ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဘောလုံးပွဲ ထိုင်းကော့တောင်ကျွန်းတွင် ပြုလုပ်

Dawei Watch

June 1, 2024

ထိုင်းနိုင်ငံ ၊ ကော့တောင်ကျွန်းတွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေ ဘောလုံးပွဲကို မေလ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ ကော့တောင်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ပါဝင်သည့် ဘောလုံးအသင်း ၁၅ သင်းတို့က Koh Tao Athletic Sport Complex အားကစားကွင်းတွင် တစ်ရက်တည်း ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ ဘောလုံးအသင်းတစ်သင်းလျှင် အသင်းဝင်ကြေးအဖြစ် ဘတ် ၃၅ဝဝ ထည့်ဝင်ရပြီး ယင်းထည့်ဝင်ငွေကို စစ်ဘေးရှောင်ရန်ပုံငွေအတွက် အသုံးပြုမည်ဟု ပွဲစီစဉ်သူများထံက သိရသည်။ စစ်ဘေးရှောင်ရန်ပုံငွေအတွက် ဘတ် ၂ဝဝ တန် ကံစမ်းမဲလက်မှတ်များကို ရောင်းချခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ပထမဆု မော်တော်ဆိုင်ကယ်အပါအဝင် ဆုမဲအမျိုးအစား သုံးဆယ်ကျော်ကို ကံစမ်းမဲဖွင့်မည်ဖြစ်သည်။ ယခုကျင်းပသည့် ဘောလုံးပွဲမှာ ကော့တောင်ကျွန်းတွင် တတိယအကြိမ်ကျင်းပသည့် ရန်ပုံငွေဘောလုံးပွဲဖြစ်ပြီး […]

မြိတ်နှင့်ကော့သောင်းတွင် မိုးသည်း၍ သစ်ပင်များကျိုးကျ

Dawei Watch

June 1, 2024

မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် မေလ ၃၁ ရက် က မိုးသည်းထန်စွာရွာသွန်းသဖြင့် သစ်ပင်များကျိုးကျကာ နေအိမ်တစ်လုံးသစ်ကိုင်းပိခြင်းနှင့် လမ်းပိတ်ဆို့ခြင်း များဖြစ်ခဲ့ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ကော့သောင်းမြို့ ၊ အဏ္ဏဝါရပ်ကွက် ပြည်တော်‌ေအးဘုရားအနီးတွင် မေလ ၃၁ ရက် မနက်ပိုင်းက ပျဉ်ထောင်သွပ်မိုးနေအိမ်တစ်လုံးပေါ်သို့ သရက်ပင်ကျိုးကျကာ ပိမိခဲ့ပြီး မီးသတ်တပ်ဖွဲ့များက သွားရောက်ရှင်းလင်းပေးခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့ထံကသိရသည်။ မြိတ် နှင့် ကျွဲကူးကားလမ်းမပေါ်ရှိ စန္ဒဝတ်ကျေးရွာအုပ်စု ၊ ရွှေပေးရွာတွင်လည်း မေလ ၃၁ ရက် နေ့လယ်ပိုင်းက ညောင်ပင်တစ်ပင် လဲကျကာ ကားလမ်းပိတ်နေသဖြင့် သွားရောက်ရှင်းလင်းခဲ့ရကြောင်း မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ” မနေ့က မနက် ၁၁ လောက်ကတည်းကစရွာတယ် ။တစ်နေကုန်ရွာတယ်။ လေလည်းတိုက်တယ်။ အခုမနက်ကတော့ […]

ထားဝယ်တွင် စားသောက်ကုန်များ စျေးတက်

Dawei Watch

June 1, 2024

ကျပ်ငွေတန်ဖိုး ထိုးကျမှု၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ထားဝယ်စျေးကွက်တွင် ယခုရက်ပိုင်းအတွင်း စားသောက်ကုန်များ စျေးတက်နေပြီး ပစ္စည်းပြတ်လပ်မှုများလည်းရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ မေလ ၃၀ရက်တွင် ယိုးဒယား ပုစွန်ဆီတစ်လီတာတစ်ဘူး ကျပ်ကိုးရာ စျေးတက်လာပြီး ဆန်တစ်အိတ်လျှင် ကျပ်ခုနစ်ထောင် စျေးတက်လာကြောင်း ထားဝယ်မြို့ရှိ စားသောက်ကုန်စည် လက်လီ၊ လက်ကားရောင်းဝယ်ကြသူများက ပြောသည်။ ယခင်အပတ်က ယိုးဒယား ပုစွန်ဆီတစ်လီတာလျှင် ၅၇၀၀ ကျပ် စျေးရှိပြီး မေလ ၃၀ ရက်မှစတင်ပြီး ၆၆၀၀ကျပ် စျေးဖြစ်သွားသည်။ ထို့အတူ ယိုးဒယား ပဲဆီ တစ်လီတာတစ်ဘူးလျှင် ယခင်အပတ်က ၆၁၀၀ ကျပ်သာ စျေးရှိရာမှ မေလ ၃၀ ရက်နေ့ကစပြီး ၇၀၀၀ကျပ် ဖြစ်သွားသည်။ “အဓိက (ထိုင်းဘတ်) ငွေလွှဲဈေးတက်တော့ ပစ္စည်းတွေပါ လိုက်ပါတက်ရတဲ့ သဘောရှိတယ်” ဟု […]

စစ်ဘေးရှောင်တစ်ဦးနှင့် တော်လှန်ရေးရန်ပုံငွေ ထီထိုးသူတစ်ဦးတို့ ထိုင်းထီ ဘတ် ၆ သန်းစီပေါက်

Dawei Watch

June 1, 2024

ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်လိုက်သော ထိုင်းထီတွင် အမြင့်ဆုံးဆုဖြစ်သည့် ပထမဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသားနှစ်ဦးက ကံထူးခဲ့သွားကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၅၃၀၅၉၃ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသားနှစ်ဦးက သီးခြားစီပေါက်ကြခြင်းဖြစ်သည်။ ပထမတစ်ဦးမှာ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် မကြာသေးမီက ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသား မောင်နှမနှစ်ဦးဖြစ်ပြီး ပြည်တွင်းစစ်ပွဲများကြောင့် ရှောင်ပြေးလာသော စစ်ဘေးရှောင်များဖြစ်ကြကြောင်း အဖွဲ့ထံမှ သိရသည်။ ပထမဆုထီလက်မှတ်ကို ယနေ့ ထီဖွင့်ခါနီး ညနေပိုင်းတွင်မှ လျော့ဈေး ဘတ် ၈၀ ဖြင့် လာရောက်ရောင်းချခဲ့သဖြင့် မောင်နှမနှစ်ဦးက ဝယ်ယူထားခဲ့ရာမှ ဘတ် ၆ သန်းပေါက်ခဲ့ကြောင်း အဖွဲ့ထံမှ […]

တနင်္သာရီတွင် ဘက်ပြောင်းခိုလှုံသည့် ပျူစောထီးတစ်ဦးကို ကျပ်သိန်းခြောက်ဆယ်ချီးမြှင့်

Dawei Watch

June 1, 2024

တနင်္သာရီမြို့နယ်ရှိ မြိတ်ခရိုင် တပ်ရင်း-၂ ထံ လက်နက်ဖြင့် ဘက်ပြောင်းခိုလှုံလာသည့် ပျူစောထီးတစ်ဦးကို ထောက်ပံ့ငွေကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း အထက်ပါ တပ်ရင်းထံမှ သိရသည်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာရှိ ၅၆၁ တပ်ရင်းအောက်တွင် ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းကပင် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပြီး ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်ကြောင်း မြိတ်ခရိုင်၊တပ်ရင်း-၂ မှ ရဲဘော်တစ်ဦးက ပြောသည်။ လုံခြုံရေးအခြေအနေအရ ဘက်ပြောင်းခိုလှုံလာသည့်အကြောင်းကို ဇွန်လ ၁ရက်နေ့မှသာ တရားဝင်ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပြီး အချက်အလက် အသေးစိတ်ကိုမူ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ အထက်ပါ ပျူစောထီး ဘက်ပြောင်းခိုလှုံလာရာတွင် AK မောင်းပြန်ရိုင်ဖယ် ၁လက်၊ ကျည်ဘောက် ၂ခု၊ ကျည် ၁၁၈ တောင့်ကို ပါယူဆောင်လာကြောင်း မြိတ်ခရိုင် […]

