ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်မှုထမ်း ဒုတိယသုတ်တွင် လူငယ်လေးထောင်နီးပါးစုဆောင်းခံရ၊ ဖမ်းဆီးစုဆောင်းခံရသူ ကိုးရာကျော်ပါဝင်

Dawei Watch

May 31, 2024

စစ်ကောင်စီက စစ်မှုထမ်း ဒုတိယအသုတ်အတွက် လူငယ်လေးထောင်နီးပါးကို စုဆောင်းခဲ့ပြီး ယင်းအနက် လူငယ် ကိုးရာကျော်မှာ အတင်းအကျပ်ဖမ်းဆီးစုဆောင်းခံရကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က မေလ ၂၉ရက်က ထုတ်ပြန်သည်။ စစ်မှုထမ်း ပထမအသုတ်တွင် စစ်ကောင်စီက လူငယ် ငါးထောင်ကျော်ကို စုဆောင်းနိုင်ခဲ့ကြောင်းဆိုသည်။ ဒုတိယအသုတ်တွင်မူ လေးထောင်နီးပါးကိုသာ စုဆောင်းနိုင်ခဲ့ကာ ယင်းအနက် မြို့နယ် ၂၀ က လူငယ် ကိုးရာကျော်မှာ အတင်းအကျပ် ဖမ်းဆီးစုဆောင်းခံရသူများဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့ကို သင်တန်းကျောင်း ၁၆ တွင် စစ်သင်တန်းပေးခဲ့ကြောင်း ဖော်ပြသည်။ ဒုတိယအသုတ်အတွက် လူစုဆောင်းရာတွင် ပထမအကြိမ်ကဲ့သို့ မလွယ်ကူတော့ဘဲ စာရင်းတွင် ပါဝင်သည့် လူငယ် အများအပြား ထွက်ပြေးသည့်အပြင် စစ်သားစုဆောင်းမှုတွင် မပူးပေါင်းလိုသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးလည်း များလားလာခဲ့ကြောင်း BACS က […]

ဘူးသီးတောင်ထောင်က နိုင်ကျဉ်း ၃၀ကျော်ကို ကယ်ထုတ်ပြီးလွှတ်ပေးလိုက်ကြောင်း AA ပြော

Dawei Watch

May 31, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ကို ရက္ခိုင့်တပ်တော် (AA) သိမ်းယူပြီးနောက် အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၃၁ဦးကို ကယ်ထုတ်ကာလွှတ်ပေးလိုက်ကြောင်း AA က ယနေ့ မေလ ၃၁ရက်တွင် ထုတ်ပြန်သည်။ ဘူးသီးတောင်မြို့အကျဉ်းထောင်တွင် ပိတ်မိနေသည့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် အကျဉ်းသား ၉၈ ဦးကို ကယ်ထုတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခဲ့ကြောင်း ဖော်ပြသည်။ ဘူးသီးတောင်မြို့ရှိ ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးကို AA က မေလ ၁၈ ရက်တွင် သိမ်းယူနိုင်ခဲ့ပြီးနောက် မြို့ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် ဆက်သွယ်ပေးကာ မိသားစုထံသွားရန် လိုအပ်သည့် ထောက်ပံ့ငွေအချို့ကို မေလ ၂၆ရက်က ပေးခဲ့ကြောင်း AA က ဆိုသည်။ အဆိုပါအကျဉ်းသားများမှာ မိမိတို့ကျေးရွာတွင် သွားရောက်နေထိုင်နေကြပြီ […]

ထိုင်းတွင် ငါးအပုပ်နံ့အဆိပ်သင့်ပြီး မြန်မာရေလုပ်သားများအပါအဝင် ၁၀ကျော်သတိမေ့၊ လေးဦးစိုးရိမ်ရ

