ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကလိန်အောင်မြို့တွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အဘွားတစ်ဦးဒဏ်ရာအပြင်းအထန်ရ

Dawei Watch

May 9, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲပြီး အဘွားတစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံများထံမှ သိရသည်။ ကလိန်အောင်မြို့အနီး စစ်ကောင်စီတပ်ရင်းတို့က မေလ ၈ ရက်ညတွင် ပစ်ခတ်သည့် လက်နက်ကြီးကျည် အမှတ် ၃ ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံတို့က ပြောသည်။ ယင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် အဆိုပါနေအိမ်ရှိ အသက် ၇၀ အရွယ် အဘွားဒေါ်တင်ကြည်အား ကျည်စထိမှန်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ထားဝယ်ဆေးရုံကြီး အရေးပေါ်တင်သွားပြီး ခွဲစိတ်ခန်းဝင်နေပြီ။ ဒဏ်ရာက အသည်းအနားမှာ နှစ်လက်မလောက် အစစင်ထားတယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။ မေလ ၈ ရက်ညက ကလိန်အောင်မြို့တွင်း၌ လက်နက်ကြီးအသံ ဆယ်ချက်ခန့်ကြားရပြီး ဒေါ်တင်ကြည် နေအိမ်အပြင် အခြားလူ မနေသည့် […]

သဘောင်းတောင်ရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျွန်းစုပကဖ ပြော

Dawei Watch

May 9, 2024

ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု သဘောင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အသက် ၄၀ အရွယ် ဦးကျော်မြင့်ကို မေလ ၇ရက် နံနက် ၈နာရီခွဲခန့်က သွားရောက်ဖမ်းဆီးရာ ခုခံပစ်ခတ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ကျွန်းစုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ “ကျွန်တော်တို့ကို တိုင်ထားတာတွေလည်း ရှိတယ်။ ပြီးတော့ သူကိုယ်တိုင်က ပျူစောထီးခေါင်းဆောင်ဆိုတော့ စစ်ရေး ပစ်မှတ်လို့လည်း သတ်မှတ်လို့ရတယ်။ သွားရောက်ဖမ်းဆီးတော့ အဖမ်းမခံဘဲ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်လိုက်ရတာပါ” ဟု ၎င်းက ပြောသည်။ ဦးကျော်မြင့်သည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းမည့်သူများကို ငွေကြေးထောက်ပံ့ရန် အကြောင်းပြချက်ဖြင့် သဘောင်းတောင် ကျေးရွာနေ ပြည်သူများထံမှ အဓမ္မငွေကြေးတောင်းခံနေခြင်းကြောင့် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက […]

လောင်းလုံးမြို့ရှိ စစ်ကောင်စီစခန်းများတိုက်ခိုက်ခံရ၊ မြို့အနီးဝန်းကျင်ကို လေကြောင်းဖြင့်ပြန်လည်ပစ်ခတ်

Dawei Watch

May 9, 2024

‌လောင်းလုံးမြို့ရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီနောက် မြို့အနီးဝန်းကျင်ကို စစ်ကောင်စီက ယနေ့ နံနက်တွင် လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ မေလ ၉ရက် နံနက် ၈ နာရီကျော်တွင် လောင်းလုံးမြို့အနီးသို့ တိုက်လေယာဉ်တစ်စင်း ပျံဝဲလာပြီး ဗုံး ငါးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုတွင် ညင်းမော်ကျေးရွာအနီးသို့ ဗုံးကျရောက်‌ပေါက်ကွဲခဲ့ကြောင်း ကနဦးသတင်းရရှိထားသည်။ “ညင်းမော်ရွာနားမှာ ကျနေတယ်။ ဘယ်နေရာလဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး။ အကုန်လုံးက ပြေးတဲ့သူပြေး ပုန်းတဲ့သူပုန်း ရုန်းရင်းဆန်ခတ်ဖြစ်နေတာ” ဟု ရွာထဲတွင် ပိတ်မိနေသည့် ဒေသခံတစ်ဦးက ပြောသည်။ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ပြီးနောက် လောင်းလုံးမြို့ ကျေးရွာများအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျံသန်းလျက်ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။ လောင်းလုံးမြို့တွင်းရှိ စစ်ကောင်စီစခန်းအား ယနေ့နံနက်ပိုင်းတွင် စတင်တိုက်ခိုက်နေသဖြင့် […]

