ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ ညောင်ပင်ကွင်းတံတားပေါ်တွင် စစ်ကောင်စီတပ်သားတစ်ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံး

Dawei Watch

June 7, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် တံတားပေါ်တွင် ယနေ့ ဇွန်လ ၇ ရက် နံနက်တွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်း တစ်လောင်း တွေ့ရကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူသည် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းက အသက် ၂၉ အရွယ် တပ်သားစိုင်းကို ဆိုသူ ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ အလောင်းမတွေ့မီညက တံတားဘက်မှ သေနတ်သံတစ်ချက်ကြားရကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ဒဏ်ရာက တစ်ချက်ပဲ။ ပါးစပ်ကနေ ခေါင်းအနောက်ဘက် ပွင့်ထွက်နေတယ်” ဟု ရုပ်အလောင်းကို မျက်မြင်တွေ့ရသူ တစ်ဦးက ပြောသည်။ ပစ်ခတ်မှု မည်ကဲ့သို့ ဖြစ်ပွားခဲ့သည်ကို တိတိကျကျ မသိရသေးပေ။ ညောင်ပင်ကွင်းတံတားတွင် ခမရ ၅၆၁ […]

သတ်မှတ်ဈေးအတိုင်းရောင်းရန် ထားဝယ်ရွှေဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက ခေါ်ယူခြိမ်းခြောက်

Dawei Watch

June 7, 2024

အခေါက်ရွှေဈေးကို ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာ ရောင်းချရန် ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ကို စစ်ကောင်စီက ခေါ်ယူပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၆ ရက် နံနက်က ထားဝယ်မြို့ရှိ ရွှေဆိုင် ၁၅ ဆိုင်ခန့်ကို ခေါ်ယူပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၈ သိန်းဖြင့်သာ ရောင်းချရမည်ဟု ပြောဆိုခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ်ကျော် ပေါက်ဈေးရှိနေချိန် စစ်ကောင်စီ ဩဇာခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ကျပ် ၄၈ သိန်းစွန်းစွန်း သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ရွှေဆိုင်အားလုံးနီးပါးက ဇွန်လ ၅ ရက်နေ့မှစတင်ကာ အခေါက်ရွှေဈေး မဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထား ကြသည်။ ရွှေဈေးကစားသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် ၎င်းတို့ […]

အန္တရာယ်ဖြစ်နိုင်သည့်လက်နက်များအကြောင်း ပညာပေးပိုစတာ စာသင်ကျောင်းများတွင် စိုက်ထူမည်

Dawei Watch

June 7, 2024

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် ပေါက်ကွဲ‌စေတတ်သည့် ဗုံးအပါအဝင် စစ်ကျန်လက်နက်များအကြောင်း ပညာပေးပိုစတာများ စိုက်ထူရန် စီစဉ်နေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဇွန်လ ၄ ရက်နေ့က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် စစ်ကျန်ဗုံးပေါက်ကွဲခဲ့ပြီး တတိယတန်း ကျောင်းသားတစ်ဦးသေဆုံးကာ အခြား ကျောင်းသူ၊ ကျောင်းသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကျန်လက်နက်များအကြောင်း ပညာပေးပိုစတာများ စိုက်ထူရန် စီစဉ်လာခြင်းဖြစ်သည်။ “ပေါက်ကွဲတတ်တဲ့ လက်နက်တွေနဲ့ပတ်သတ်တဲ့ ပညာပေး ပိုစတာတွေထုတ်ပြီး ကပ်မလို့ စီစဉ်နေတယ်။ အခုပုံတွေ ထုတ်မလို့ လုပ်‌နေတယ်” ဟု တိုင်းပညာရေးမှူး ဦးဝင်းနောင်က ပြောသည်။ ပေါက်ကွဲစေနိုင်သည့် လက်နက်များနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ဆရာ၊ ဆရာမများကို ကြိုတင်ပညာပေး အစီအစဉ်လုပ်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ […]

ဖမ်းဆီးခံရသည့် လမိုင်းလူငယ်ပရဟိတ ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်ငါးဦး ပြန်လွတ်

Dawei Watch

June 7, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည့် လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးတို့ ဇွန်လ ၆ရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူတို့ ထံမှ သိရသည်။ လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးတို့ကို ရေးအခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၈၈ တပ်ရင်းက မေလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ “မနေ့က ညနေပိုင်းမှာ သူတို့ ပြန်လွတ်လာတယ်။ သူတို့ကို အဲဒီ ၅၈၈ တပ်ရင်းမှာပဲ ထားထားတယ်လေ။ ဖမ်းထားတဲ့ အချိန်မှာ ကောင်းကောင်းမွန်မွန်ပဲ ထားထားတယ်လို့ပြောတယ်” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသည့် စစ်ကောင်စီ ခမရ-၅၈၈ တပ်ရင်းက အရာရှိတစ်ဦးကို လမိုင်းလူငယ်ပရဟိတအသင်းက လမိုင်းဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ […]

