ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်က CDM ဆရာမနှစ်ဦး ထောင်ဒဏ် လေးနှစ်စီချမှတ်ခံရ

Dawei Watch

May 8, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက CDM ဆရာမနှစ်ဦး ကို စစ်ကောင်စီက မေလ ၇ ရက် တွင် ထောင်ဒဏ် လေးနှစ်စီချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မောရဝတီရေတပ်က ဖမ်းဆီးသွားသည့် CDM ပညာရေးဝန်ထမ်း လေးဦးအနက် ကံပေါက်၊ မဂ္ဂင်ရပ်ကွက်က ဆရာမဒေါ်ယဥ်ယဥ်အေး နှင့် မိကျောင်းအိုင်ရပ်ကွက်က ဆရာမဒေါ်သက်သက်မော်တို့နှစ်ဦးကို ရေဖြူမြို့နယ် တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ “အမိန့်ချပြီး ရေဖြူအချုပ်ကနေ ထားဝယ်ထောင်ကို ဒီနေ့ (မေ ၈) ပို့လိုက်တယ်။ အစ်မကတော့ လူငယ်ဆိုတော့ ကျန်းမာရေး သိပ်မထိခိုက်ပေမယ့် ဆရာမ (ဒေါ်ယဥ်ယဥ်အေး) ကတော့ အတော်လေးပိန်သွားတယ်” ဟု ဆရာမ ဒေါ်သက်သက်မော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ […]

ထားဝယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှု ပိုဆိုးလာ

Dawei Watch

May 8, 2024

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနေသည့် ထားဝယ်ခရိုင်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများလည်း မကြာခဏ ပြတ်တောက်‌နေကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်မြို့ပေါ်တွင်ရှိ နေရာအချို့တွင်မူ ဒရုန်းရန်ကို ကာကွယ်ရန် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းဖြတ်စက် (Jammer) များ တပ်ဆင်ထားသည်။ ထို့ကြောင့် ယခင်ကပင် ထိုနေရာများတွင် ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိသော်လည်း ယခုနောက်ပိုင်းတွင်မူ ယခင်က မပြတ်ဖူးသည့် နေရာအချို့တွင်ပါ ပြတ်တောက်လာကြောင်း မြို့ခံတို့က ပြောဆိုသည်။ အလားတူ အင်တာနက်လိုင်းမှာလည်း ယခင်ကထက် ပြတ်တောက်မှု များလာကြောင်း မြို့ခံတို့က ဆိုသည်။ “မီးက ပျက်ချင်နေတဲ့ကြားထဲမှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ခဏခဏပြတ်နေတော့အခုဆို ပစ္စည်းမှာထားတဲ့ သူတွေနဲ့ ခဏခဏ ပြဿနာတက်နေရတယ်” ဟု ထားဝယ်မြို့ခံ အွန်လိုင်းဈေးရောင်းသူ မကေသွယ်က ပြောသည်။ နယ်ကျေးရွာတို့တွင်လည်း အလားတူပင် ဖုန်းလိုင်း၊ […]

စစ်ဘေးရှောင်လာသည့် ထားဝယ်အရှေ့တောဒေသခံများကို ထိုင်းအာဏာပိုင်များက ပြန်လွှတ်နေ၍ အခက်ကြုံ

Dawei Watch

May 8, 2024

တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ဗောဓိ(Ban Bong Ti Bon)ဒေသသို့ စစ်ဘေးရှောင်လာရသည့် ထားဝယ်အရှေ့တောဒေသခံများကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ခိုင်းနေကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အာဏာသိမ်ပြီးနောက်ပိုင်း ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားလာပြီး ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဘက်က ပိုမိုအထိနာခဲ့သည်။ ယင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးကြရသည်။ ထိုသို့ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် ထားဝယ်အရှေ့တောဒေသခံများ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ချိန် နယ်စပ်တွင် ထိုင်းအာဏာပိုင်များက ဓာတ်ပုံရိုက်ကာ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော်အဆိုပါစစ်ဘေးရှောင်များကို မေလ ၄ ရက်နေ့မှစကာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ထိုင်းအာဏာပိုင်များက ဖိအားပေးနှင်လွှတ်နေကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အခုက ဝင်ဖမ်းမယ်လို့ ပြောတာပေါ့နော်။ […]