ထားဝယ် ဝကုန်းရွာဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ

Dawei Watch

May 31, 2024

ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ်သည် မေလ ၃၀ ရက် ညပိုင်းက ကင်းမွန်းချုံရွာဘက်ကို ရောက်ရှိလာပြီး ယနေ့ မေလ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် ဝကုန်းရွာ ၂၃ မိုင်ကို ရောက်ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ ခန့်မှန်းအင်အား ၂၀၀ ခန့်ဖြင့် စစ်ကားများဖြင့်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဝကုန်းရွာက ဒေသခံ ငါးဦးနှင့် လိပ်ကြယ်ပြောင်ရွာက ဇနီးမောင်နှံနှစ်ဦးကို ၂၃ မိုင်အနီးတွင် ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု ကြားသိရကြောင်း ဝကုန်းရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အဲဒီစစ်တပ်က ဒီဘက်ကို ရောက်နေတာ သုံးလေးရက်ရှိပြီ။ ဝကုန်းရွာဘက်ကို ဆက်မထိုးလာဘဲ ကြားမှာ အစပျောက် […]

စံချိန်တင်တက်ခဲ့သည့် အခေါက်ရွှေ တစ်ကျပ်သားကို နှစ်သိန်းခွဲနီးပါး ပြုတ်ကျ

Dawei Watch

May 31, 2024

ရွှေသမိုင်းတစ်လျှောက် စံချိန်တင်တက်ခဲ့သည့် အခေါက်ရွှေဈေးသည် ယနေ့(မေ၃၁)ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ်နှစ်သိန်းခွဲနီးပါး ပြန်ကျသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယမန့်နေ့က တစ်ကျပ်သားလျှင် ၅၈ သိန်းကျော်(၅၈၂၀၀၀၀ ကျပ်) ဈေးဖွင့်ထားရာက ယနေ့နံနက်ပိုင်းတွင် ၅၆ သိန်းနီးပါး(၅၅၈၀၀၀၀ ကျပ်)သာ ပေါက်ဈေးရှိတော့ကြောင်း ထားဝယ်ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်း ပြန်ကျလာသည့်အတွက် ပြည်တွင်းရွှေဈေး ပြန်ကျသွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးမှုများရှိသဖြင့် ရွှေစျေးကွက်တွင် အရောင်းအဝယ် မလုပ်ဘဲ စျေးကွက်ပိတ်ထားသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ယခုစျေးကျသွားခြင်းမှာ စစ်ကောင်စီဖမ်းဆီးမှုကြောင့်ထက် ကမ္ဘာ့ရွှေစျေးကျဆင်းမှုနှင့် ကန်ဒေါ်လာငွေလဲနှုန်းကျသွား၍သာ စျေးကွက်သဘောအရဖြစ်ခြင်းဖြစ်ကြောင်း စျေးကွက်လေ့လာသူများကဆိုကြသည်။ ယနေ့ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၂၃၄၃ ဒေါ်လာဝန်းကျင်ဈေးဖွင့်ထားပြီး မေလ ၂၉ ရက်နေ့ကမူ ၂၃၆၀ ပေါက်ဈေးရှိခဲ့သည်။ အမေရိကန်ဒေါ်လာငွေလဲနှုန်းလည်း ကျရိပ်ပြလာပြီး […]

မြိတ်တွင် မနက်ဖြန် လျှစ်စစ်ဓာတ်အား ယာယီပြတ်မည်

Dawei Watch

May 31, 2024

မြိတ်မြို့တွင်း ရပ်ကွက်များနှင့် မြို့သစ်ရပ်ကွက်များတွင် ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ လျှစ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း Petrol & Trans ကုမ္ပဏီကထုတ်ပြန်ထားသည်။ မြိတ်မြို့နယ်တွင်း လျှစ်စစ်အားဖြန့်ဖြူးပေးနေသည့် ဒီဇယ်အင်ဂျင်၏ မိန်းဆာ့ကစ်ဘရိတ်ကာ တစ်လုံးလဲလှယ်ရန်ရှိသည့်အတွက်ကြောင့် နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ မြို့တွင်းဧရိယာတစ်ခုလုံး တစ်နာရီကြာ ဓာတ်အားပြတ်တောက်မည်ဖြစ်သည်။ ယင်းအပြင် မိုးဦးကျရာသီတွင် လျှစ်စစ်အန္တရာယ်ကင်းရှင်းရေး ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် အပင်များကို ခုတ်ထွင်ရှင်းလင်းရန်ရှိသည့်အတွက်ကြောင့် မြို့သစ်ဖီဒါဧရိယာတွင် ယာယီဓာတ်အားပြတ် တောက်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ထို့ကြောင့် ဇွန်လ ၁ ရက်နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ မြိတ်မြို့၊ မြို့သစ်ဖီဒါဧရိယာအတွင်းရှိသော မွန်စုရပ် ၊တရုတ်တန်းရပ်၊ ဘုရားကိုင်ရပ်၊ […]