Dawei Watch

May 31, 2024

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်တွင် ငါးအပုပ်နံ့များမှ ထွက်လာသော ဓာတ်ငွေ့ကို ရှုမိရာမှ အဆိပ်သင့်ပြီး မြန်မာရေလုပ်သားများအပါအဝင် ငါးဖမ်းသမား ၁၁ ဦး သတိမေ့မြောခဲ့ပြီး လေးဦးမှာ စိုးရိမ်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မေလ ၃၁ ရက် နေ့လယ်ပိုင်းတွင် ထာ့စာလားဒေသရှိ လှေဆိပ်တွင် ငါးဖမ်းရာမှအပြန် ကမ်းကပ်ပြီး လှေဝမ်းဗိုက် ငါးလှောင်ကန်ထဲ ငါးများကို ရေလုပ်သားများ ဆင်းသယ်ကြစဉ် အဆိပ်သင့်ခြင်းဖြစ်သည်။ လှေပေါ်တွင် ထိုင်းနှင့် မြန်မာရေလုပ်သား ၁၀ ကျော် လိုက်ပါလာကြပြီး လှေဝမ်းဗိုက်အောက်ခြေသို့ တစ်ဦးပြီးတစ်ဦး ဆင်းကာ ငါးသယ်ထုတ်ရာမှ လှေလုပ်သား ၁၁ ဦး သတိမေ့မြောကြောင်း ဖော်ပြထားသည်။ သတိမေ့မြောရာတွင် မြန်မာလုပ်သားမည်မျှ ပါဝင်သည်ကိုမူ သီးခြားဖော်ပြထားခြင်း မရှိပေ။ ကယ်ဆယ်ရေးအဖွဲ့များက သတိမေ့မြောနေသူများကို အရေးပေါ်ကုသမှုများပေးခဲ့ပြီး ထာ့စာလားဆေးရုံသို့ […]

ထိုင်းတွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက် ၆၀ နေထိုင်ခွင့်ရ နိုင်ငံများတွင် မြန်မာမပါ

Dawei Watch

May 30, 2024

ထိုင်းနိုင်ငံတွင် လာမည့် ဇွန်လ ၁ ရက်မှစ၍ ဗီဇာမူဝါဒများ ဖြေလျှော့ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့် ပြုမည့် နိုင်ငံပေါင်း ၉၀ ကျော်စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းမရှိကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ရရှိမည့်နိုင်ငံများစာရင်းတွင် ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံများအပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ ပါဝင်လာခဲ့သော်လည်း မြန်မာ ပါဝင်လာခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံသားများအတွက် သီးသန့်ထုတ်ပြန်ချက် မရှိသေးသဖြင့် ယခင်ပုံစံအတိုင်း ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့် ၁၄ ရက်သာရဖွယ်ရှိနေသည်။ ဗီဇာဖြေလျှော့ရာတွင် မြန်မာနိုင်ငံ မပါဝင်ခြင်း အကြောင်းအရင်းကို မသိရသေးပေ။ ယခင်က ကမ္ဘောဒီးယားနိုင်ငံသားများသည် မြန်မာနိုင်ငံသားများနည်းတူ […]

ထားဝယ်တွင် ကုန်ပစ္စည်းအချို့ ဝယ်ယူရခက်ခဲ၊ ပစ္စည်းအချို့ပြတ်

Dawei Watch

May 30, 2024

ထားဝယ်-ရန်ကုန် ကားလမ်းပြတ်တောက်နေသဖြင့် ထားဝယ်မြို့တွင် စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းအချို့ ဝယ်ယူရခက်ခဲနေကြောင်း မြို့ခံအချို့နှင့် ကုန်စုံဆိုင်ပိုင်ရှင်အချို့က ပြောသည်။ စားသောက်ကုန်ထဲတွင် ဆန်နှင့် ဆီ ဝယ်ယူရခက်ခဲနေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ကျွန်မတို့ ဝယ်စားနေကျ မှော်ရှယ် ဆန်ရှည် (ဆန်လုံးရှည်) ဆို ဝယ်လို့မရဘဲဖြစ်နေတယ်” ဟု မြို့ခံ ‌အိမ်ရှင်မတစ်ဦးက ပြောဆိုသည်။ စားသောက်ကုန်များကို ကုန်သည်များက ထုတ်မရောင်းပေးခြင်းလည်း ရှိကြောင်း မြို့ခံတို့က ဆိုသည်။ “ကုန်သည်တွေက သိတဲ့အတိုင်းပဲလေ။ ထစ်ခနဲရှိရင် မရောင်းပေးတော့ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ဆိုင်ကယ်၊ ကား အပါအဝင် လျှပ်စစ်အပိုပစ္စည်းများလည်း ပြတ်လပ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ “ဆိုင်အတွက်လိုတဲ့ ပစ္စည်းတွေမှာတာ မရသေးဘူးတဲ့။ ရန်ကုန်လမ်းပွင့်မှ ရမယ်လို့ ပြောတယ်” ဟု လောင်းလုံးမြို့နယ်ရှိ ဆိုင်ကယ်ပြင်ဆိုင် […]

နယ်မှပြောင်းလာသည့် ကျောင်းသားများပြားသဖြင့် ထားဝယ်မြို့တွင် ကျောင်းအပ်ရန် အခက်အခဲဖြစ်

