ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အပူဒဏ်ကြောင့် သီးပင်စားပင်များသေဆုံး

Dawei Watch

May 17, 2024

ယခုနှစ်နွေရာသီ၌ အပူချိန်ပြင်းထန်ပြီး ရေရှားပါးမှု အခက်ခဲတို့ကြောင့် သီးပင်စားပင်များသေဆုံးမှုများကြောင်း ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ သံပရာပင်၊ ဒူးရင်း၊ ကွမ်းသီး အစရှိသည့် နှစ်ရှည်သီးနှံပင်များသေဆုံးနှုန်းများနေသည့်အပြင် အသီးလည်း မသီးနိုင်ကြကြောင်း ထားဝယ်ခရိုင်ရှိ ဥယျာဉ်ခြံပိုင်ရှင်အချို့က ဆိုသည်။ ရေဖြူမြို့နယ် ကလိန်အောင်မြို့ရှိ သံပရာခြံများမှာ အပင်သေဆုံးမှုများပြားနေကြကြောင်း သံပရာစိုက်တောင်သူအချို့ထံမှ သိရသည်။ “အရင်က မဖြစ်ဖူးဘူး ။ ရာသီဥတုကြောင့်ပဲ ဆိုရမယ်။ သံပုရာပင်တွေ အသီးသီးပြီးတာနဲ့ ခြောက်ပြီး သေသွားတယ်” ဟု ကလိန်‌အောင်ဒေသခံ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင်လည်း ရာသီဥတုပူပြင်းသဖြင့် ကွမ်းသီးပင်အချို့သေဆုံးပြီး ဒူးရင်းပင် များလည်း အသီးနောက်ကျနေကြောင်း ဥယျာဥ်ခြံလုပ်ကိုင်သူတစ်ဦးက ဆိုသည်။ “အခုနှစ်က အပူဒဏ်ခံနိုင်တဲ့ သီဟိုဠ်ပင်တွေတောင် ဝါတယ်။ ဒူးရင်းလည်း အသီးနောက်ကျတယ်။ အခုထိ ကောင်းကောင်း မသီးသေးဘူး” ဟု […]

ဘန်ကောက်တွင် မြန်မာတစ်ဦး ဇနီးသည်ကို သတ်သည်ဟုဆို

Dawei Watch

May 16, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာဇနီးမောင်နှံ မေလ ၁၅ရက် နေ့လယ်ပိုင်းက နေထိုင်ရာအခန်း၌ စကားများ ရန်ဖြစ်ပြီးနောက် ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အဆိုပါဇနီးမောင်နှံ အတူပေါင်းသင်းနေထိုင်နေသည်မှာ ငါးလခန့်သာ ရှိသေးသည်ဟုဆိုသည်။ သေဆုံးသူ အသက် ၃၇ နှစ် အရွယ် အမျိုးသမီးမှာ ပထမအိမ်ထောင်နှင့် သားသမီးခုနစ်ဦးရှိကြောင်း သတင်းတွင် ရေးသားထားသည်။ သေဆုံးသူနှင့် လက်ရှိခင်ပွန်းတို့မှာ အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး ခင်ပွန်းသည်က ကလေးငယ်များကိုလည်း ကိုယ်ထိ လက်ရောက်ကျူးလွန်လေ့ရှိသူဖြစ်သည်ဟု သေဆုံးသူ၏ အစ်မဖြစ်သူက ရဲတပ်ဖွဲ့ထံထွက်ဆိုထားကြောင်း ဖော်ပြသည်။ ထို့ကြောင့် ဇနီးသည်က ကွာရှင်းကြရန် အမြဲတမ်းပြောဆိုလေ့ရှိပြီး ခင်ပွန်းသည်က လက်မခံဘဲ နောက်ထပ် ကွာရှင်းရန် ပြောဆိုလျှင် သတ်မည်ဟု ခြိမ်းခြောက်လေ့ရှိကြောင်းလည်း သေဆုံးသူ၏ အစ်မဖြစ်သူက ထွက်ဆိုထားသည်ဟုဆိုသည်။ အဆိုပါဇနီးမောင်နှံ ငှားရမ်းနေထိုင်သည့် […]

ဇဟာရွာ စာသင်ကျောင်းတွင် တပ်လာစွဲသည့် စစ်ကောင်စီတပ်ကို PDF လာရောက်ပစ်ခတ်

Dawei Watch

May 16, 2024

ထားဝယ်မြို့နယ် ဇာဟာရွာစာသင်းကျောင်းတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၁၅ ရက် ညနေပိုင်း တွင် PDF အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီး ပစ်ခတ်သံများ ညနေ ၅ နာရီခွဲဝန်းကျင်တွင် စတင်ကြားရပြီး ၄၅မိနစ်ခန့်ကြာ အပြန်လှန်ပစ်ခတ်ပြီးနောက် ငြိမ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “တစ်ရွာလုံး ဝပ်နေရတယ်။ ဇဟာ-မောင်မယ်ရှောင်လမ်းပိုင်းတစ်ခုလုံး တိတ်ဆိတ်နေတာပဲ” ဟု ၎င်းက ပြောဆိုသည်။ လက်နက်ကြီးသံများကို ထားဝယ်မြို့တွင်းရှိ ရပ်ကွက်များမှ ဒေသခံများလည်း ကြားကြရကြောင်း ဝဲကျွန်းရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ မည်သည့် တော်လှန်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်သည်ကိုမူ အတည်မပြုနိုင်သေးပေ။ မေလ ၁၃ ရက်နေ့က ထားဝယ်မြို့ အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ၊တပ်ရင်း […]

