ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်နှင့် မြိတ် လျှပ်စစ်မီတာခ ဆက်တိုက်တက်၊ မြိတ်တွင်တစ်ယူနစ် ကျပ် ၁၂၀၀ကျော်ရှိလာ

Dawei Watch

May 29, 2024

တနင်္သာရီတိုင်း ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့တွင် လျှပ်စစ်မီတာခ ဆက်တိုက် စျေးတက်နေကြောင်း လျှပ်စစ်မီးသုံးစွဲသူများက ပြောသည်။ ယင်း‌ဒေသအား နှစ်ခုအား Petro & Trans ကုမ္ပဏီတစ်ခုတည်းက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးနေသည်။ ထားဝယ်ခရိုင်အတွက် သဘာဝဓာတ်ငွေ့သုံး ကံပေါက်ဒေသအထိုင် မီးစက်နှင့် မြို့နယ်အလိုက် ဒီဇယ်သုံး အရန်အကူမီးစက် များဖြင့် မီးပေးကာ မြိတ်မြို့နယ်တွင် ဒီဇယ်သုံး မီးစက်ဖြင့် မီးပေးနေခြင်းဖြစ်သည်။ ထားဝယ်ခရိုင်၌ ဖေဖော်ဝါရီလအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၄၁၈ ကျပ်၊ မတ်လအတွက် ၄၂၅ ကျပ်နှင့် ဧပြီလအတွက် ၄၄၀ ကျပ်အထိ စျေးတက်လာကြောင်း လျှပ်စစ်သုံးစွဲသူများထံမှ သိရသည်။ “ထားဝယ်ခရိုင် လျှပ်စစ်မီတာဈေးက အာဏာသိမ်းပြီးကတည်းက မငြိမ်ဘူး။ အခု ၄လပိုင်းအတွက် တစ်ယူနစ် ၄၄၀ က အမြင့်ဆုံးပဲ။ အဲဒီမတိုင်ခင် မနှစ်က […]

ဗီယက်နမ်တွင် ရွှေဈေး မြင့်တက်သွားခဲ့ခြင်းကြောင့် နိုင်ငံပိုင်ဘဏ်များက ဈေးကွက် ဝင်ထိန်းနေ

Dawei Watch

May 29, 2024

ဗီယက်နမ် Dong ငွေကြေးသည် သက်တမ်းတလျှောက်တွင် အနိမ့်ဆုံးသို့ ထိုးကျသွားခဲ့သည့်အတွက် ပြည်တွင်းရွှေဈေးကွက်တွင် ရွှေဝယ်လိုအား မြင့်တက်သွားခဲ့ကာ ကမောက်ကမ အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံပိုင်ဘဏ်များက ဈေးကွက်ကို ဝင်ရောက်ထိန်းသိမ်းပေးနေရပြီဖြစ်ကြောင်း သိရှိရသည်။ ဗီယက်နမ် Dong ငွေကြေး ထိုးကျလာချိန်ကစ၍ တရိပ်ရိပ် လှုပ်ခတ်လာခဲ့သော ရွှေဈေးကွက်သည် လက်ရှိတွင် ရွှေဝယ်လိုအား မတန်တဆ မြင့်တက်သွားခဲ့ပြီး ပြည်တွင်းရွှေဝယ်လိုအား မြင့်တက်လာသည့်အတွက် ဗီယက်နမ်ရွှေဈေးမှာ များစွာ ထိုးတက်သွားခဲ့ပြီလည်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် ရွှေ ၁ ဒသမ ၃၃ အောင်စ ကို ကမ္ဘာ့ရွှေဈေးကွက်တွင် ဖြစ်ပေါ်နေသော ပေါက်ဈေးထက် အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင် ပိုမြင့်သွားခဲ့သည့်အတွက် ဗီယက်နမ်ဗဟိုဘဏ်က ရွှေကို လေလံနှင့် မရောင်းချနိုင်တော့ဘဲ နိုင်ငံပိုင်ဘဏ်ကြီး ၄ ခုတို့က ပူးပေါင်းကာ ရွှေရောင်းချပေးမည်ဟု […]

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျနေချိန် မြန်မာများ ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု ဒုတိယအများဆုံးဖြစ်လာ

