ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းဝန်ကြီးချုပ်ကို တိုင်ကြားချက် အခြေခံဥပဒေခုံရုံးက လက်ခံစစ်ဆေးမည်

Dawei Watch

May 24, 2024

ကျင့်ဝတ်ချိုးဖောက်သည်ဟုဆိုကာ ထိုင်းဝန်ကြီးချုပ်ရာထူးနှင့်ပတ်သက်၍ လက်ရှိဝန်ကြီးချုပ် စေထာထဝီဆင်ကို စစ်ဆေးအရေးယူပေးရန် ထိုင်းအထက်လွှတ်တော်အမတ် ၄၀ က တိုင်ကြားထားသည်ကို အခြေခံဥပဒေခုံရုံးက ယနေ့တွင် လက်ခံလိုက်သည်။ သို့သော်လည်း စစ်ဆေးနေသည့်ကာလအတွင်း ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ထားမည်မဟုတ်ကြောင် ခုံရုံးက ထုတ်ပြန်ထားသည်။ ဝန်ကြီးချုပ် စေထာထဝီဆင်က ပြစ်မှုဟောင်းရှိဖူးသော ရှေ့နေ ဖိချစ် ချိမ့်ဘန်ကို လစ်လပ်နေသော ဝန်ကြီးချုပ်ရုံး ဝန်ကြီးနေရာတွင် ခန့်အပ်ခြင်းမှတစ်ဆင့် ပြဿနာများ စတင်ခဲ့သည်။ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်သည် အရည်အချင်းမပြည့်မီသူကို ဝန်ကြီးနေရာခန့်အပ်သည့်အတွက် ကျင့်ဝတ်ချိုးဖောက်သဖြင့် အရေးယူစစ်ဆေးပေးရန် အထက်လွှတ်တော်အမတ်များက အခြေခံဥပဒေခုံရုံးထံ ပြီးခဲ့သော ရက်ပိုင်းအတွင်း တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်သူ ဖိချစ်ကိုလည်း ရာထူးလက်ခံသည့်အတွက် စစ်ဆေးအရေးယူပေးရန် တိုင်ကြားခဲ့ပြီးနောက် ဖိချစ်က မေလ ၂၁ ရက်နေ့တွင် ဝန်ကြီးအဖြစ်က နုတ်ထွက်ခဲ့သည်။ အထက်လွှတ်တော်အမတ်များ၏ […]

ထားဝယ်ဒေသတွင် ယခုနှစ် ဆားအထွက်လျော့

Dawei Watch

May 24, 2024

ထားဝယ်ဒေသတွင် ယခုနှစ် ဆားအထွက်နှုန်းလျော့ကျကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ယခုနှစ်သည် အလွန်ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတုကြောင့် ဖျက်မိုး မရှိသလောက်နည်းသော်လည်း ပြီးခဲ့သည့်နှစ်ကထက် ဆားအထွက်လျော့ကြောင်း ဆားထုတ်လုပ်သူအချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်က ရာသီဥတုကောင်းသဖြင့် ဆားကွင်း ဧက ၂၀၀ကျော်တွင် (နေလှန်းဆား) ပိဿာချိန် သိန်း ၃၀ခန့် ထွက်ရှိ ခဲ့သော်လည်း ယခုနှစ်တွင် ဆားပိဿာချိန် ၂၅ သိန်းခန့်သာထွက်ကြောင်း ထားဝယ်မြို့၊ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောဆိုသည်။ ဆားကွင်းပြင်ရမည့်အချိန်တွင် တာတမံကျိုးနေပြီး ပြုပြင်နေရသဖြင့် ပင်လယ်ရေငန်ကို ကွင်းထဲသွင်းရန် နောက်ကျသော ကြောင့် ဆားထုတ်လုပ်ချိန်နောက်ကျရာ ဆားထွက်နှုန်းလျော့ကျခဲ့ကြောင်း ၎င်းက ဆိုသည်။ “ကွင်းဖွင့်ချိန် နောက်ကျတာရယ်၊ ပင်လယ်ရေကလည်း ငါးပြန်(ဆ)စာလောက် ရေငယ်(ကျ)သွားတာရယ်‌၊ ပြီးခဲ့တဲ့ မိုးတုန်းက ဆားကွင်းကို ကာထားတဲ့ တာတမံကြီးတွေအကုန်လုံး ကျိုးသွားတယ်။ […]

မလေးရှားတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာ ၁၁ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

