ်ပြီး ဝင်ရောက်လာကြောင်း ဒေသခံတို့က ပြောသည်။ ရွာထဲ ဝင်ရောက်လာချိန်တွင် အသက် ၁၉နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားသည့်အပြင် လမ်းတွင် ဆိုင်ကယ် ဖြင့် သွားလာနေသူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆိုင်ကယ်ကိုလည်း ယူဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ် ရွာထဲသို့ ဝင်လာသည့်နေ့တွင် အသက် ၃၈နှစ်ဝန်းကျင် ဒေသခံတစ်ဦးဖြစ်သည့် နိုင်စိုက်ဂျီကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းနောက် လေးရက်အကြာ ဧပြီလ ၂၈ ရက်တွင် နိုင်စိုက်ဂျီ၏ […]

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား အလှည့်ကျပေးမည့်အချိန် ထပ်မံပြင်ဆင်ထုတ်ပြန်

Dawei Watch

April 30, 2024

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားအလှည့်ကျပေးမည့်အချိန်ကို ကုမ္ပဏီဘက်က ယနေ့ညနေ ၃ နာရီခန့်တွင် ထပ်မံပြင်ဆင်ထုတ်ပြန်လာသည်။ ဧပြီလ ၂၈ ရက်ကထုတ်ပြန်ထားသည့် အလှည့်ကျဓာတ်အားပေးအချိန်ဇယားတွင် A အုပ်စု၊ B အုပ်စုဟု အုပ်စုနှစ်ခွဲပြီး ဖြန့်ဝေပေးမည်ဟုဆိုထားသည်။ ယခုအသစ်ပြင်ဆင်ထုတ်ပြန်လိုက်သည့် ဓာတ်အားအလှည့်ကျဇယားတွင်မူ A၊ B၊ C ဟု အုပ်စု သုံးအုပ်စုကို အလှည့်ကျပေးမည်ဟု ပြင်ဆင်ထားသည်။ ပထမထုတ်ပြန်သော အချိန်ဇယားတွင် ကြေညာထားသည့် အချိန်အတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ခြင်းမရှိခဲ့ပေ။ ဧပြီလ ၂၉ ရက် ညနေ ၃ နာရီမှစပြီး လျှပ်စစ်ဓာတ်အား စတင်ပြတ်တောက်သွားရာမှစပြီး ၂၄ နာရီကျော်သည်အထိ လျှပ်စစ်ဓာတ်အား လုံးဝမရသေးသည့် ဒေသများရှိနေသည်။ Petro & Trens ကုမ္ပဏီမှထုတ်ပြန်လိုက်သော ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဇယား

ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး မြဝတီ အမှတ် ၂ တံတား ယနေ့ပြန်ဖွင့်

Dawei Watch

April 30, 2024

မြဝတီမြို့တိုက်ပွဲများကြောင့် ယာယီပိတ်ထားသော ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး အမှတ် ၂ တံတားကို ယနေ့ ဧပြီလ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ကြောင်း မြန်မာကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်များနှင့် KNLA/PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဧပြီလ ၂၀ ရက်နေ့မှစ၍ ထိုင်း – မြန်မာ ကုန်သွယ်ရေး အမှတ် ၂ တံတားကို ထိုင်းဘက်နှင့် မြန်မာဘက်တို့က ပိတ်ထားခဲ့ သည်။ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် အမှတ် ၂ တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်စည်ပို့ဆောင်ရေးကားများ သွားလာခွင့် ရနေပြီဖြစ်ကြောင်း တံတားအနီးနေ ကုန်စည်ပို့ဆောင်နေသူတစ်ဦးထံမှ သိရသည်။ “တံတားကတော့ ဖွင့်ပါပြီ။ ထိုင်းဘက်က ကုန်စည်ကားတွေ အဓိက ဝင်နေတာမျိုးတွေ့တယ်။ မြန်မာဘက်က […]