မြိတ်မြို့ရှိ ဧရာနဒီလွန်းကျင်းတွင် ပြုပြင်နေသည့် ငါးဖမ်းစက်လှေတစ်စီး မီးလောင်

Dawei Watch

May 8, 2024

မြိတ်မြို့၊ ကျွဲကူးရွာရှိ ဧရာနဒီအမည်ရှိ စက်လှေပြုပြင်သည့် လွန်းကျင်းတွင် ယနေ့ (မေ ၈) ညနေပိုင်းက ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှုဖြစ်ခဲ့သည်။ ဖြိုးကျော်ကျော် ၅ အမည်ရှိ ဝါလတ်ငါးဖမ်းလှေ စက်ခန်း၌ စက်ကြီးအိတ်ဇောပိုက်အား ဂဟေဆော်ရာမှ ဆီကန်ပေါ် မီးပွားကျ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံကသိရသည်။ ညနေ ၄ နာရီ မိနစ် ၂ဝ တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းများ၏ ငြှိမ်းသတ်မှုကြောင့် မိနစ်ပိုင်းအကြာ ၄ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။ “လူထိခိုက်ဒဏ်ရာ ရတာမျိုး မရှိပါဘူး ” ဟု သွားရောက်ကူညီခဲ့သည် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။ မီးလောင်မှုကြောင့် ဂဟေဆော်ပုံးတစ်ပုံး နှင့် စက်လှေပဲ့နင်းခန်း မီးလောင်ပျက်စီးခဲ့‌ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယခုနှစ် […]

ပဲဒက်စခန်းသိမ်းတိုက်ပွဲအပြီး ကနက်သီရိကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးနှစ်ဦးသေ

Dawei Watch

May 8, 2024

ပဲဒက်စခန်းသိမ်းတိုက်ပွဲအပြီးတွင် ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ယနေ့(မေ ၈) ညနေ ၄ နာရီခွဲခန့်တွင် ကနက်သီရိကျေးရွာ ဘောလုံးကွင်းနှင့် စာသင်ကျောင်းကို ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဘောလုံးကန်ကစားရန် စောင့်ဆိုင်းနေသည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးပြီး ၆ ဦးခန့်ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့က ပြောသည်။ “လေယာဉ်လာသံတောင်မကြားလိုက်ဘူး၊ ဗုံးသီးကျသံကြားမှ ရုတ်တရက်နီးတဲ့နေရာ ဝပ်နေလိုက်ရတာ၊ ကလေးနှစ်ယောက်သေတယ်၊ လေးငါးခြောက်ယောက်လောက် ဒဏ်ရာရတယ်” ဟု ကနက်သီရိကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် ရငဲရွာနှင့် ကမြိုင်ရွာကြားကိုလည်း ဗုံးကြဲချခဲ့သဖြင့် ဆေးရုံအဆောက်အအုံနှင့် ဥယျာဉ်ခြံတချို့ ထိခိုက်ပျက်စီးသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ စခန်းသိမ်းတိုက်ပွဲက ပြန်လာသည့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကနက်သီရိ၊ ရငဲ၊ ကမြိုင်ကျေးရွာများကို […]

သရက်ချောင်းတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုပြုလုပ်

Dawei Watch

May 8, 2024

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ (မေ ၈)​ နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေး ဆန္ဒပြလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြသည်။ “လူထုအာဏာတည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” ဘန်နာကို ကိုင်စွဲကာ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် ကြွေးကြော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) နှင့် သရက်ချောင်းမြို့နယ် သပိတ်ကော်မတီက ဦးဆောင် ပြုလုပ်ခဲ့ကြသည်။ မေလ ၇ ရက်ညကလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက သရက်ချောင်းမြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြပွဲ နှင့် မြေမြုပ်မိုင်း၊စစ်ကျန်လက်နက်အန္တရာယ်အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သေးသည်။

