ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရခိုင်တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း အရပ်သား ၂၇၀နီးပါးသေဆုံး

Dawei Watch

May 28, 2024

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လတာကာလအတွင်း အရပ်သား ၂၆၈ဦး သေဆုံးပြီး စစ်ဘေးရှောင် ငါးသိန်းခုနစ်သောင်းကျော်ရှိလာကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ HDCO ရုံးက မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦးရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူလည်း ၄၂၅ ဦး ရှိကြောင်း ဖော်ပြပါရှိသည်။ စစ်ဘေးရှောင်ဒုက္ခသည်မှာလည်း ငါးသိန်းခုနစ်သောင်းကျော်ရှိလာပြီး ယင်းအနက် သုံးသိန်းလေးသောင်းကျော်မှာ အမျိုးသမီးများဖြစ်ကာ နှစ်သိန်းကျော်မှာ အမျိုးသားများဖြစ်ကြောင်း ဆိုသည်။ အရပ်သား သေဆုံးသူများတွင် ရခိုင်လူမျိုး ၁၈၀ကျော်၊ မွတ်ဆလင် ၈၀ နီးပါး၊ ခရစ်ယာန်နှင့် […]

၂နှစ်ကျော်ကာလတွင် အစုံလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၀၀ ကျော်သေဆုံး

Dawei Watch

May 28, 2024

၂နှစ်ကျော်ကာလတွင် စစ်ကောင်စီတပ်က လူငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၅၄ ခုရှိခဲ့ပြီး အရပ်သားပြည်သူ ၁၄၄၆ ဦး သေဆုံးကြောင်း BNI – Myanmar Peace Monitor ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ မေလ ၂၇ ရက်ကထုတ်ပြန်သည့် ‘လက်ထုတ္တောရွာဖြစ်စဉ်နှင့် စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ’ အစီရင်ခံစာတွင် ဖော်ပြသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ တိုင်းနှင့်ပြည်နယ် ၁၄ ခုစလုံးတွင် ရှိပြီး မြို့နယ် ၉၄ ခုတွင် ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ စစ်ကိုင်းတိုင်းမှာ ၄၈ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားပြီး ရခိုင်ပြည်နယ်တွင် ၁၆ ကြိမ်၊ မန္တလေးတိုင်းတွင် ၁၄ကြိမ်တို့ဖြင့် အများဆုံးရှိနေကြောင်း ဖော်ပြသည်။ ကချင်၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကရင်နီ (ကယား)၊ […]

မိုင်းခွဲခံထားရသည့် မစောတံတား မြေသားလမ်းလွှဲ မိုးရွာသွန်းမှုကြောင့် ကားများပိတ်မိ

Dawei Watch

May 28, 2024

ရန်ကုန်-မော်လမြိုင် -ထားဝယ်ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရပြီးနောက် မြေသားလမ်းလွှဲမှ ဖြတ်သန်းသွားလာနေကြရာ မိုးရွာသွန်းခြင်းကြောင့် လမ်းပျက်စီးပြီး ကားများဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်ဆို့နေကြောင်း ကားမောင်းသူများနှင့် ခရီးသွားတို့က ပြောသည်။ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရန်ကုန်တို့ကို ဆက်သွယ်သွားလာ အသုံးပြုနေရသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မစောတံတားသည် မေလ ၂၃ရက် နံနက်အစောပိုင်းက မိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။ ယင်းနောက် ကားများဖြတ်သန်းသွားလာနိုင်ရန်အတွက် တံတားဘေးတွင် ယာယီမြေသားလမ်းဖော်ပြီး မေလ ၂၇ ရက်မှစကာ ကားကြီး၊ ကားငယ်များ ဖြတ်သန်းသွားလာနိုင်သော်လည်း ယခုရက်ပိုင်းတွင် မိုးရွာသွန်းသည့်အတွက် ကားများဖြတ်သန်းသွားလာရန် အခက်အခဲကြုံတွေ့နေကြရသည်။ ယနေ့ မေလ ၂၈ ရက် နံနက်ပိုင်းတွင် ကုန်တင်ကားတစ်စီး မြေသားလမ်းတွင် နစ်သွားသည့်အတွက် ကားများ ဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်မိနေကြောင်း […]