ထားဝယ်မြို့အဝင်၌ မကွဲဘဲကျန်သည့် လက်နက်ကြီးကျည် စစ်ကောင်စီတပ် လာရှင်း

Dawei Watch

May 16, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်တွင် မကွဲသေးဘဲ ကျန်ရှိနေသည့် လက်နက်ကြီးကျည်တစ်လုံးကို ယနေ့ မေလ ၁၆ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ အိမ်ရှေ့ပြင်ရပ်ကွက် ရေးလမ်းရှိ သဂရရွှေပြည်ဟိုတယ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ခြံတစ်ခြံတွင် မြေကြီးထဲ စိုက်ဝင်နေသည့် လက်နက်ကြီးကျည် တစ်လုံးကို ခြံပိုင်ရှင်စတင်တွေ့ရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ဒီနေ့ သူ့ခြံကို သစ်ပင်ရေလောင်းသွားရာက တွေ့တာ” ဟု ၎င်းက ဆိုသည်။ အဆိုပါလက်နက်ကြီးကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ မိုင်းရှင်းလင်းရေးအဖွဲ့ လာရောက်ရှင်းလင်း သိမ်းဆည်းသွားကြောင်း မြို့ခံတို့က ပြောဆိုသည်။ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ယနေ့ နံနက်ပိုင်းတွင် အိမ်ရှေ့ပြင်ရပ်ကွက်က ရပ်ကွက်သူ၊ ရပ်ကွက်သားများကို ပြောင်းရွှေ့ခိုင်းထားသည်ဟု ထားဝယ်မြို့ပေါ်တွင် ကောလာဟလထွက်ပေါ်ခဲ့ ကြောင်း မြို့ခံများက ဆိုသည်။ […]

သထုံခရိုင်တွင် လက်နက်ကြီးကြောင့် သုံးရက်အတွင်း အရပ်သားသုံးဦးသေ၊ ၅၀၀၀ ကျော်ထွက်ပြေးနေရ

Dawei Watch

May 16, 2024

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ပြောဆိုချက်နှင့် KNU သထုံခရိုင်ထုတ်ပြန်ချက်တို့အရ သိရသည်။ သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် မေလ ၁၁ရက်မှ ၁၃ရက်အထိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။ သထုံခရိုင် အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ ၃၁၄ ၊ ခြေမြန်တပ် ခမရ ၉ နှင့် ခြေလျင်တပ် ခလရ ၈ တပ်ရင်း၊ တပ်စခန်းတို့က တံတားအနီးအနားတစ်ဝိုက်ရှိ ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်၊ အဝန်းကြီး စသည့် ကျေးရွာများသို့ […]

ကျောက်တော် ဝဲကြီးထောင့်ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ၊ လူအချို့သေဆုံးပြီး ၂၀ထက်မနည်းဒဏ်ရာရ

Dawei Watch

May 16, 2024

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) သိမ်းယူထိန်းချုပ်ထားသည့် ကျောက်တော်မြို့နယ်ရှိ ဝဲကြီးထောင့်ကျေးရွာ ဆေးရုံ မေလ ၁၅ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူအချို့ရှိကာ လူ ၂၀ ထက်မနည်း ဒဏ်ရာရကြောင်း AA က ထုတ်ပြန်သည်။ ဂျက်တိုက်လေယာဉ်ဖြင့် မေလ ၁၅ ရက် (၀၀) နာရီ ၁၅မိနစ်ခန့်တွင် တိုက်ခိုက်သဖြင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့်အရပ်သားများ ဒဏ်ရာရကြောင်း ဖော်ပြသည်။ သေဆုံးသူ အချို့ရှိသည်ဟု ဖော်ပြပြီး အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ဒဏ်ရာရသူများအနက် ငါးဦးမှာ ဒဏ်ရာပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း မြင်းတစ်ကောင်းလည်း သေဆုံးခဲ့ကြောင်း ဆိုသည်။ စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ယင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် […]

သရက်ချောင်း၊ ကနက်သီရိရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးထပ်ကြဲ

Dawei Watch

May 15, 2024

သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၅ ရက်မှာလည်း လေယာဉ်ဖြင့် ထပ်မံဗုံးကြဲပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီ၏ ပဲဒက်စခန်း သိမ်းယူခံရပြီးနောက် မေလ ၈ ရက်၊ ၁၀ ရက်၊ ၁၄ ရက်နေ့တွင် လေကြောင်းက ဗုံးကြဲပစ်ခတ်ခဲ့သည်။ ယနေ့မှာ လေးရက်မြောက် ဗုံးကြဲခြင်းဖြစ်သည်။ မေလ ၁၄ ရက် နံနက်အစောပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတို့ဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ဆိုသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီရေတပ် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို မွန်းလွဲ ၂နာရီခွဲခန့်တွင် လေယာဉ်နှစ်စီးဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ရွာအစပ်တွေကို ဗုံးကြဲတယ်။ ရွာထဲကိုလည်း ဗုံးကြဲတယ်။ […]

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်စခန်းတို့ နှစ်ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခံရ

Dawei Watch

May 15, 2024

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်စခန်းတို့ကို နှစ်ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ မေလ ၁၃ ရက်က သိန္ဓောရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား ဘန်ကြုတ်ရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို တောင်ပိုင်းညီနောင်စစ်ကြောင်းနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ ၏ တာဝန်ခံက ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သုံးဦးထက်မနည်း ဒဏ်ရာရသွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦး မစိုးရိမ်ရ ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲတွေအတွင်း ၄၀ မမ (လက်နက်ကြီး) နဲ့ အပြန်အလှန်ပစ်ခတ်တာမျိုးတော့ ရှိတယ်။ သူတို့ (စကစ) စစ်ကြောင်း သွားတဲ့ လမ်းတစ်လျှောက် လိုက်ပိတ်ပြီး တိုက်ခိုက်တာမျိုးပါ” […]