Dawei Watch

May 29, 2024

ယခုနှစ် (၂၀၂၄ ခုနှစ်) ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူမှုစာရင်း၌ မြန်မာနိုင်ငံက ဒုတိယနေရာတွင်ရှိနေကြောင်း ထိုင်းအိမ်ခြံမြေအချက်အလက်စင်တာ (REIC) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းသတင်းဌာနများက ရေးသားထားကြသည်။ မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေပြီး နာရီနှင့်အမျှ စျေးပြောင်းနေကာ ယနေ့ပေါက်စျေးမှာ တစ်ဘတ်လျှင် ၁၂၂ ကျပ်ခန့်ဖြစ်နေခြင်းကြောင့် ကျပ်မှဘတ်သို့ လဲလှယ်ရခက်ခဲလာနေသည်။ ယင်းအခြေအနေတွင် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် ဝယ်ယူခဲ့သော ကွန်ဒိုပေါင်း ၃၈၀ ကျော်အထိရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုအခန်းပေါင်း ၅၆၀ ကျော်ဝယ်ယူခဲ့ပြီး နိုင်ငံခြားသားဝယ်ယူမှု အများဆုံးစာရင်းတွင် စတုတ္ထနေရာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်မူ နံပါတ် ၆ နေရာတွင် ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ထိပ်ဆုံး ၁၀ နိုင်ငံစာရင်း […]

ကျုံအိတ်တံတားနေရာ ဘေလီတံတားထိုးပြီးစီး၊ ကားများ ဖြတ်သန်းခွင့်ပြု

Dawei Watch

May 29, 2024

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတား နေရာတွင် ဘေလီတံတားထိုးပြီး ယနေ့ မေလ၂၉ ရက်မှစကာ ကားများကို ဖြတ်သန်းခွင့်ပြုနေကြောင်း ကားမောင်းသူတို့ထံမှ သိရသည်။ ဘေလီတံတားပေါ်မှ ကားကြီး၊ ကားငယ်များကို အလှည့်ကျဖြင့် ဖြတ်သန်းခွင့်ပြုနေပြီး ကားရာနှင့်ချီ တန်းစီစောင့်ဆိုင်း နေသည့်အတွက် အချိန်ပေးရကြောင်း အချိန်ပေးရသည်ဟု ကားမောင်းသူတို့က ဆိုသည်။ “ကုန်ကားတွေရော အကုန်လုံး ဖြတ်လို့ရနေပြီ။ ဒါပေမဲ့ အလှည့်ကျနဲ့ ဖြတ်ရတော့ အချိန်ပေးရတယ်။ နောက်ပြီးတော့ စောင့်နေတဲ့ ကားတန်းကလည်း ရှိနေတော့ စောင့်ရတယ်။ ဘယ်လိုဖြစ်ဖြစ် ဖြတ်လို့ရနေပြီးဆိုတော့ ညအိပ်စောင့်စရာတော့ မလိုတော့ဘူး” ဟု ကားမောင်းသူတစ်ဦးက ပြောသည်။ ကျုံအိတ်တံတားသည် မေလ ၁၁ ရက်နေ့ နံနက်စောပိုင်းက မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး […]

လိင်စိတ်ခံယူမှုကွဲပြားသူများ ကျင်းပသည့်ပွဲတွင် ထားဝယ်တစ်ဦးနှင့် လိင်တူချစ်သူတို့ မင်္ဂလာဆောင်

Dawei Watch

May 29, 2024

ထိုင်းနိုင်ငံ၌ လိင်စိတ်ခံယူမှုကွဲပြားသူများ ကျင်းပသည့်ပွဲတွင် ထားဝယ်ဒေသခံတစ်ဦးနှင့် ၎င်း၏ လိင်တူချစ်သူတို့ မင်္ဂလာဆောင်ပွဲကျင်းပသည်။ ချင်းမိုင်မြို့တွင် မေလ ၂၆ ရက်က ကျင်းပသည့် Chiang Mai Pride 2024 ပွဲတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုပွဲကို ချင်းမိုင်မြို့တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး နိုင်ငံတကာက လိင်စိတ်ခံယူမူကွဲပြားသူများ မင်္ဂလာဆောင်လေ့ရှိသည်။ ယခုနှစ်တွင်ကျင်းပသည့် ပွဲတွင်မူ လိင်စိတ်ခံယူမူကွဲပြားသူ စုံတွဲ သုံးတွဲ မင်္ဂလာဆောင်ခဲ့ပြီး ယင်းအထဲတွင် “ဉာဏ်နှင့် မယ်” မြန်မာစုံတွဲတစ်တွဲလည်း ပါဝင်သည်။ ဉာဏ်နှင့် မယ်စုံတွဲတွင် မယ်မှာ ထားဝယ်ဒေသခံဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံသို့ ရောက်ရှိသွားသူဖြစ်သည်။ ဉာဏ်နှင့် မယ်မှာ သုတေသနလုပ်ငန်းနယ်ပယ်တွင် တွေ့ဆုံခဲ့ပြီးနောက် ချစ်သူသက်တမ်း တစ်နှစ်ကျော်အကြာတွင် မင်္ဂလာဆောင်နိုင်ခဲ့ခြင်းကြောင်း မယ်က ပြောသည်။ “ဒီမှာ […]