တိုက်ပွဲအတွင်း မီးရှို့ဖျက်ဆီးခံရသည့် ဆန်းချီ ၁ တံတား ကိုယ်ထူကိုယ်ထပြန်ဆောက်

Dawei Watch

May 28, 2024

နှစ်ဘက်ထိတွေ့တိုက်ပွဲကာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု၊ ဆန်းချီ (၁) တံတားကို ကိုယ်ထူကိုယ်ထပြုပြင်နေကြောင်း ရွာသားများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် KNLA ၊ KTLA ၊ PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဧပြီလဆန်းပိုင်းက ဖြစ်ခဲ့သည့် တိုက်ပွဲတွင် တံတား မီးရှို့ဖျက်ဆီးခံရပြီး တံတားကျိုးကျသွားခြင်းဖြစ်သည်။ အဆိုပါတံတားကို မေလ ၂၃ ရက်ကစပြီး ရပ်ရွာလူထုက ကိုယ်ထူကိုယ်ထ လုပ်အားပေး၍ ပြန်လည်တည်ဆောက် နေကြခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ “ကိုယ်ထူကိုယ်ထပဲ ပြန်ဆောက်နေပါတယ်။ အဓိကကတော့ အလှူငွေလိုအပ်နေတယ်။ စက်တွေနဲ့ ရွာသားလုပ်အားပေး တွေနဲ့ ပြန်ဆောက်နေတယ်” ဟု တံတားပြန်လည် တည်ဆောက်ရာတွင် ကူညီပေးနေသည့် ရွာသားတစ်ဦးက ပြောသည်။ အဆိုပါတံတားသည် ကွန်ကရစ်အုတ်ခုံခံ သံတိုင် သံဘောင် သစ်သားခင်း တံတားအမျိုးအစားဖြစ်ပြီး […]

ထိုင်းသို့ အဝင်တုံးမထုထားသော နိုင်ငံကူးလက်မှတ်များကို သက်တမ်းမတိုးပေးဟုဆို

Dawei Watch

May 27, 2024

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) လာရောက်ပြုလုပ်သူနည်းနေသဖြင့် ထိုင်းသို့ ပြည်ဝင်ခွင့် တံဆိပ်တုံး မထုထားသော နိုင်ငံကူးလက်မှတ်စာအုပ်များကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင် သက်တမ်းတိုးခွင့် မပေးတော့ကြောင်း သံရုံးနှင့် နီးစပ်သူများ၊ အကျိုးဆောင်များထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ပြုလုပ်ပါက အခြေခံအလုပ်သမားဗီဇာ (Non L-A) ကို ထည့်သွင်းအသုံးပြုရန် CI စာအုပ် သို့မဟုတ် နိုင်ငံကူးလက်မှတ်များ လိုအပ်သည်။ အကယ်၍ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး နိုင်ငံကူးလက်မှတ် (PV၊ PJ) စာအုပ်ပါခဲ့ပါက ယင်းအလုပ်သမားဗီဇာကို ထည့်သွင်းအသုံးပြု၍ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိသည်။ အလုပ်သမားဗီဇာထည့်သွင်းအသုံးပြုနေသော နိုင်ငံကူးလက်မှတ်စာအုပ်များသည် စာအုပ်သက်တမ်းကုန်ဆုံးပါက အဝင်တုံး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယခင်က ဘန်ကောက်ရှိ မြန်မာသံရုံးတွင် […]

အမှိုက်ကားဖြင့် တရားမဝင်လိုက်ပါလာသည့် မြန်မာ ၃၀ဦး ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

