ကလိန်အောင်မြို့အနီး စစ်ရဟတ်ယာဉ် ပျံဝဲ၍ မြို့ခံများစိုးရိမ်၊ ဇင်းဘာရွာသားများလည်း ရွှေ့ပြောင်း
Dawei Watch
May 10, 2024တနင်္သာရီတိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်တိုက်ရှိနေချိန် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် ယနေ့ မေလ ၁ဝ ရက် မွန်းလွဲပိုင်းတွင် စစ်ရဟတ်ယာဉ် ပျံဝဲနေသဖြင့် မြို့ခံများ စိုးရိမ်နေကြောင်း မြို့ခံတို့က ပြောသည်။ တိုင်းအတွင်း သရက်ချောင်း၊ လောင်းလုံး၊ တနင်္သာရီမြို့နယ်တို့တွင် ယခုသီတင်းပတ်အတွင်း စစ်ကောင်စီက မြို့ရွာများအနီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ဆောင်နေပြီး ဒေသခံများထိခိုက်သေဆုံးမှုရှိနေသဖြင့် စိုးရိမ်ကြောင်း မြို့ခံတို့က ဆိုသည်။ “မနက်ပိုင်းက အသွားအလာရှိသေးတယ်။ လေယာဉ်သံကြားပြီးနောက်ပိုင်း အိမ်တံခါးတွေ ပိတ်ထားကြပြီး အသွားအလာ မရှိတာ့ဘူး။ အရေးပေါ်ဖြစ်လာရင် ပြေးကြဖို့ အခုပြင်စရာရှိတာ ပြင်နေကြတယ်” ဟု ကလိန်အောင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မေလ ၇ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများ ဇင်းဘာလမ်း၌ အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရသည်။ ဇင်းဘာလမ်းကို ရေး-ထားဝယ်ကားလမ်းမမှ ဝင်ရသည်။ […]


