ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်စခန်းတို့ နှစ်ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခံရ

Dawei Watch

May 15, 2024

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်စခန်းတို့ကို နှစ်ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ မေလ ၁၃ ရက်က သိန္ဓောရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား ဘန်ကြုတ်ရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို တောင်ပိုင်းညီနောင်စစ်ကြောင်းနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ ၏ တာဝန်ခံက ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သုံးဦးထက်မနည်း ဒဏ်ရာရသွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦး မစိုးရိမ်ရ ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲတွေအတွင်း ၄၀ မမ (လက်နက်ကြီး) နဲ့ အပြန်အလှန်ပစ်ခတ်တာမျိုးတော့ ရှိတယ်။ သူတို့ (စကစ) စစ်ကြောင်း သွားတဲ့ လမ်းတစ်လျှောက် လိုက်ပိတ်ပြီး တိုက်ခိုက်တာမျိုးပါ” […]

မြန်မာလုပ်သားငါးဦးကို အချုပ်က ထုတ်ပေးရန် မြန်မာပွဲစား ဘတ်တစ်သိန်းကျော်တောင်း၊ ရက် ၂၀ အထိ ပြန်မလွတ်

Dawei Watch

May 15, 2024

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင် ဘန်ဖီနယ်မြေတွင် အချုပ်ထဲက မြန်မာအလုပ်သမားငါးဦးကို ပြန်ထုတ်ပေးရန် မြန်မာပွဲစား တစ်ဦးက ဘတ်တစ်သိန်းကျော် ယူထားသော်လည်း ရက် ၂၀ ကျော်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း WAG အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။ ဘန်ဖီနယ်မြေရှိ New Moon Thai Co.,ltd သစ်သီးစက်ရုံကို ဧပြီလ ၂၃ ရက်က ထိုင်းလဝက ဝင်ရောက်စစ်ဆေးပြီး မြန်မာအလုပ်သမား ၂၀ ကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ရဲစခန်းတွင်စစ်ဆေးပြီး ည ၇နာရီခန့်တွင် မြန်မာအလုပ်သမား ၁၂ဦးကို ပြန်လွှတ်ပေးခဲ့ကာ အလုပ်လုပ်ခွင့်အထောက်အထား စာရွက်စာတမ်းမရှိသော သုံးဦးနှင့် အလုပ်ရှင်မတူဘဲ လုပ်ကိုင်သူ ငါးဦးကို ဆက်လက်ဖမ်းဆီးခဲ့ကြောင်း WAG ထံမှ သိရသည်။ အထောက်အထားမရှိသူ […]

မောင်းမကန်တွင် သွပ်ပြားတက်မိုးသည့် အမျိုးသား ဓာတ်လိုက်သေဆုံး

Dawei Watch

May 15, 2024

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ မေလ ၁၅ ရက် နေလယ်ပိုင်းတွင် နေအိမ်ရှေ့တွင်ရှိသည့် ဆိုင်ခန်း သွပ်ပြားတက်မိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။ ဓာတ်လိုက်သေဆုံးသူမှာ မောင်းမကန်ရွာသား အသက် ၃၀ ကျော်အရွယ်ရှိ ကိုလွင်ဖြိုးဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကိုလွင်ဖြိုးသည် နေ့လယ် ၁၂နာရီ လျှပ်စစ်ဓာတ်အားပြန်လာချိန်တွင် လျှပ်စစ်အသုံးပြုကာ သွပ်ပြားမိုးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အော်သံတစ်ချက်ကြားလို့ တက်ကြည့်ရာက လဲနေတယ်။ မီးကြိုးပဲ ပေါက်နေလား၊ သွပ်ပြားနဲ့ လျှပ်စစ်ဓာတ်ကြိုးနဲ့ ငြိတာလားတော့ ဘယ်သူမှာမသိဘူး။ အဲဒီကတည်းက သေသွားပုံရတယ်” ဟု ၎င်းက ပြောသည်။ ဓာတ်လိုက်ခံရပြီးနောက် ကိုလွင်ဖြိုးကို ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားသော်လည်း အသက်ကို ကယ်တင်နိုင်ခြင်း မရှိတော့ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။ […]

ရေဖြူ ဇာဒီရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ အရပ်သားတစ်ဦး ဒဏ်ရာရပြီး ရွာသားများထွက်ပြေး

Dawei Watch

May 15, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာ ယနေ့ မေလ ၁၅ ရက် နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အရပ်သားထိခိုက်မှုရှိကာ ရွာသားများ ထွက်ပြေးနေရကြောင်း ရွာသားများက ပြောသည်။ ဇာဒီရွာ မြောက်ဘက်တွင်ရှိသည့် မောရဝတီရေတပ်က ပစ်ခတ်နေခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ “အိမ်တစ်လုံး ထိပြီး လူတစ်ယောက် ထိတာတော့ သိထားရတယ်။ အားလုံး ပြေးလွှားနေရတယ်။ အခြေအနေ မငြိမ်သေးလို့ အတိအကျ မသိရသေးဘူး” ဟု ရှောင်တိမ်းနေရသည့် ရွာသားတစ်ဦးက ပြောဆိုသည်။ လက်ကြီးပစ်ခတ်သံကို ဇာဒီရွာနှင့် ကျေးရွာနှစ်ရွာအကွာရှိ ကံပေါက်ရွာကပင် ကြားရကြောင်း ကံပေါက်ရွာ၊ ဗိုလ်ချုပ်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ မေလ ၁၃ ရက်ကလည်း ဇာဒီရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရောက်နေသည်ဟုဆိုကာ မောရဝတီရေတပ်က ကားနှစ်စီးဖြင့် ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာတွင် လာရောက်ကင်းပုန်းချထားကြောင်း ဒေသခံများထံမှ သိရသည်။ […]

ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ ကိုင်းခြံများကို စစ်ကောင်စီတပ်က တောနင်းရှာ

Dawei Watch

May 14, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ ပြောင်းဖူး၊ ခရမ်းသီး စသည့် ကိုင်းသီးနှံများ စိုက်ပျိုးသည့်ခြံများကို ယနေ့ မေလ ၁၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က တောနင်းရှာဖွေ နေကြောင်း ကိုင်းစိုက်တောင်သူများထံမှ သိရသည်။ ကလိန်အောင်ချောင်းဘေးတစ်လျှောက်တွင် ကိုင်းသီးနှံ စီးပွားဖြစ်စိုက်ပျိုးကြပြီး ယင်းလုပ်ငန်းမှာ ဒေသခံအများစု၏ အဓိက စီးပွားရေးလည်း ဖြစ်သည်။ “ခြံသွားတဲ့ လူကြီးတစ်ယောက်ကို လမ်းပြဖမ်းခေါ်သွားပြီး ကိုင်းခြံတွေမှာ စစ်တပ်က လိုက်ရှာနေကြတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။ မေလ ၁၃ ရက်က မိကျောင်းလှောင်ရွာသစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရောက်ရှိနေသည်ဟု ဆိုကာ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယနေ့တွင်တောနင်းရှာဖွေနေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ “PDF တွေ ရွာသစ်ရောက်နေတယ်ဆိုပြီး လက်နက်ကြီးလှမ်းထုတာ။ မနေ့က (မေ ၁၃) နေ့လယ်ပိုင်း အိမ်တံခါးတွေ ပိတ်ပြီးနေရတယ်” […]

မဲဆောက်တွင် မြန်မာလူငယ်က မိခင်ကို သတ်ပြီး အလောင်းမီးရှို့ဟုဆို

Dawei Watch

May 14, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် မြန်မာလူငယ်တစ်ဦးက မိခင်အရင်းဖြစ်သူကို ဓားဖြင့် ထိုးသတ်ပြီး အလောင်းကို မီးရှို့ခဲ့ကြောင်းထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထာ့ဆိုင်လွမ်ဒေသ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဟွေ့မွမ်ရွာတွင် မေလ ၁၃ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ သားဖြစ်သူက မိခင်ဖြစ်သူနှင့် စကားများပြီးနောက် ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းကို ဓါတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူက ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။ သားဖြစ်သူ ပိုက်ဆံတောင်းစဉ် မပေးသဖြင့် သားအမိနှစ်ဦး အချင်းများခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေးသား ဖော်ပြထားသည်။ ယင်းဖော်ပြချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ သေဆုံးသည့် မိခင်ဖြစ်သူမှာ အသက် ၄၉ နှစ်အရွယ်ဖြစ်ပြီး သားဖြစ်သူမှာ အသက် ၂၃ နှစ်အရွယ်ဖြစ်ကြောင်း ဖော်ပြသည်။ […]

သရက်ချောင်း ကနက်သီရိရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီက ကြည်း ရေ လေတို့ဖြင့် ပစ်ခတ်

Dawei Watch

May 14, 2024

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက် လေယာဉ်နှင့် စစ်သင်္ဘောတို့ဖြင့်ပါ ပြန်လည်တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ကနက်သီရိရွာ ပင်လယ်ဝကို စစ်သင်္ဘောနှစ်စင်းရောက်ရှိနေပြီး လှေငယ်နှစ်စီးဖြင့်တက်လာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်း တပ်ဖွဲ့တို့ ယနေ့ မေလ ၁၄ ရက် နံနက် ၇ နာရီခန့်မှ မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ရေတပ်စစ်သင်္ဘောက ကနက်သီရိကျေးရွာဘက်ကို ယနေ့ ညနေ ၅ နာရီအထိ လက်နက်ကြီးဖြင့် တရစပ်ပစ်ခတ်နေကြောင်း ကနက်သီရိရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။ “ပစ်နေတာကတော့ တစ်မနက်လုံးပဲ ပစ်နေကြတယ်။ အခုညနေ ၄ နာရီလောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲ သွားတယ်။ နေရာကတော့ ကနက်သီရိလို့ပဲ သိထားတယ်။ ဘယ်နေရာတွေဆိုတာတော့ အတိအကျမသိဘူး။ […]

ချင်းမိုင်တွင် တရားမဝင် နေထိုင်နေသော မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ

Dawei Watch

May 14, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် နေထိုင်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၂၇ ဦးကို မေလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။ ချင်းမိုင်မြို့ထဲရှိ ချန်ကလန်နှင့် မြို့ထဲနေရာအချို့ကို ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် နေထိုင်ခွင့် အထောက်အထားမရှိဘဲ နေထိုင်နေသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များက ရာဇဝတ်မှုစုံစမ်းနှိမ်နင်းရေးနှင့် တရားမဝင် နေထိုင်နေသော နိုင်ငံခြားသားများကို စုံစမ်းစစ်ဆေးရေး စီမံချက်ဖြင့် မြန်မာနိုင်ငံသားများ နေထိုင်နေသော တိုက်ခန်းများထဲအထိ ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ မေလ ၁၃ ရက်က ရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်သော နေရာ ၆ နေရာကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၂၇ ဦးအထိ ဖမ်းဆီးခံလိုက်ရသည်။ ဖမ်းဆီးခံရသူများကို ချင်းမိုင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူ […]