ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ကို မြန်မာတစ်ဦးက သတ်သည်ဟုဆို

Dawei Watch

June 4, 2024

ထိုင်းနိုင်ငံတောင်ပိုင်း တရတ်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇွန်လ ၃ ရက် နံနက်ပိုင်းက တရတ်ခရိုင် ယမ်းတားခေါင်ဒေသက အိမ်ကုန်စုံဆိုင်ထဲတွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားသည် ကုန်စုံဆိုင်တွင် ဆန်ဝယ်သည့်အချိန် ဆိုင်ပိုင်ရှင်က ငွေတောင်းစဉ် ငွေမပေးနိုင်ရာမှ အချင်းများကြကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် မြန်မာနိုင်ငံသားတွင် ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင်ကို ထိုးခဲ့ပြီး ဆိုင်ပိုင်ရှင်၏ ခင်ပွန်းဖြစ်သူကလည်း ထိုးသွင်းဒဏ်ရာရရှိထားသဖြင့် ဆေးရုံတင်ထားရကြောင်း ထိုင်းသတင်းဌာနက ရေးသားထားသည်။ ဇနီးဖြစ်သူ ဓားဖြင့် အထိုးခံရပြီး အော်ငိုသံကြားရသဖြင့် ထွက်လာကြည့်ရာမှ မြန်မာနိုင်ငံသားနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၎င်းကိုယ်တိုင်ရောမြန်မာနိုင်ငံသားတွင်ပါ ဓားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်အမျိုးသားက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထား သည်။ အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသောအခါ […]

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်၊ ဒဏ်ရာရသူများကြောင်း ကနဦးသိရ

Dawei Watch

June 4, 2024

ထားဝယ်မြို့အဝင်တွင်ရှိသည့် အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း တွင် ယနေ့(ဇွန် ၄) နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ နေလယ်ပိုင်းထမင်းစား လွှတ်ပြီးနောက် ကျောင်း ပြန်မတက်မီအချိန်တွင် ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများလည်း ထိခိုက်မှုရှိသည်ဟု သိရကြောင်း ‌မြို့ခံတစ်ဦးကပြောသည်။ ” မနက် ကျောင်းဆင်းချိန် နဲ့ နေ့လယ်ကျောင်းတက်ချိန်ကြားမှာဖြစ်တာ” ဟု ၎င်းကပြောသည်။ ယနေ့ မွန်းလွဲ ၁ နာရီ အချိန် ‌Dawei Watch ၏ ဆက်သွယ်မေးမြန်းချက်အရ ကျောင်းသားများ ထိခိုက်မှုများပြီး အရေးပေါ်ကားများလည်း အခေါက်ပေါင်းများစွာ လူနာလာသယ်နေကြကြောင်း ဒေသခံကပြောသည်။ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားပါမည်။

ထားဝယ်မြို့ပေါ် စာသင်ကျောင်း ပေါက်ကွဲမှု ကျောင်းသားတစ်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရ

Dawei Watch

June 4, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်တွင်ရှိသော အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ ဇွန်လ ၄ ရက် နေ့လယ်ပိုင်း က ပေါက်ကွဲမှုဖြစ်ရာ တတိယတန်းကျောင်သားတစ်ဦး သေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ နေ့လယ်ပိုင်း ထမင်းစားနားချိန် ကျောင်းသား အချို့သည် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ဟု ယူဆရသည့်အရာကို ဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ကျောင်းအနားကပဲ တွေ့လာတယ်လို့ပြောတယ်။ ကျောင်းဝရံတာ အင်္ဂတေ အခင်းပေါ် ကျပြီးပေါက်ကွဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ သို့သော် Dawei Watch အနေဖြင့်မူ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၁၅ […]

တိုက်ပွဲဖြစ်ခဲ့သည့် ကနက်သီရိနှင့် ကျွဲမင်းကုန်းရွာတွင် ရုပ်အလောင်း ၁၀လောင်းတွေ့၊ အိမ် ၅၀ ကျော်မီးလောင်ပျက်စီး

Dawei Watch

June 4, 2024

တိုက်ပွဲများဖြစ်ပွားခဲ့သည့် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာနှင့် ကျွဲမင်းကုန်းရွာတွင် ရုပ်အလောင်း ၁၀လောင်း တွေ့ရှိပြီး နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးကြောင်း ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။ မေလ ၁၄ ရက်မှ ၂၀ ရက်အထိ ကနက်သီရီရွာတွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာချိန် ကျွဲမင်းကုန်းရွာတွင်လည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် မေလ ၂၇ ရက်နောက်ပိုင်းတွင် ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ရွာထဲသို့ ဝင်ရောက်ရှင်းလင်းရာ ကနက်သီရိကျေးရွာတွင် ရုပ်အလောင်း ရှစ်လောင်းတွေ့ရပြီး နေအိမ် ၄၈ လုံး မီးလောင် ပျက်စီးနေသည်ကိုတွေ့ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတို့က […]

