တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း မနက်ဖြန်ထွက်မည်
Dawei Watch
June 10, 2024တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း မနက်ဖြန်ထွက်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၁ ရက် နံနက် ၆ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သလို သက်ဆိုင်ရာ စာစစ်ဌာနများတွင်လည်း အောင်စာရင်းများကို ကပ်ထားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဦးဝင်းနောင်က ပြောသည်။ “ဝက်ဘ်ဆိုက်ကလည်းကြေညာမယ်၊ စာစစ်ဌာနကျင်းပတဲ့ ကျောင်းတွေမှာလည်း ကပ်ထားပေးမယ်” ဟု ၎င်းက ဆိုသည်။ တနင်္သာရီတိုင်းတွင် ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၉၉၄ ဦး၊ ကျောင်းသူ ၁၆၄၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စုစုပေါင်းဝင်ရောက်ဖြေဆိုသူ ၂၆၃၅ ဦးရှိပြီး ထိုအထဲတွင် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ ၆၃၄ […]