Dawei Watch

May 30, 2024

ယခုနှစ် ကျောင်းအပ်ရာသီတွင် ထားဝယ်မြို့ပေါ်ရှိ စာသင်ကျောင်းအချို့တွင် လက်ခံနိုင်သည့် ကျောင်းသား အရေအတွက်ထက် ကျော်လွန်သည်အထိ ‌ကျောင်းအပ်သူများပြားနေကြောင်း စုံစမ်းသိရှိရသည်။ နယ်မှ မြို့ပေါ်ပြောင်းလာပြီး ကျောင်းနေမည့်သူများမှာ ကျောင်းအပ်မရသည့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ကျောင်းသားမိဘအချို့က ပြောသည်။ “ကျွန်မဆို လေးကျောင်းရှိပြီ သွားနေတာ။ အခုထိ မရသေးဘူး။ ပုဂ္ဂလိက ကျောင်းတစ်ခုကတော့ ‌တစ်ရက်နှစ်ရက်နေရင် ဖုန်းပြန်ဆက်ပေးမယ်ပြောတယ်။ အခု အဲဒါပဲစောင့်နေတာ။ အဲဒါ မရရင်တော့ ဘယ်လိုလုပ်ရမယ် မသိသေးဘူး” ဟု သရက်ချောင်းမြို့နယ်မှ မူလတန်းကျောင်းသားမိခင် ဒေါ်ဆန်းမေက ဆိုသည်။ ယမန်နှစ်မှစပြီး စာသင်ကျောင်းများ မဖွင့်နိုင်သည့် နယ်ကျေးရွာတို့မှ ကျောင်းသားများမှာ ထားဝယ်မြို့ပေါ်ရှိ ကျောင်းများတွင် စုပြုံပြီး ကျောင်းအပ်သူများ သိသိသာသာ များပြားခဲ့သည်။ မြို့ပေါ်ရှိ ပုဂ္ဂလိကျောင်းများတွင်ပါ သတ်မှတ်ပမာဏ ပြည့်သွားသဖြင့် ‌ကျောင်းသား လက်မခံနိုင်သည့် […]

တောင်သုံးလုံးရွာသားများ စစ်ဘေးရှောင်နေချိန် နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံရ၊ အိမ်များလည်း မီးလောင်ပျက်စီး

Dawei Watch

May 30, 2024

ထားဝယ်-မေတ္တာ-ထီးခီးသွားလမ်းပေါ်က တောင်သုံးလုံးရွာတွင် စစ်ဘေးရှောင်များ၏ နေအိမ်အားလုံးနီးပါး ဖောက်ထွင်း ခံထားရပြီး နေအိမ် အများအပြားလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၂၅ ရက်ကစပြီး တောင်သုံးလုံးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNLA၊ KTLA၊ PDF တော်လှန်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၂၆ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုအချိန်ကစပြီး အိမ်ခြေ ငါးရာကျော်ရှိသည့် တောင်သုံးလုံးရွာက ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး သုံးလကျော်အကြာ မေလ ၂၇ ရက်တွင် ရွာသို့ ပြန်လာကြည့်ရာ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံထားရကြောင်း ဒေသခံတို့က ဆိုသည်။ နေအိမ်များတွင် ပစ္စည်းများ၊ အဝတ်အစားများ ပြန့်ကြဲနေကာ ညစ်ပတ်ရှုပ်ပွနေသည်ကို တွေ့မြင်ရကြောင်း တောင်သုံးလုံး ရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အိမ်ထဲမှာလည်း ထမင်းတွေ တည်(ချက်)စားထားတယ်။ […]

ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦး ထောင် ၁၀နှစ်ချမှတ်ခံရ

Dawei Watch

May 30, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦးကို စစ်ကောင်စီက မေလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ကံပေါက်ရွာ လှည်းကုန်းရပ်ကွက်တွင်နေထိုင်သည့် ဒေါ်နီလာစန်းနှင့် မင်းသားရွာတွင်နေထိုင်သည့် ဒေါ်ကေဂျာဦးတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ ည (ငွေကြေးထောက်ပံ့မှု) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ပုဒ်မနှစ်ခုဖြင့် တရားစွဲကာ ထားဝယ်ခရိုင်တရားရုံးက ထောင် ၁၀ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ပုဒ်မ ၂ခု နဲ့ ထောင်ဆယ်နှစ်ချလိုက်တာ ဟုတ်ပါတယ်” ဟု ဒေါ်ကေဂျာဦး မိသားစုဝင်တစ်ဦး ပြောကြားချက် ကိုးကား၍ မိတ်ဆွေတစ်ဦးက ပြန်လည်ပြောဆိုသည်။ ဒေါ်ကေဂျာဦးသည် ဘုရားမဲရွာ အမက မူလတန်းကျောင်းအုပ် ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်နီလာစန်းသည် လှည်းကုန်းရပ်ကွက် အမကမူလွန်တွင် အလယ်တန်းပြ […]