စစ်တွေ ဗျိုင်းဖြူရွာတွင် အရပ်သား ၅၀ကျော် သတ်ဖြတ်ခံရကြောင်း AA ပြော

Dawei Watch

June 3, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် အရပ်သားပြည်သူ ၅၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ အင်အား ၁၇၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၂၉ ရက်တွင် အိမ်ခြေ ထောင်ဂဏန်းရှိသည့် ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး ကလေး၊ လူကြီး၊ အမျိုးသမီးမကျန် ရွာသူ ရွာသားအားလုံးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ထို့နောက် လက်နောက်ပြန် ကြိုးတုပ်ပြီး နေပူလှန်းခြင်း၊ အစာရေစာ မပေးဘဲထားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း AA က ဆိုသည်။ ဖမ်းဆီးထားသည့် ရွာသူ၊ ရွာသားများအနက် ၅၃ဦးကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပြင် ပြည်သူထောင်နဲ့ချီကို […]

ကံပေါက်ဒေသခံငါးဦး အကြမ်းဖက်ပုဒ်မဖြင့်ထောင်ချခံရ၊ မေလအတွင်း ထောင်ချခံရသူကိုးဦးအထိရှိလာ

Dawei Watch

June 3, 2024

ရေဖြူမြို့နယ်၊ ကံပေါက်၊ အုန်းပင်ကွင်းနှင့် ဖောင်းတောရွာတို့တွင်နေထိုင်သည့် ဒေသခံအမျိုးသား သုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ကြောင်း ၎င်းတို့၏ မိသားစုနှင့် ရင်းနှီးသူများက ပြောသည်။ မေလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ်များချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကံပေါက်ဒေသ၊ လှည်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ရတနာ-ဇောတိကစီမံကိန်း၏ ယာဉ်မောင်းဖြစ်သူ ဦးကိုနိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့ဖြင့် မေလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀နှစ်ချကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ဆိုသည်။ “ဆရာမတွေနဲ့ အတူတူပဲ တစ်ရက်တည်းအမိန့်ချလိုက်တယ်။ ထောက်ပို့လုပ်တဲ့အမှုနဲ့ ထောင်ချလိုက်တာပါ” ဟု ၎င်းက ပြောသည်။ အဆိုပါနေ့တွင် ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦးဖြစ်သည့် […]

ထားဝယ်-မောင်မယ်ရှောင်လမ်းပိုင်းတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရ၊ အမျိုးသားတစ်ဦးသေ

Dawei Watch

June 2, 2024

ထားဝယ်မြို -မောင်မယ်ရှောင် လမ်းပိုင်းတစ်နေရာတွင် ဇွန်လ ၁ ရက်နေ့က ရေဖြူဘက်မှ မောင်းလာသည့် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ သေဆုံးသူမှာ စစ်ကောင်စီတပ်ရင်းတစ်ခုမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးဖြစ်ကြောင်း တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောဆိုကြသည်။ အဆိုပါအိမ်စီးကားမှာ ရေဖြူဖက်မှ ထားဝယ်ဖက်သို့ မောင်းနှင်လာပြီး မောင်မယ်ရှောင်ရွာအထွက် လမ်းပိုင်းတစ်နေရာတွင် ကားတစ်စီးလုံးမှာသေနတ်ကျည်ဆန် ပေါက်များစွာဖြင့် သစ်ပင်တိုက်ကာ တိမ်းမှောက်နေသည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ အဆိုပါအိမ်စီးကားပေါ်လိုက်ပါလာသည်ဟု ယူဆရသည့်အသက် ၄၀ အရွယ်ရှိအမျိုးသားမှာ လမ်းပေါ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေရကြောင်း ဒေသခံခရီးသွားတစ်ဦးကပြောသည်။ “ကားက သစ်ပင်တိုက်ပြီး မှောက်နေတယ် လူကတော့ အပြင်မှာ သေနေတာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။ သို့သော် သေဆုံးသူမှာ စစ်ကောင်စီ အရာရှိ ဟုတ်မဟုတ်နှင့် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည်ဆိုခြင်းကို […]

ကလိန်အောင် – ရေဖြူလမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွား

Dawei Watch

June 2, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာ အခြေစိုက် ခမရ ၄၀၈ တပ်ရင်းအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၃၁ ရက်က ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ကလိန်အောင် ဒေသခံများထံကသိရသည်။ ကလိန်‌အောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရွှေဘီလုံးအဖွဲ့ နှင့် KTLA ၊ DNLA တပ်ဖွဲ့များ က ကလိန်အောင်-ရေဖြူလမ်းပိုင်း၌ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင် ပစ်ခတ်ခဲ့၍ ပူးပေါင်းတပ်ဖွဲ့များ ၄ဝ မမလေးလုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ယနေ့ (ဇွန်၂) တွင် သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ” သောကြာနေ့က PDFတွေ လမ်းပိုင်းစစ်ဆေးနေလို့ ကျောက်ရှပ် ၊နွယ်လီ […]