ထိုင်းတွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက် ၆၀ နေထိုင်ခွင့်ရ နိုင်ငံများတွင် မြန်မာမပါ
Dawei Watch
May 30, 2024ထိုင်းနိုင်ငံတွင် လာမည့် ဇွန်လ ၁ ရက်မှစ၍ ဗီဇာမူဝါဒများ ဖြေလျှော့ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့် ပြုမည့် နိုင်ငံပေါင်း ၉၀ ကျော်စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းမရှိကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ရရှိမည့်နိုင်ငံများစာရင်းတွင် ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံများအပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ ပါဝင်လာခဲ့သော်လည်း မြန်မာ ပါဝင်လာခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံသားများအတွက် သီးသန့်ထုတ်ပြန်ချက် မရှိသေးသဖြင့် ယခင်ပုံစံအတိုင်း ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့် ၁၄ ရက်သာရဖွယ်ရှိနေသည်။ ဗီဇာဖြေလျှော့ရာတွင် မြန်မာနိုင်ငံ မပါဝင်ခြင်း အကြောင်းအရင်းကို မသိရသေးပေ။ ယခင်က ကမ္ဘောဒီးယားနိုင်ငံသားများသည် မြန်မာနိုင်ငံသားများနည်းတူ […]