May 27, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အမှိုက်သယ်ကားထဲ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၃၀ ဦး ယနေ့ မေလ ၂၇ ရက် နံနက်ပိုင်းက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘုရားသုံးဆူနယ်စပ်ဖြစ်သော စန်ခရာဘူရီဒေသတွင် စစ်ဆေးရေးဂိတ်က အရာရှိများက ကြိုတင်သတင်း ရရှိထားသဖြင့် အမှိုက်နှင့် ပစ္စည်းအဟောင်းများ သယ်ဆောင်လာသော ၆ ဘီးတပ်ကုန်တင်ကားကို တားဆီး စစ်ဆေးရာမှ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသားများသည် ကားနောက်ရှိ အမှိုက်များအောက် ပြုလုပ်ထားသော အခန်းငယ်တွင် လိုက်ပါလာကြပြီး ကားပေါ်တွင် မြန်မာအမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၉ ဦး၊ အရွယ်မရောက်သေးသော ကလေးငယ် ၃ ဦးတို့ လိုက်ပါလာ ကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းတို့နှင့်အတူ ထိုင်းကားသမား […]

ယခုနှစ်မိုးရာသီ လောင်းလုံးတွင် ထားဝယ်ခရိုင်သပိတ်ကော်မတီ သစ်ပင် ၂၅၀ဝ စိုက်မည်

Dawei Watch

May 27, 2024

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ၏ နံဘေးတွင် ယခုနှစ် မိုးရာသီ၌ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က သစ်ပင် ၂၅ဝဝ စိုက်ပျိုးရန်စီစဉ်ထား ကြောင်း ယင်းကော်မတီထံမှ သိရသည်။ မေလ ၂၃ ရက်ကစ၍ လောင်းလုံးမြို့နယ်အတွင်း မန်ဂျန်ရှားအပင် ၃ဝဝ ကို စတင်စိုက်ပျိုးခဲ့ကြပြီး နောက်ထပ် ပျိုးပင် နှစ်ထောင်ကျော်ကိုလည်း ထပ်မံစိုက်ပျိုးရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ကော်မတီ၏ လူထုစည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။ စိုက်ပျိုးရန် မြေနေရာမှာ ဖို့မြေအမျိုးအစားဖြစ်နေ၍ ယင်းမြေအမျိုးအစားတွင် ရှင်သန်နိုင်သည့် မန်ဂျန်ရှား အပင်ကို ရွေးချယ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယမန်နှစ်ကလည်း ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် သစ်ပင် တစ်ထောင်ဝန်းကျင် စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးချိန်နောက်ကျခဲ့ခြင်းနှင့် လယ်ယာမီးရှို့မှုများတွင် မီးလောင်သေဆုံးခြင်းတို့ကြောင့် အပင်ရေ ထက်ဝက်ခန့်သာ ရှင်သန်ခဲ့ကြောင်း ယင်းကော်မတီထံမှ […]

မြစ်ကြီးနားထောင်တွင်း ဆန္ဒပြတောင်းဆိုသည့် နိုင်ကျဉ်းအပါအဝင် အကျဉ်းသား ၁၃ဦး ထပ်တိုးထောင်ဒဏ်ချခံရ

Dawei Watch

May 27, 2024

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်တွင် လွတ်ငြိမ်းခွင့် တရားမျှတမှုမရှိသဖြင့် ဆန္ဒပြခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက ထပ်တိုးထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၂၇ရက်တွင် ထုတ်ပြန်သည်။ လွတ်ငြိမ်းခွင့်ဖြင့် ပြစ်ဒဏ်လျှော့ပေးရာတွင် အကျုံးဝင်သော်လည်း မလွတ်မြောက်သဖြင့် ဧပြီလ ၁၈ ရက်က ဆန္ဒပြတောင်းဆိုကြရာ စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးအပါအဝင် အကျဉ်းသား ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ထောင်တွင်း ဆန္ဒပြမှုတွင် ပါဝင်သည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၉ဦးကို တိုက်ပိတ်ထားခဲ့ ကြောင်း PPNM ထံမှ သိရသည်။ ယင်းအနက် ဆန္ဒပြပွဲတွင်ဦးဆောင်သည်ဟုဆိုကာ အကျဉ်းသား ၁၃ ဦးကို ထောင်ပြင်ပ မြို့နယ်တရားရုံးသို့ […]