ထိုင်းတွင် ဆေးရုံတက်နေသည့် မြန်မာတစ်ဦးပစ်သတ်ခံရ

Dawei Watch

June 7, 2024

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသရန် ဆေးရုံတက်နေသော မြန်မာအမျိုးသားတစ်ဦး ယနေ့ ဇွန်လ ၇ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယနေ့ နံနက် ၁ နာရီခန့်တွင် ခွန်ကယ်ပြည်သူ့ဆေးရုံကြီး၏ အမျိုးသား ခွဲစိတ်လူနာဆောင်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် ကိုကျော်စွာအောင် အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ဦးခေါင်းကို ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ပစ်ခတ်ခံရပြီးနောက် ဆေးရုံဝန်ထမ်းများက အရေးပေါ်ဆေးကုသပေးခဲ့သော်လည်း ခဏအကြာတွင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားသည် နောက်ကျောတွင် အကျိတ်တွေ့ထားသဖြင့် ခွဲစိတ်ရန် ဇွန်လ ၅ရက်က ဆေးရုံတက်နေခြင်း ဖြစ်ပြီး ခွဲစိတ်ရန် စောင့်နေစဉ် ပစ်သတ်ခံရကြောင်း ၎င်း၏ ထိုင်းနိုင်ငံသား ချစ်သူက […]

လမိုင်းပရဟိတအဖွဲ့၏ ဥက္ကဋ္ဌအပါအဝင်ငါးဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထားပြီး ကိုးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

June 6, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့က လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံတို့က ပြောသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသည့် ရေးအခြေစိုက်စစ်ကောင်စီ ခမရ-၅၈၈ တပ်ရင်းက အရာရှိတစ်ဦးကို လမိုင်းလူငယ် ပရဟိတအသင်းက မေလ ၂၉ ရက်တွင် လမိုင်းဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ် ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က ပိတ်ဆို့စစ်ဆေးခဲ့ပြီး အဆိုပါ စစ်တပ်အရာရှိကို ဖမ်းဆီးသွားခဲ့သည်။ ထိုဖြစ်စဉ်ဖြစ်ပြီးနောက် အဆိုပါနေ့တွင်ပင် လူနာပို့ဆောင်ခဲ့သည့် လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင် သုံးဦးတို့ကို ခမရ- ၅၈၈ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ခမရ ၅၈၈ က ဒဏ်ရာရထားတဲ့ အရာရှိကို လမိုင်းလူငယ်ပရဟိတက မော်လမြိုင်ကို ပို့ဖို့အသွား လမ်းမှာ တော်လှန်ရေး […]

မြိတ်တွင် ရွှေဆိုင်လုယက်သူ ပစ်ခတ်ဖမ်းဆီးခံရပြီးသေဆုံး၊ လုယက်သူမှာ ရွှေဆိုင်ပိုင်ရှင်၏သားဖြစ်နေ

Dawei Watch

June 6, 2024

မြိတ်မြို့ရှိ ဟိုပါဂရိတ်ရွှေဆိုင် ယနေ့ ဇွန်လ ၆ ရက် နံနက်ပိုင်းက ရွှေလုယက်ခံရပြီး လုယက်သူကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း မြို့ခံတို့က ပြောသည်။ လုယက်သူမှာ ရွှေဆိုင်ပိုင်ရှင်၏ သားအရင်းဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ ဆိပ်ငယ်ဈေးမြောက်ဘက် နာရီစင်လမ်းပေါ်ရှိ ဟိုင်ပါဂရိတ်ရွှေဆိုင်၏ ပိုင်ရှင်သည် ယနေ့ နံနက်ပိုင်းတွင် ဆိုင်ဖွင့်ရန် ရောက်ရှိလာစဉ် ငရုတ်သီးမှုန့်ဖြင့်ပတ်ကာ ရွှေထည်များကို လုယက်သွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောဆိုသည်။ လုယက်ထွက်ပြေးသူကို မြိတ်တနင်္သာရီလမ်းပေါ်ရှိ ကြေးနန်းတိုင်တံတား (ခေါ်) ပသောင်းတံတားအနီး ဘန်နက်ရွာ တွင် စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းရာ လုယက်သူ သေဆုံးသွားကြောင်း မြို့ခံတို့က ပြောသည်။ “သူသားက ဆေးကြောင်နေတယ်လို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြိတ်မြို့တွင် […]