လောင်းလုံးတွင် ကစားဝိုင်းထောင်လေ့ရှိသူ အမျိုးသားတစ်ဦးပစ်သတ်ခံရ

Dawei Watch

May 8, 2024

လောင်းလုံးမြို့နယ် တောရှည်ရွာတွင် လောင်းကစားဝိုင်းထောင်ကာ ငွေကြေးကောက်ခံလေ့ရှိသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူ အသက် ၅၀ ဝန်းကျင်အရွယ်ရှိသည့် တောရှည်ရွာသား ဦးမောင်အေးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ မေလ ၃ ရက် မွန်းလွဲပိုင်းတွင် တောရှည်ရွာအနီး ပြုလုပ်နေသည့် လောင်းကစားဝိုင်းသို့ လက်နက်ကိုင်လူတစ်စုရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “သူက လက်ရှိအုပ်ချုပ်ရေးမှူးနဲ့ တတွဲတွဲလည်းဖြစ်တယ်။ စစ်ကောင်စီတပ်နဲ့လည်း အဆက်အဆံရှိတယ်” ဟု ၎င်းက ပြောသည်။ ဦးမောင်အေးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရွှေသောင်ယံတပ်စုက သွားရောက်ရှင်းလင်းခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၇ ရက်တွင် ထုတ်ပြန်သည်။ ဦးမောင်အေးသည် လောင်းကစားဝိုင်းထောင်ကာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့သူဖြစ်ပြီး ပျူစောထီးအဖွဲ့အတွက်လည်း အရေးပါသူဖြစ်ကြောင်း ဖော်ပြသည်။ သွားရောက်ရှင်းလင်းချိန်တွင် […]

မဲဆောက်တွင် မြန်မာလုပ်သားများကို တရားမဝင်တင်လာသည့်ကားတိမ်းမှောက်၊ ၁၂ ဦးဒဏ်ရာရ

Dawei Watch

May 8, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီးတွင် မြန်မာနိုင်ငံသားများကို တရားမဝင် တင်ဆောင်လာသော ပစ်ကပ် ကားတစ်စီး လမ်းဘေးတိမ်းမှောက်ပြီး မြန်မာ ၁၂ ဦး ဒဏ်ရာရကြောင်း တာခ့်ခရိုင်လူမှုကယ်ဆယ်ရေးအသင်းနှင့် ထိုင်းသတင်းဌာနတို့တွင် ဖော်ပြသည်။ ကားသည် ဖို့ဖရာဒေသရှိ မဲဆောက်-အုံဖမ်းလမ်းမပေါ်တွင် မေလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်က လမ်းဘေး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၂ ဦး လိုက်ပါလာခဲ့ပြီး စစ်ဆေးဂိတ်အရောက်တွင် ကားသမားက အစစ်အဆေးမခံဘဲ ရှောင်ကွင်း မောင်းပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။ ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးခဲ့ရာ စစ်ဆေးရေးဂိတ်နှင့် ၅၀၀ မီတာခန့်အကွာတွင် လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ကားပေါ် လိုက်ပါလာသော မြန်မာအမျိုးသား ရှစ်ဦးနှင့် အမျိုးသမီးလေးဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက်သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း […]