ကော့သောင်းနှင့် မြဝတီနယ်စပ်တွင် စမတ်ကတ်အမြန်ရရန် ဘတ်ငါးရာအထိ ဈေးပေါက်

Dawei Watch

May 8, 2024

ထိုင်းနယ်စပ်မြို့များဖြစ်သည့် မြ၀တီမြို့နှင့် ကော့သောင်းမြို့တွင် စမတ်ကတ်လျှောက်သူများပြားနေသဖြင့် အမြန်လို သူများက ပွဲစားကတစ်ဆင့်ငွေပေးပြီး လုပ်ဆောင်ကြရကြောင်း စမတ်ကတ်လုပ်ခဲ့သူအချို့ထံမှ သိရသည်။ မေလ ၁ ရက်နေ့မှစကာ နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း သွားမည့်သူများကို UID ကတ် ဟုခေါ်သည့် စမတ်ကတ်ရှိမှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက တင်းကျပ်ထားသည်။ UID ဟုခေါ်သည့် စမတ်ကတ်မှာ မျက်လုံး၊ လက်ဗွေ အစရှိသည့် ဇီဝဆိုင်ရာ အချက်အလက်များကို တစ်ဦးချင်းအလိုက် မှတ်တမ်းတင် သိမ်းဆည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် နယ်စပ်မြို့များရှိ စစ်ကောင်စီ၏ လဝကရုံးများတွင် စမတ်ကတ်လုပ်သူ ရာပေါင်းများစွာ တန်းစီတိုးဝှေ့နေကြပြီး အနည်းဆုံး ၃ ရက်ခန့် အချိန်ယူစောင့်ဆိုင်းရကြောင်း ကော့သောင်းမြို့တွက် စမတ်ကတ်လုပ်ခဲ့သူအချို့က ဆိုသည်။ ယင်းသို့ မစောင့်လိုသူများက ပွဲစားမှတစ်ဆင့်ချိတ်ဆက်ကာ ဘတ် ၃၀၀ မှ ဘတ် […]

တိုက်ပွဲကြောင့် သရက်ချောင်းနှင့် ဘုတ်ပြင်းတွင် ခရီးသည်ရာချီပိတ်မိ

Dawei Watch

May 8, 2024

တိုက်ပွဲကြောင့် သရက်ချောင်းမြို့နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကားများနှင့် ခရီးသည်ရာချီ ပိတ်မိနေဆဲဖြစ်ကြောင်း ကားမောင်းသူများနှင့် ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်က စစ်ကောင်စီတပ်၏ ပဲဒက်စခန်းနှင့် 1020 တောင်စခန်းနှစ်ခုကို တောင်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထားဝယ်မှ ဘုတ်ပြင်းအထိ ရန်ကုန်-ထားဝယ်- ကော့သောင်း အတက် အဆင်းကား အစီးရေ ၁၀၀ကျော် ပိတ်မိနေကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ကားမောင်းသူအချို့က ဆိုသည်။ ပဲဒက်စခန်းမှာ သရက်ချောင်းနှင့် ပုလောလမ်းပိုင်းတွင်တည်ရှိပြီး 1020 တောင်စခန်းမှာ တနင်္သာရီနှင့် ဘုတ်ပြင်းကြားတွင် တည်ရှိသည်။ ခရီးသည်များ ပိတ်မိနေသည့် နေရာ နှစ်ခုစလုံးမှာ ရန်ကုန်-ထားဝယ်- ကော့သောင်းလမ်းတွင် ဖြစ်သည်။ မြိတ်မှ ရန်ကုန်သို့လာသည့် ကားတို့သည် […]