ရန်ကုန်-ကော့သောင်းလမ်းပိုင်းတစ်လျှောက် တိုက်ပွဲများကြောင့် ကုန်စည်များဆုံးရှုံး
Dawei Watch
May 14, 2024ရန်ကုန်-ကော့သောင်းလမ်းပိုင်းတစ်လျှောက် တိုက်ပွဲများကြောင့် ကားလမ်းပိတ်နေသဖြင့် ကုန်စည်ဆုံးရှုံးမှုများနေကြောင်း ကုန်သည်အချို့နှင့် ကားသမားများက ပြောသည်။ ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်း လမ်းတစ်လျှောက်တွင် နှစ်ဖက်တိုက်ပွဲ၊ မိုင်းဆွဲတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကားလမ်းပိတ်နေကြောင်း ၎င်းတို့က ဆိုသည်။ မေလ ၁၁ ရက်နေ့က ဘီးလင်းနှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသဖြင့် တံတားကျိုးကျသွားသဖြင့် ရှောင်ကွင်းလမ်းက သွားရာတွင်လည်း လမ်းကျဉ်းသောကြောင့် ကားရာချီ ပိတ်မိနေသည်။ ထို့ကြောင့် ထားဝယ်ဒေသမှ ရန်ကုန်သို့ တင်ပို့မည့် ကုန်စည်ပစ္စည်းများ ဆုံးရှုံးနေကြောင်း ကုန်သည်အချို့နှင့် ကားသမားများက ပြောဆိုသည်။ ထားဝယ်မှ ရန်ကုန်သို့ ကဏန်းတင်ပို့ရောင်းချနေသူတစ်ဦးကလည်း ဘီးလင်း-သထုံအစပ်က ကျုံအိတ်တံတား မိုင်းခွဲခံရမှုကြောင့် ကားဆက်သွားမရဖြင့် ကဏန်းခြင်းများ ပြန်ရောက်လာကြောင်း ဆိုသည်။ “ဆုံးရှုံးမှုတွေကတော့ ရှိတာပေါ့။ ဟိုဘက်ကို ကျော်မရတော့ ဒီဘက်ကို ပြန်လှည့်လာတာမှာ ကဏန်းအသေအပျောက် များတာပေါ့။ […]


