ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်တွင် မီးလိုင်းချို့ယွင်းသဖြင့် ထားဝယ်ခရိုင် ဓာတ်အားပြတ်တောက်ဟုဆို

Dawei Watch

May 7, 2024

ကံပေါက်စက်ရုံမှ ထားဝယ်မြို့သို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်း ချို့ယွင်းသွားသဖြင့် ထားဝယ်ခရိုင်တစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားကြောင်း Petrol &Trans ကုမ္ပဏီက ထုတ်ပြန်သည်။ လုံခြုံရေး အခြေအနေကြောင့် ချို့ယွင်းမှုဖြစ်ပေါ်သွားသည့် ၆၆ ကေဗွီလိုင်းအား ညတွင်းချင်း စစ်ဆေးနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်အားပြတ်တောက်နေချိန်အတွင်း ဒီဇယ်ဆီသုံး အရံမီးစက်တို့ဖြင့် ဒေသအလိုက် ၂ နာရီစီ အလှည့်ကျ ဓာတ်အားဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီသည် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များ ချို့ယွင်းနေချိန် ဓာတ်အား အလှည့်ကျပေးဝေမည့် ဇယားအား နှစ်ကြိမ်ထုတ်ပြန်ခဲ့သော်လည်း သတ်မှတ်အချိန်အတိုင်း ဓာတ်အား အပြည့်အဝပေးနိုင်ခြင်းမရှိဖြစ်နေသည်။ ယင်းအပေါ် ဒေသခံပြည်သူများက ကုမ္ပဏီအပေါ် ဝေဖန်မှုမြင့်တက်လျှက်ရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို PDF တိုက်ခိုက်ပြီး ရဲစခန်းဟောင်းကို မီးရှို့

Dawei Watch

May 7, 2024

ရေဖြူမြို့နယ် နဘုလယ်‌ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာ၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၅ ရက် နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုက သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထို့သို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်သည် ရေနက်ဆိပ်ကမ်းဧရိယာတွင် ယခင်က စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့ဖူးသည့် ရဲစခန်းဟောင်းတစ်ခုကို မီးရှို့ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “စခန်းဟောင်း မီးရှို့ခဲ့တယ်လို့တော့ပြောတယ်။ (တိုက်ခိုက်တာ) ခဏလေးဆိုတော့ အပြန်အလှန် တိုက်ပွဲဖြစ်တာမျိုး ရှိမရှိတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဆိပ်ကမ်းလုံခြုံ‌ရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို A Zero ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က မေလ ၆ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကို […]

မိုးခေါ်ပွဲ ကျင်းပခဲ့သည့် ကော့သောင်းတွင် မိုးရွာ

Dawei Watch

May 7, 2024

ကော့သောင်းမြို့၌ ယနေ့ မေလ ၇ ရက်တွင် မိုးရွာနေကြောင်း မြို့ခံအချို့က ပြောသည်။ နေ့လယ်ပိုင်းတွင် ပထမအကြိမ် မိနစ် ၂၀ ခန့်ကြာ မိုးရွာသွန်းပြီးနောက် တစ်နာရီခန့်အကြာ မိုးတိတ်သွားကြောင်း ၎င်းတို့က ဆိုသည်။ ယခု မွန်းလွဲ ၂ နာရီကျော်တွင် မိုးပြန်ရွာနေကြောင်း ပြောဆိုသည်။ “မိုးရွာလိုက်‌တော့ နေရထိုင်ရတာ အတော်အဆင်ပြေသွားတယ်။ နေ့တိုင်း အင်္ကျီမကပ်နိုင်တာ ဒီနေ့တော့ စွပ်ကျယ် အင်္ကျီလေး ဝတ်ပြီးနေရတယ်” ဟု မြို့ခံတစ်ဦးက ယနေ့ ညနေ ၃ နာရီကျော်တွင် ပြောသည်။ မိုးမှာ သည်းထန်စွာရွာသွန်းခြင်းမျိုးမဟုတ်ဘဲ ပုံမှန်သာ ရွာသွန်းနေကြောင်းလည်း မြို့ခံတို့က ဆိုသည်။ အီကွေတာနှင့် ပိုနီးသည့် ကော့‌သောင်းမြို့မှာ တနင်္သာရီတိုင်းရှိ အခြားမြို့တို့ထက် အပူချိန်ပိုမြင့်မားလေ့ရှိသည်။ သောက်သုံးရေအခက်အခဲမှာလည်း နွေရာသီတိုင်း ကြုံတွေ့ရလေ့ရှိသည်။ […]