Dawei Watch

May 23, 2024

မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများကို ထိုင်း-မလေးရှားနယ်စပ်သို့ ပို့ဆောင်ပေးရန် ထိုင်းနိုင်ငံသားများက ပစ်ကပ်ကားများဖြင့် မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ခေါ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ရဲတပ်ဖွဲ့များက သတင်းကြိုတင်ရရှိထားသဖြင့် ထိုင်းတောင်ပိုင်း ပတ်တနီခရိုင်ရှိ လမ်းတွင် ဂိတ်ချစစ်ဆေးခဲ့ကြသည်။ ပစ်ကပ်ကားများက စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းခဲ့ကြပြီး ရှောင်ပြေးခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ပစ်ကပ်ကား ငါးစီးအနက် နှစ်စီးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဖမ်းဆီးရမိခဲ့သော ကားထဲတွင် မြန်မာအမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦးကို တွေ့ရှိခဲ့ပြီး ထိုင်းကားသမားနှစ်ဦးကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြကြောင်း၊ […]

မော်လမြိုင်-ထားဝယ်ကားလမ်းရှိ တံတားတစ်စင်း ထပ်မံမိုင်းခွဲခံရ တစ်ဦးသေ၊ ၃ ဦးဒဏ်ရာပြင်းထန်

Dawei Watch

May 23, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ မစောတံတား ယနေ့ (မေ ၂၃) နံနက်အစောပိုင်းက ထပ်မံမိုင်းခွဲဖျက်ဆီးခံရပြီး ဆိုင်ကယ်ဖြင့် ခရီးသွားလာသူ ၁ ဦး သေဆုံးကာ၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်ဘက်သို့ ဆက်သွယ်သွားလာ အသုံးပြုနေရသည့် မစောတံတားသည် ယနေ့ နံနက် ၄ နာရီခွဲကျော်အချိန်ခန့်က မိုင်းခွဲခံရပြီး တံတားပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ မိုင်းခွဲခံရပြီး တံတားပြိုကျပျက်စီးသွားသည့်အတွက် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီဖြစ်သည်။ တံတားမိုင်းခွဲခံရစဉ်တံတားပေါ်ဖြတ်သန်းသွားနေသည့် ဆိုင်ကယ် ၃ စီး တံတားပြိုကျမှုနှင့်အတူ ချောင်းအတွင်း ပြုတ်ကျသွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၁ သေဆုံးကာ၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး […]

တနင်္သာရီကမ်းရိုးတန်း မိုးကြီးနိုင်ပြီး ရေကြီးရေလျှံနှင့် မြေပြိုမှုများဖြစ်နိုင်ဟု သတိပေး

Dawei Watch

May 21, 2024

တနင်္သာရီကမ်းရိုးတန်း၊ မွန်ကမ်းရိုးတန်း ၊ ကမ်းလွန်ပင်လယ်ပြင်နှင့် မုတ္တမပင်လယ်ကွေ့တို့တွင် မေလ ၂၃ ရက်နေ့မှ ၂၇ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလေဗဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (မေ ၂၁) သတိပေးချက် ထုတ်ပြန်လိုက်သည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေဝင်ရောက်လာပြီး မြန်မာနိုင်ငံဒေသအနှံအပြားတွင် မိုးထစ်ချုန်းရွာကာ နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းတို့ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင်သဖြင့် ကုန်းမြင့်ဒေသနေထိုင်သူများနှင့်မြစ်ငယ်၊ ချောင်းငယ်ဘေးနေထိုင်သူများ ကြိုတင်သတိပြု ကာကွယ်ရန်လိုအပ်သည်။ ပင်လယ်ပြင်တွင်လည်း လှိုင်းအမြင့် ၉ ပေ မှ ၁၂ ပေအထိ ရှိနိုင်ပြီး မိုးသက်လေပြင်းကျစဥ် ရေပြင်မြေပြင် တစ်နာရီလေတိုက်နှုန်းမိုင် ၄၀ ခန့် တိုက်ခတ်နိုင်သဖြင့် ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကြိုတင်သတိပြုနိုင်ရန်လည်း သတိပေးထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ဘက်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း သည် […]

ကံပေါက် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ကားလေးစီး ထပ်မံအသိမ်းခံရ

