ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖားဆောင်းတွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ပစ်ချခံရ

Dawei Watch

May 6, 2024

ကရင်နီ (ကယား) ပြည်နယ် ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စင်းကို ကရင်နီတပ်ပေါင်းစုများက ယနေ့ ပစ်ချနိုင်ခဲ့ကြောင်း ကလလတ စစ်နည်းဗျူဟာ – ၁ ထုတ်ပြန်ထားသည်။ ဖားဆောင်းမြို့ရှိ စစ်ကောင်စီ ခလရ (၁၃၄) ၊ (၁၃၅) တို့သို့ စစ်ကူလာရောက်သော ရဟတ်ယာဉ်ကို ယနေ့ မေလ ၆ရက် နံနက် ၁၁နာရီ ၄၅မိနစ်ခန့်တွင် ပွိုင့် ၈ မောင်းပြန်သေနတ်နှစ်လက်ဖြင့် ပစ်ချခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ကာ ရဟတ်ယာဉ်မှာ ဘော်လခဲမြို့နယ်ထဲသို့ ပျက်ကျသွားကြောင်းလည်း ဆိုသည်။ ကရင်နီပြည်တပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကလည်း စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း သတင်းမီဒီယာများတွင် အတည်ပြုထားသည်။ စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ပြီးနောက်တွင် […]

Modern Punks လက်နက်ကိုင်အဖွဲ့ကို ခရိုင်ပကဖ ဖမ်းဆီး၊ ဒေသခံများ အင်အားပြတောင်းဆိုသဖြင့် ပြန်လွှတ်ပေး

Dawei Watch

May 6, 2024

Modern Punks လက်နက်ကိုင်အဖွဲ့ကို ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူများက ပြန်လွှတ်ပေးရန် တောင်းဆိုသဖြင့် နေ့ချင်းပြန်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မေလ ၆ ရက် နံနက် ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် အဆိုပါအဖွဲ့ကို ခရိုင်ပကဖအဖွဲ့က လာရောက်ဖမ်း‌ဆီးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ “လာဖမ်းတဲ့သူ‌တွေမှာက လူလေးဆယ်လောက် ပါလာတယ်။ ကားနှစ်စီးနဲ့ လာတာ။ အိမ်ကိုဝိုင်းပြီး ဝင်ဖမ်းတာ” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောဆိုသည်။ လုံခြုံရေးအခြေအနေအရ ဖြစ်စဉ်ဖြစ်ပွားသည့် ကျေးရွာကို ဖော်ပြမပေးရန် ဒေသခံသတင်းအရင်းအမြစ်တို့က တောင်းဆိုထားသဖြင့် ကျေးရွာအမည်ကို မဖော်ပြခြင်းဖြစ်သည်။ Modern Punks အဖွဲ့ဦးဆောင်သူ ရဲဘော်မောင်ကြက်ဥနှင့် ၎င်းအဖွဲ့ဝင်များအားလုံးကို ဖမ်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ထိုသို့ဖမ်းသွားပြီးနောက် မောင်ကြက်ဥမှလွဲပြီး ကျန်အဖွဲ့ဝင်များကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံတို့ထံမှ […]

ဖူးခက်တွင် ပင်လယ်ထဲ ရေဆင်းကူးသည့် မြန်မာတစ်ဦးမျောပါသေဆုံး

Dawei Watch

May 6, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ဖူးခက်မြို့တွင် ပင်လယ်ထဲ ရေဆင်းကူးသော မြန်မာနိုင်ငံသားတစ်ဦး မျောပါသေဆုံးကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ပင်လယ်ထဲ ရေဆင်းမကူးရန် သတိပေးထားသည့် အနီရောင်အလံပြထားသော်လည်း ရေဆင်းကူးခြင်းဖြစ်သည်ဟု သတင်းများတွင် ရေးသားထားသည်။ သေဆုံးသူသည် အသက် ၂၀ အရွယ် ကိုနေမျိုးဇော်အမည်ရှိသူဖြစ်ကြောင်း ဆိုသည်။ မေလ ၅ရက်က ၎င်းနှင့်အတူ သူငယ်ချင်းများက ကလင်ကမ်းခြေသို့ လာရောက်အပန်းဖြေပြီး ဂီတာတီး သီချင်းဆိုနေခဲ့ကြကြောင်း ဖော်ပြသည်။ ယင်းနောက် ကိုနေမျိုးဇော်နှင့် သူငယ်ချင်းတစ်ဦးတို့သည် နေ့လယ်ပိုင်းတွင် ပင်လယ်ထဲ ရေဆင်းကူးခဲ့ကြကြောင်း သတင်းများတွင် ရေးသားသည်။ ရေကူးဆင်းပြီး အနည်းငယ်အကြာတွင် လှိုင်းလုံးများကြား မျောပါနေခဲ့ကြသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဂျက်စကီးများဖြင့် လိုက်လံကယ်ဆယ်ခဲ့ကြကြောင်း ဆိုသည်။ သို့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များက သူငယ်ချင်းဖြစ်သူကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကိုနေမျိုးဇော်မှာ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း ဖော်ပြသည်။ […]

သရက်ချောင်း၊ ပဲဒက်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးထပ်ကြဲ

Dawei Watch

May 6, 2024

မြိတ်-ထားဝယ်ကားလမ်း သရက်ချောင်းမြို့နယ် ပဲဒက်ရွာ စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်ကို ယနေ့ မေလ ၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ထပ်မံလာရောက်ဗုံးကြဲကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၅ ရက် နံနက် ၇ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်‌ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။ မေလ ၅ ရက်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း ထပ်မံလာရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ မေလ ၅ ရက်တွင် တစ်ရက်လုံးတိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း ပဲဒက်ရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒီမနက်လည်း လေယာဉ်ထပ်လာ (ဗုံး) ကြဲတာဟုတ်ပါတယ်။ တိုက်ပွဲထပ်ဖြစ်နေတယ်” ဟု […]

ဘူးသီးတောင် စကခ (၁၅) ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီနှင့် မိသားစုဝင်များ လက်နက်ချ

Dawei Watch

May 6, 2024

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီနှင့် မိသားစုဝင်များ လက်နက်ချကြောင်း ရက္ခိုင့်တပ်တော် (AA) က ရုပ်သံမှတ်တမ်း ဖြင့် ထုတ်ပြန်သည်။ တပ်မဌာနချုပ်ကို ၁၂ ရက်ကြာ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မေလ ၂ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဆိုသည်။ ယနေ့ မေလ ၆ရက်တွင် ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီပါဝင်ပြီး ကလေးငယ်များအပါအဝင် မိသားစုဝင် ရာနှင့်ချီလည်း ပါဝင်သည်ကိုလည်း တွေ့ရသည်။ ယင်းအပြင် လက်နက်ချရာတွင် မွတ်ဆလင်များ ပါဝင်သည့် ဓာတ်ပုံနှစ်ပုံကိုလည်း AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ X အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ဘူးသီးတောင်မြို့ရှိ စကခ (၁၅) […]

သရက်ချောင်း ပဲဒက် စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်

Dawei Watch

May 5, 2024

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ကားလမ်းဘေးက ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က ပြောသည်။ ယနေ့ မေလ ၅ ရက် နံနက် ၇ နာရီခန့်ကစပြီး ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ “မနက်တည်းက ပစ်သံခတ်သံကြားတည်းက ကျွန်တော်တို့လည်း ထွက်ပြေးလာတာ ရွာထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ထိခိုက်မှုအခြေနေတော့ မသိရသေးဘူး” ဟု ပဲဒက်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပြီး ၂ နာရီကျော်အကြာ နံနက် ၉ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခန့်တွင် တစ်ကြိမ် […]

၁၃ နှစ်မပြည့်မီ ကလေးတွေကို ဖုန်းပေးမသုံးဖို့

Dawei Watch

May 5, 2024

အသက် ၁၃ နှစ် မပြည့်သေးတဲ့ ကလေးတွေကို စမတ်ဖုန်း သုံးစွဲခွင့်မပေးသင့်ဘူး လို့ မကြာသေးမီက ထွက်လာတဲ့ ပြင်သစ်အစီရင်ခံစာ တစ်ရပ်က သတိပေးလိုက်ပါတယ်။ TikTok, Instagram, Snapchat အစရှိတဲ့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေကို အသက် ၁၈ နှစ် မပြည့်ခင်မှာ သုံးစွဲခွင့်မပြုသင့်ကြောင်း အဲဒီ အစီအရင်ခံစာတစ်ရပ်မှာ သတိပေးထားပါတယ်။ ဒီလေ့လာမှုအစီအရင်ခံစာဟာ ပြင်သစ်သမ္မတ Emmanuel Macron က ကလေးတွေအတွက် ဖုန်း ၊ တက်ဘလက် ၊ ကွန်ပျူတာဖန်သားပြင်တွေနဲ့ ထိတွေ့ချိန်တွေကို ကန့်သတ်နိုင်ဖို့ ရည်ရွယ်ပြီး ပညာရှင်အုပ်စုတစ်စုကို တာဝန်ပေးလေ့လာစေခဲ့ရာကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးအကျိုးအမြတ်ရရှိရေးကို အဓိကဦးတည်နေကြတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ လူ့ဦးနှောက်ရဲ့ သိမှတ်မှုအစွဲမှားတွေကို အသုံးချပြီး ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို လိုသလို ခြယ်လှယ်လွှမ်းမိုးနေပါတယ်။ ကလေးတွေရဲ့ […]

ဘူးသီးတောင် စကခ ၁၅ တပ်မဌာနချုပ်နှင့် တပ်ရင်းလေးခုတို့ကို AA သိမ်းယူ

Dawei Watch

May 5, 2024

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၅) တပ်မဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း‌လေးခုတို့ကို သိမ်းယူထားကြောင်း ရက္ခိုင့်တပ်တော် (AA) က မေလ ၄ရက်တွင် ထုတ်ပြန်သည်။ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ ၂ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး စကခ ၁၅ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၅၁ ကို မေလ ၃ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ တပ်ရင်းဌာနချုပ်ကို ၁၂ ရက်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ စကခ ၁၅ လက်အောက်ခံ နောက်ထပ်တပ်ရင်းများဖြစ်သည့် ခမရ ၅၆၅ ကို ဧပြီလ ၂၄ရက်၊ ခမရ ၅၆၄ ကို ဧပြီလ […]