သရက်ချောင်း၊ ပဲဒက်စခန်းကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေတို့ဖြင့် ခုခံတိုက်ခိုက်

Dawei Watch

May 7, 2024

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံနေရသဖြင့် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတို့ဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၅ရက် နံနက် ၇နာရီခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်‌ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။ ယနေ့ မေလ ၇ ရက်အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီဘက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး မေလ ၆ရက်တွင် ရေတပ်စစ်သင်္ဘောကိုလည်း အသုံးပြုတိုက်ခိုက်လာကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တပ်ဖွဲ့ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လေယာဉ်က မနေ့က လေးခေါက်လာတယ်။ ပတ်ပတ်ပြီးတော့ လာကြဲသွားတယ်။ ဒီနေ့မနက်လည်း တစ်ခါလာကြဲသွား ပြီးပြီ။ ပဲဒက်စခန်းပတ်ချာလည်ကိုပဲ ကြဲတာ၊ ရေတပ် […]

မြိတ်မြို့တွင် ခိုးမှု၊ လုယက်မှုများဖြစ်နေ

Dawei Watch

May 7, 2024

မြိတ်မြို့တွင် ယခုလပိုင်းအတွင်း ခိုးမှု၊ လုယက်မှုများဖြစ်ပွားနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြို့ခံတို့က ပြောသည်။ မြိတ်မြို့တွင် နေအိမ်ပေါ်တက်ပြီး ဖုန်း၊ ငွေသား ခိုးယူမှုများဖြစ်ပွားနေသလို ဆိုင်ကယ်စီးသွားလာစဉ် လုယက်ခံရမှုလည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ မြိုတ်မြို့ ကန်ဖျားရပ်ကွက်တွင် မေလ ၆ရက် ညနေ ၇နာရီခန့်က အမျိုးသမီးနှစ်ဦး ဆိုင်ကယ်စီးလာစဉ် လုယက်ခံရကြောင်း လုယက်ခံရသည့် ကာယကံရှင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ လူငယ်အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ဘေးချင်းကပ်လိုက်လာပြီး ဆိုင်ကယ် လက်ကိုင်အောက်တွင်ရှိသော ပစ္စည်းထည့်သည့် ဘောက်တွင်ထည့်ထားသည့် ဖုန်းကို လုယူသွားကြောင်း ၎င်းက ဆိုသည်။ “သတိတော့ထားမိတယ်။ လမ်းကွေ့တစ်ခုနားရောက်တော့ သူတို့လည်း နီးနီးကပ်ကပ် ကွေ့လာပြီး ဖုန်းကို လုတာ၊ ကျွန်မတို့လည်း ပြန်လုသေးတယ်။ ဒါပေမဲ့ အမျိုးသမီးတွေဆိုတော့ ရန်လုပ်နေမှာ ကြောက်လို့ လျှော့ပေးလိုက်ရတယ်။ လမ်းသွားလမ်းလာတွေလည်း […]

ထားဝယ်တွင် ပွဲစားဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ပါက အွန်လိုင်း ရက်ချိန်းယူရန်မလိုဟုဆို