ဘီးလင်း-ဖာပွန်လမ်းပေါ်က တံတားတစ်စင်း ထပ်မံမိုင်းခွဲဖျက်ဆီးခံရ

Dawei Watch

May 8, 2024

မွန်ပြည်နယ် ဘီးလင်း-ဖာပွန်လမ်းပေါ်က တံတားတစ်စင်း ထပ်မံ မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံတို့က ပြောသည်။ ဘီးလင်း-ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၂ နဲ့ ၁၆/၃ ကြား ကညင်းပင်ကွင်းရွာရှိ တံတားသည် မေ ၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် မိုင်းခွဲဖျက်ဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ အရှည် ပေ ၈၀၊ တံတားအကျယ် ၂၄ ပေခန့်ရှိသည့် အဆိုပါတံတားသည် မိုင်းခွဲခံရမှုကြောင့် တံတားအလယ်ပိုင်း ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “တံတားက အလယ်ပိုင်းလောက်ကနေ ပြိုကျသွားတော့ ဖြတ်သန်းသွားလာလို့ မရတော့ဘူး။ ဆိုင်ကယ်တွေကအစ သွားလို့ မရတော့ဘူး” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ ဘီးလင်း-ဖာပွန်ကားလမ်းပိုင်းသည် စစ်ကောင်စီတပ်များ အသုံးပြုသွားလာလေ့ရှိပြီး တံတားကိုမူ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် မိုင်းခွဲဖျက်ဆီးသွားသည်ကို တိတိကျကျ […]

စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ခုခံနေသည့် သရက်ချောင်း ပဲဒက်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းယူ

Dawei Watch

May 8, 2024

စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ တို့ဖြင့် ခုခံကာကွယ်နေသည့် သရက်ချောင်းမြို့နယ် ပဲဒက်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက်တွင် သိမ်းယူရရှိကြောင်း တော်လှန်ရေးအဖွဲ့များက အတည်ပြုသည်။ မေလ ၅ ရက် နံနက်မှစတင်ပြီး ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လေးရက်မြောက်နေ့တွင် ပဲဒက်စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့်ကာလတွင် စစ်တပ်က K8W ဂျက်ဖိုက်တာနှင့် Mi-2 ရဟတ်ယာဉ်တို့ဖြင့် ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲပြီး တိုက်ခိုက်ခဲ့သလို ပဲဝရွာ ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေး အဖွဲ့များထံမှ သိရသည်။ ယနေ့ မေလ ၈ ရက် နံနက် ၈ နာရီခန့်တွင် […]

တိုက်ပွဲကြောင့် မြိတ်-ဘုတ်ပြင်းကားလမ်းပိတ်နေသဖြင့် လှေဖြင့်သွားလာသူများလာ

Dawei Watch

May 8, 2024

မြိတ်-ဘုတ်ပြင်းသွားသည့် ပြည်ထောင်စုလမ်းပေါ်ရှိ ၁၀၂၀ တောင်တွင် တိုက်ပွဲများရက်ဆက်ပြင်းထန်နေသည့်အတွက် ကားလမ်းပိတ်ထားသောကြောင့် ရေလမ်းခရီးမှ စက်လှေဖြင့် သွားလာသူများပြားလာကြောင်း ခရီးသွားအချို့နှင့် စက်လှေပိုင်ရှင်အချို့ထံမှ သိရသည်။ ဧပြီလ ၃၀ရက်မှစပြီး မြိတ်-ဘုတ်ပြင်းသွား ကားလမ်းမပေါ်ရှိ ၁၀၂၀တောင်တွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကားလမ်းပိတ်နေရာ မေလ၇ရက်အထိ သွားလာ၍မရသေးကြောင်း ကုန်တင်ကား မောင်းသူအချို့က ပြောသည်။ ယင်းကဲ့သို့ ကားလမ်းပိတ်နေသည့်အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အပါအဝင် ခရီးသွားလာချိန်၌ ရေလမ်းကို အားထားအသုံးပြုလာရကြောင်း မြိတ်ဒေသခံအချို့က ဆိုသည်။ ရေလမ်းဖြင့် ခရီးသွားရာတွင် လုံခြုံစိတ်ချရသည့် ခရီးသည်တင် အမြန်ရေယာဉ်ဖြင့် ပြေးဆွဲခြင်း မဟုတ်ဘဲ စက်လှေဖြင့် သွားလာနေရသည့်အတွက် အန္တရာယ်ကျရောက်နိုင်ခြေရှိနေကြောင်း မြိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ “ရေလမ်းလည်းဖြစ်တယ်၊ ညဘက်မှလည်းသွားတယ်ဆိုတော့ အန္တရာယ်အရမ်းများတယ်။ ကြားထဲ ရာသီဥတုမကောင်းရင် ရေလမ်းက […]