စစ်ကောင်စီထံ လေယာဉ်ဆီမရောင်းရန် လောင်းလုံးနှင့် သရက်ချောင်းတွင် ဆန္ဒပြ တောင်းဆို
Dawei Watch
May 11, 2024ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နှင့် သရက်ချောင်းမြို့နယ်တို့တွင် ယနေ့ မေလ ၁၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ ပြုလုပ်ကြသည်။ အဆိုပါလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနှင့် သရက်ချောင်မြို့နယ် သပိတ်ကော်မတီတို့က ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေမှုကို အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့က ပိတ်ပင်တားဆီးပေးရန် တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်။ “USA, UK, EU_ Ban The Export of jet fuel to Myanmar”၊ “USA၊ UK၊ EU _ မြန်မာနိုင်ငံသို့ လေယဉ်ဆီတင်ပို့မှုကို တားဆီးပိတ်ပင်ပါ” ကြွေးကြော်သံဖြင့် တောင်းဆိုခဲ့ကြသည်။ မေလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်များတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် […]