Dawei Watch

May 7, 2024

ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပွဲစားဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားပါက အွန်လိုင်းရက်ချိန်းယူရန် မလိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့အပါအဝင် မြို့ကြီးအားလုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားမည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် ကြိုတင်ရက်ချိန်းယူရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ ယင်းအစီစဉ်မှာ မေလ ၂ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထားဝယ်မြို့တွင်မူ နိုင်ငံကူးလက်မှတ်လျှောက်ပေးသည့် ပွဲစားများမှာ အွန်လိုင်းမှ ရက်ချိန်းယူရန် မလိုအပ်ကြောင်း ဒေသတွင်း ပွဲစားလောကထံမှသိရသည်။ “ကျွန်တော်တို့လို ဝန်ဆောင်မှုလုပ်တဲ့သူတွေကတော့ အွန်လိုင်းကနေ မလုပ်လည်းရသေးတယ်။ သူတို့ဖွင့်ပေးထားသေးတယ်ပေါ့။ ဖောင်စာရွက်မှာဖြည့်ပြီး ရုံးမှာသွားတင်ပြီး ရက်ချိန်းယူရင် ဒီနေ့ယူ မနက်ဖြန်ရတယ်” ဟု အမည်မဖော်လိုသည့် ပွဲစားတစ်ဦးကဆိုသည်။ ပွဲစားမပါဘဲ သာမန်ပြည်သူတစ်ဦးချင်အနေဖြင့် လျှောက်ထားမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းမှတစ်ဆင့် ကြိုတင်ရက်ချိန်းယူရကြောင်း ကိုယ်တိုင်လျှောက်ထားဖူးသူတို့ကဆိုသည်။ “ထားဝယ်မှာက ရန်ကုန်လိုတော့မဟုတ်ဘူး။ (ရန်ကုန်မှာလို) လချီပြီးစောင့်စရာမလိုဘူး။ (အွန်လိုင်းကနေ) ဒီနေ့လျှောက်ရင် မနက်ဖြန် […]

ထားဝယ်မြို့ ကညုံရပ်ကွက်တွင် အဟောင်းပစ္စည်းဆိုင် မီးလောင်

Dawei Watch

May 6, 2024

ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ သီတာလမ်း၌ ယနေ့ မေလ ၆ ရက် ညပိုင်းတွင် အဟောင်း အဟောင်းပစ္စည်းဆိုင်ဖွင့်ထားသည့် နေအိမ်တစ်လုံးမီးလောင်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ “အဟောင်းပစ္စည်း (သံတိုသံစ) တွေ ရောင်းတဲ့ဆိုင် မီးလောင်တာပါ။ တစ်အိမ်ပဲ လောင်တယ်။ မီးသတ်ကားတွေရော၊ ရေကားတွေရော အများကြီးရောက်နေတယ်” ဟု မီးလောင်ပြင်အနီးရောက်ရှိခဲ့သည့် ကညုံရပ်ကွက်နေသူ အမျိုးသားတစ်ဦး က ပြောသည်။ ည ၇ နာရီ ၁၅ ခန့်တွင် မီးစတင်လောင်ကျွမ်းပြီး မိနစ် ၃၀ အကြာတွင် မီးထိန်းနိုင်ကြောင်း ၎င်းက ဆိုသည်။ ဆေးလိပ် မီးကြွင်းမီးကျန်မှ စတင်၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ “မီးငြိမ်းတာကတော့ကြာပါပြီ။ မီးကြွင်းမီးကျန်လေးတွေတော့ ဆက်ငြှိမ်းနေဆဲပါ” ဟု ခရိုင်မီးသတ်ဦးစီးမှူးက ပြောသည်။ မီးလောင်မှုအတွင်း […]

တနင်္သာရီမြို့နယ်တွင် PDF နှစ်ဦးနှင့် ဆေးတပ်သားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

Dawei Watch

May 6, 2024

တနင်္သာရီမြို့နယ် ဘန်းပြည့်နှင့် သိန္ဒေါရွာတို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဆေးတပ်သားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များ၏ တာဝန်ရှိသူတို့က အတည်ပြုသည်။ ဘန်းပြည့်ရွာတွင် မေလ ၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အဆိုပါတပ်ဖွဲ့ဝင်နှစ်ဦးမှာ မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း – ၁ တွင် ပါဝင်သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဘန်းပြည့်ရွာက နေအိမ်တစ်အိမ်တွင် ခေတ္တဝင်နားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ တပ်စစ်ကြောင်းက ဝင်ဝိုင်းသဖြင့် PDF နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ “သူတို့နှစ်ယောက်ကိုတော့ ဝင်ဝိုင်းတဲ့အချိန်မှာ အရှင်မိသွားတာပေါ့။ ကျန်တဲ့လူတွေကတော့ ပစ်ခတ်ပြီးတော့ လွတ်မြောက် သွားတယ်။ ညှင်းပန်းနှိပ်စက်ပြီးမှ ခေါင်းဖြတ် […]