သရက်ချောင်းမြို့နယ် ရငဲနှင့် ကတွဲရွာ အနီးကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ
Dawei Watch
May 20, 2024သရက်ချောင်းမြို့နယ် ရငဲရွာနှင့် ကတွဲရွာတောစပ်တစ်လျှောက်ကို စစ်ကောင်စီတပ်က ယနေ့ (မေ ၂၀)ညနေ ၄ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။ ကျွဲမင်းကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ ၄ နာရီခန့်တွင် K8W ဂျက်ဖိုက်တာဖြင့် ကနက်သီရိ၊ ရငဲ၊ ကတွဲရွာ တောစပ်နေရာများကို ဗုံးကြဲနေသည်ဟု KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။ “ကြဲချခဲ့တာတော့ များများကြီးပဲ၊ ပထမနှစ်လုံး နောက်ထပ်တစ်ခေါက်မှာ အတွဲလိုက်ကိုကြဲချသွားတာ” ဟု ကိုဘဦးသစ်က ပြောသည်။ ကနက်သီရိရွာမှ ကျွဲမင်းကုန်းရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA နှင့် PDF ပူးပေါင်းတပ်တို့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့နံနက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျွဲမင်းကုန်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက […]


