လျှပ်စစ်ဓာတ်အား ပုံမှန်မရသောကြောင့် ထားဝယ်အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်ထုတ်လုပ်မှုလျော့ကျ
Dawei Watch
May 3, 2024ဧပြီလဆန်းပိုင်းကစပြီး ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားပုံမှန် မရရှိသောကြောင့် ထားဝယ်အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ ပုံမှန်ထက်လျော့ကျနေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေး -ထားဝယ်အဖွဲ့ထံမှ သိရသည်။ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိနေသည့် အခြေအနေတွင် အာယုဒါနအဖွဲ့ရှိ စက်ကြီးတစ်လုံး၏ တစ်ရက်လျှင် အောက်ဆီဂျင် ထုတ်လုပ်မှုနှုန်းမှာ ၄၀ လီတာအိုးကြီး အလုံး ၂၀ ထက်မနည်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ဓာတ်အား ပုံမှန်မရရှိတော့သည့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစပြီး တစ်ရက် ထုတ်လုပ်မှုနှုန်းမှာ ၄၀ လီတာ အိုးကြီး ၅လုံး ခန့်သာ ထုတ်လုပ်ပေးနိုင်တော့ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “မီးလာတုန်းပဲ ရသလောက်ထုတ်ပြီး ပေးနေရတယ်။ လျှပ်စစ်အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ ဆိုလာနဲ့ တွဲသုံးတယ် ဆိုတာက လျှစ်စစ်သုံးစွဲခ သက်အောင်၊ […]