Dawei Watch

May 21, 2024

ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ Double cab အမျိုးအစား ကားလေးစီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရေး-ထားဝယ်ကားလမ်း အနီးသိမ်းဆည်းသွားခဲ့‌‌ကြောင်း စီမံကိန်းဝန်ထမ်းများထံကသိရသည်။ “အသိမ်းခံရတာက စီမံကိန်းအရာရှိတွေစီးတဲ့ကားတွေ ၊ အလုပ်ဝင်ဖို့ နတ်အိမ်တောင်သွားတဲ့လမ်း မရောက်ခင် မိကျောင်းလှောင်ရွာနားမှာ သိမ်းသွားတယ်။ လူတွေကတော့ လမ်းပိုင်းမှာပဲထားခဲ့တယ်။ ကားပဲသိမ်းသွားတယ်” ဟု စီမံကိန်းဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းကားများမှာ ကမ်းလွန်‌ရေနံစင်များမှ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်လာရာလမ်းကြောင်းရှိ ကလိန်အောင်မြို့ ၊ မိကျောင်းလှောင်ရွာ ၊ ကျောက်မတ္တပ်ဘုရားတောင်အနီးတွင် မေလ ၁၉ ရက်နေ့က အသိမ်းခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ဇောတိကစီမံကိန်း အရပ်ဘက်ဆက်ဆံရေးအရာရှိထံသို့ Dawei Watch က ယနေ့(မေ ၂၁)တွင် တယ်လီဖုန်းဖြင့်သုံးကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ သိမ်းဆည်းသွားသည့် လက်နက်ကိုင်တပ်ဖွဲ့ဘက်ကလည်း မေလ ၂၁ ရက်ည‌နေ […]

ဆယ်နှစ်ကြာ အလုပ်လုပ်ပေးသော မြန်မာအိမ်ဖော်အတွက် ထိုင်းအလုပ်ရှင်က အိမ်ဆောက်ပေး

Dawei Watch

May 21, 2024

ထိုင်းနိုင်ငံတွင် အလုပ်ရှင်တစ်ဦးက အိမ်တွင် ဆယ်နှစ်ကြာ အိမ်ဖော်အဖြစ်အလုပ်လုပ်ပေးသော မြန်မာအမျိုးသမီးအတွက် နေအိမ်တစ်လုံးဆောက်ပေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖွန်ဟုခေါ်သော မြန်မာအမျိုးသမီးသည် လွန်ခဲ့သော ၁၀ နှစ်ကျော်က အိမ်ဖော်အဖြစ် ဝင်လုပ်ခဲ့ပြီး ၎င်း၏ ရိုးသားကြိုးစားမှုနှင့် အလုပ်ကို တန်ဖိုးထားမှုတို့ကြောင့် အိမ်ဆောက်ပေးခြင်းဖြစ်ကြောင်း အလုပ်ရှင်ဖြစ်သူက မေလ ၁၈ ရက်တွင် အင်တာနက် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ မြန်မာအမျိုးသမီးသည် ခင်ပွန်းနှင့်အတူ သူဌေးအိမ်နှင့် ၂၀ ကီလိုမီတာခန့်အကွာ အလုပ်သမားများ နေထိုင်ကြသော အခန်းများတွင် နေထိုင်ကြပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူများဖြစ်ကြကြောင်း သတင်းတွင် ဖော်ပြသည်။ ခင်ပွန်းဖြစ်သူမှာ အခန်းအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပန်းရံလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ မြန်မာအမျိုးသမီးသည် နေ့စဉ် နံနက် ၈ နာရီခွဲတွင် သူဌေးအိမ်သို့ အချိန်မီ အလုပ်လာလေ့ရှိပြီး အိမ်သန့်ရှင်းရေးနှင့် အခြားအိမ်အလုပ်များကို […]

ထားဝယ်တွင် ရေတွင်းထဲခုန်ချသည့်အမျိုးသားကို အသက်ရှင်လျက်ပြန်ကယ်တင်

Dawei Watch

May 21, 2024

ထားဝယ်မြို့၊‌ ဝဲကျွန်းညောင်ရမ်းရပ်ကွက် ကုသိနာရုံလမ်းတွင် ယနေ့ မေလ ၂၁ ရက် နံနက်ပိုင်းတွင် ရေတွင်းထဲခုန်ချသည့် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၀ နာရီတွင် အဆိုပါအမျိုးသား၏ ဖခင်ဖြစ်သူ၏ ဖုန်းဆက်အ‌ကြောင်းကြားချက်အရ ထားဝယ်မြို့နယ်မီးသတ်စခန်းက ဒုမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်ခုနစ်ဦးတို့ သွားရောက်ပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရေတွင်းထဲခုန်ချသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးနေဝင်းဌေးဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါအမျိုးသားသည် အရက်သောက်စားပြီး စိတ်ကယောင်ကတမ်းဖြစ်ကာ နေအိမ်ရှိ ပေ ၄၀ အနက်ရှိသော ရေတွင်းထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ “စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မရှိဘူး။ ခုန်ချတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ရေတွင်းထဲတွင် […]