Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့အဝင်ဂိတ်တွေမှာ ငွေကြေးပေးဖို့မလိုဘူးလို့ စာကပ်ထားပေမဲ့ ငွေပေးပြီးသွားလာနေရတဲ့ အကြောင်း
- ထိုင်းကို တရားမဝင်လာတဲ့ မြန်မာတွေကိုတင်လာတဲ့ကားမှောက်လို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းတဲ့ အခြေအနေ
- မွန်လွှတ်တော် လုံခြံရေး ရဲတပ်ဖွဲ့ဝင်ကို ရောင်းစားသူတွေကို လူကုန်ကူးမှုအပါအဝင် ရာဇသတ်ကြီးပုဒ်မတွေနဲ့ အမှုဖွင့်တဲ့ သတင်း
- ပွဲစားခ ဘတ်နှစ်သောင်းစီပေးပြီးဝင်လာတဲ့ မြန်မာ ၂၀ နီးပါး ထိုင်းမှာ အဖမ်းခံရတဲ့ အကြောင်း
- အပစ်ရပ်သဘောတူညီချက် အမေရိကန်နဲ့ အီရန် ထုတ်ပြန်ချက်ကွဲလွဲတဲ့ အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