ပါဠိပထမပြန် အငယ်တန်းစာမေးပွဲတွင် ထားဝယ်ကိုရင် တစ်နိုင်ငံလုံး ပထမရ

Dawei Watch

May 28, 2024

သာသနာရေးဦးစီးဌာနက ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲတွင် ထားဝယ်က ကိုရင်တစ်ပါး ပထမအငယ်တန်း တစ်နိုင်ငံလုံး ပထမဂုဏ်ထူးဖြင့် အောင်မြင်ကြောင်း မေလ ၂၆ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံတော် သံဃနာယကအဖွဲ့၏ စာမေးပွဲအောင်စာရင်းအရသိရသည်။ ပထမငယ်တန်း ပထမဂုဏ်ထူးဖြင့် အောင်မြင်သည့် အသက် ၁၈ နှစ်အရွယ်ရှိ ရှင်သိရီဉာဏသည် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်တွင် ပညာသင်ယူနေပြီး ပထမပြန်စာမေးပွဲကို ဗဟန်းမြို့နယ်တွင် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ ရှင်သိရီဉာဏသည် ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်တွင် နေထိုင်သည့် ဦးမျိုးကျော်နှင့် ဒေါ်အေးအေးလွင်တို့၏ အငယ်ဆုံးသားဖြစ်ကြောင်း ရွှေကျင်တိုက်သစ်၏ အတ္ထုပတ္တိဖော်ပြချက်တွင် ဖော်ပြသည်။ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်၌ အသက် ၁၆ နှစ်အရွယ်တွင် ကိုရင်စဝတ်ခဲ့ပြီး ဇေယျဝတီစာသင်တိုက်တွင် စတင်ပညာသင်ယူခဲ့ကာ ယခုလက်ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင် ပညာသင်ယူနေဆဲဖြစ်သည်။ ရှင်သိရီဉာဏသည် ထားဝယ်ဇေယျဝတီစာပြန်ပွဲ အခြေုပြုမူလတန်းစာမေးပွဲ […]

ထိုင်းတွင် ရော်ဘာတောထဲနေသည့် မြန်မာကိုယ်ဝန်ဆောင် ဆေးရုံကားပေါ်ကလေးမွေး

Dawei Watch

May 28, 2024

ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင်တွင် မြန်မာကိုယ်ဝန်ဆောင်တစ်ဦး ဗိုက်နာလာသဖြင့် ဆေးရုံပို့စဉ် အရေးပေါ်ကားပေါ်တွင် ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်မြို့အတွင်းရှိ ရော်ဘာတောထဲတွင် နေထိုင်သော မြန်မာဇနီးမောင်နှံနှစ်ဦးသည် မေလ ၂၃ ရက်နေ့ ညသန်းခေါင်အချိန်အတွင် မခံမရပ်နိင်အောင် ဗိုက်နာလာသဖြင့် အရေးပေါ်ကားခေါ်ပြီး ဆေးရုံပို့စဉ် လမ်းတွင် ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၆ နှစ်အရွယ်ရှိ ယင်းအမျိုးသမီးနှင့် အမျိုးသားဖြစ်သူတို့မှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်အတူ ရာဘာတောထဲတွင် နေထိုင်ကြပြီး နေ့လယ်ပိုင်းမှစ၍ ဗိုက်စနာလာခြင်းဖြစ်ကြောင်း ယောက်ျားဖြစ်သူကဆိုသည်။ ဗိုက်နာနေခြင်းကြောင့် ဆရာဝန်နှင့် ပြသောအခါ ကလေးကို ဇွန်လအစောပိုင်းတွင် မွေးရန် ရက်ချိန်းပေးထားသဖြင့် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းကြရန် မှာကြားခဲ့ဟုဆိုသည်။ ညသန်းခေါင် ၁ နာရီခွဲအချိန်ခန့်တွင် မခံမရပ်နိုင်အောင် ဗိုက်နာလာသဖြင့် အရေးပေါ်ဖုန်းနံပါတ်ဖြစ်သော […]

ရခိုင်တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း အရပ်သား ၂၇၀နီးပါးသေဆုံး

Dawei Watch

May 28, 2024

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လတာကာလအတွင်း အရပ်သား ၂၆၈ဦး သေဆုံးပြီး စစ်ဘေးရှောင် ငါးသိန်းခုနစ်သောင်းကျော်ရှိလာကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ HDCO ရုံးက မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦးရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူလည်း ၄၂၅ ဦး ရှိကြောင်း ဖော်ပြပါရှိသည်။ စစ်ဘေးရှောင်ဒုက္ခသည်မှာလည်း ငါးသိန်းခုနစ်သောင်းကျော်ရှိလာပြီး ယင်းအနက် သုံးသိန်းလေးသောင်းကျော်မှာ အမျိုးသမီးများဖြစ်ကာ နှစ်သိန်းကျော်မှာ အမျိုးသားများဖြစ်ကြောင်း ဆိုသည်။ အရပ်သား သေဆုံးသူများတွင် ရခိုင်လူမျိုး ၁၈၀ကျော်၊ မွတ်ဆလင် ၈၀ နီးပါး၊ ခရစ်ယာန်နှင့် […]