တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
May 17, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ အင်ဒိုနီးရှား ရေကြီးမှုကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံး အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း မီးတောင်ပေါက်ကွဲတဲ့ဒေသမှာ မိုးကြီးပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၇ ဦးအထိ သေဆုံးခဲ့ပါတယ်။ ရေကြီးမှုနဲ့အတူ အေးခဲနေတဲ့ ချော်ရည်တွေပါ စီးဆင်းလာခဲ့တာပါ။ ဒါကြောင့် လူ ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မေလ ၁၁ ရက်နေ့ညက နာရီပေါင်းများစွာ မိုးတွေအဆက်မပြတ် ရွာသွန်းလို့ Marapi မီးတောင်ကနေ ချော်ရည်အအေးတွေ စီးဆင်းခဲ့တာပြီး ဂျာဗားကျွန်းအနောက်ပိုင်းက ရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။ […]


